Showing posts with label ပြစ်စာမဟုတ်ပါ တိုင်ကြားစာ. Show all posts
Showing posts with label ပြစ်စာမဟုတ်ပါ တိုင်ကြားစာ. Show all posts

Sunday, June 28, 2015

ပြည်သတင်း သို့ ပေးပို့သည့်စာ

Leave a Comment
ပြည်သတင်း သို့ ပေးပို့သည့်စာ

ပြည်မြို့ ဘိုးဘွားရိပ်သာလမ်းကြားရှိ ကျားနှစ်ကောင်အရက်ချက်စက်ရုံရှိကားကြီးများဝင်းထွက်သွားလာမူ့ကြောင့်မိုးတွင်းကာလလမ်းများပျက်စီး၍ ရပ်ကွက်သူရပ်ကွက်သားများ ကျေနပ်မူ့မရှိ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လျှပ်စစ်တာဂွရပ် ကွက်အပိုင်း ဘိုးဘွားရိပ်သာလမ်းကြားရှိ ကျားနှစ်ကောင်အရက်ချက်စက်ရုံကားများဝင်ထွက်သွား လာမူကြောင့်ရပ်ကွက်လမ်းမှာ ဆိုးရွာစွာပျက်စီးလာ ကြောင်းရပ်ကွက်နေသူများထံမှသိရှိရသည်။အဆိုပါလမ်းပျက်စီးလာမူ့နှင့်ပက်သက်၍ ရပ်ကွက်သားတဦး က " လမ်းတွေကအရင်ကထက်ပျက်စီးလာပြီ မိုးတွင်းကာလဆိုတော့ပိုဆိုးလာတာပေါ့ စက်ရုံအနေနဲ့ ဘာမှပြင်ဆင်ပေးမူ့မရှိဘူး ဒီပုံစံအတိုင်းဆိုစက်ရုံတွေ ရပ်ကွက်ထဲမှာမရှိသင့်ဘူး ကိုယ်ကျိုးပဲကြည့်ပြီး ရပ်ကွက်အကျိုးမကြည့်တာ ရပ်ကွက်အနေနဲ့လက်မခံ နိုင်ပါဘူး ကျနော်တို့အရင်တုန်းကကလေးတွေအန္တရယ် မဖြစ်အောင်အကုန်ကျခံလုပ်ထားတဲ့ slow down ကိုလည်းမြေဖို ပြီးဖုံးပစ်တယ် ရပ်ကွက်နဲ့လည်းဆက် ဆံရေးအဆင်မပြေဘူးဆိုရင်တော့စက်ရုံကိုကျနော်တို့ ရပ်ကွက်မှာ မထားတာကောင်းမယ်" ဟုပြောကြားခဲ့သည်။ အဆိုပါကျားနှစ်ကောင်စက်ရုံပိုင် ရှင်မှာ မြန်မာနိုင်ငံအနှံ့အပြားတွင် အရက်ချက်စက်ရုံ (၈)ရုံခန့်ရှိနေသည်။

Read More...

Tuesday, May 26, 2015

သာသနာ့မြေအား ကျုးကျော်၍မြေများတူးဖော် ရောင်းချခြင်း

Leave a Comment

သို့
ဥက္ကဌ
ရပ်/ကျေး သံဃနာယကအဖွဲ့(ရွှေကျင်)
ရွာဘဲရပ်ကွက် ပြည်မြို့

                                   ရက်စွဲ ၂၀၁၅ ခုနှစ် မေလ(၂၅)ရက်
အကြောင်းအရာ။            ။သာသနာ့မြေအား ကျုးကျော်၍မြေများတူးဖော်
ရောင်းချခြင်း

အထက်ပါကိစ္စနှင့်ပက်သက်၍ ဦးကံညွန့်(မဟာမေဃဝန်ကျောင်းအနီးနေ သူ) သည် ဝိဝေကတောရကျောင်းပိုင် သာသနာ့မြေအား ကျုးကျော်ခြင်း၊သစ်
ဝါးများခုတ်ခြင်း၊မြေကြီးများတူးဖော်ရောင်းချခြင်းများပြုလုပ်နေပါသဖြင့် အာ ဏာပိုင်အဖွဲ့အစည်းနှင့်တိုင်းသံဃနာယကအဖွဲ့မှ တားမြစ်ပေးပါရန် ရိုသေ
စွာလျှောက်ထားအပ်ပါတယ်ဘုရား၊



                                                               ဦးက္ကန္ဒာသီရိ(ဝိဝေကတောရ)
                                သာသနာဝင်စီစစ်ရေးကဒ်ပြား ၇/ပမန(သ)၀၀၅၈၂၀
                                                       ပဲခူးတိုင်းဒေသကြီး ၊ပြည်မြို့ 

မိတ္တူကို
-ရပ်ကွက်သံဃနာယကအဖွဲ့
-မြို့နယ်သံဃနာယကအဖွဲ့၊ရွှေကျင်
-တိုင်းသာသနာရေးဦးစီးရုံး ၊ပဲခူးတိုင်း၊ပြည်မြို့
-ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရွာဘဲရပ်ကွက်၊ပြည်မြို့
-မြို့နယ်အုပ်ချုပ်ရေါ်မှူးရုံး
-မြေစာရင်ဦးစီးဌာနရုံး      









Read More...

Saturday, May 23, 2015

သက်​ဆိုင်​ရာဌာနမှလူကြီများ လမ်​ပြင်​​ပေးပါ

Leave a Comment
လမ်းပြုပြင်​​ပေးပါ

ပြည်​မြို့ ​မေလ၂၃ ရက်

ပဲခူးတိုင်း​ဒေသကြီး (​နောက်​) ပြည်​ခရိုင်
ပြည်​မြို့ နဂါးလိမ်​တန်း နှင့်​န၀​ဒေးလမ်း​ ဆုံရာ
အောင်​ချမ်း​မြေ့​အောင်​ နိဗ္ဗာန်​ကုန်​ဆိုင်​​ရှေ့
တွင်​ရှိ​သော ကတ္တာရာလမ်းမှာ ချိုင့်​ဖြစ်​ကာ
ပေါက်​ပြီး ချိုင့်​ဝင်​​နေသည်​ဖြစ်​ ၍ စက်​ဘီး
ဆိုက်​ကား သုံးဘီး ​မော်​​တော်​ဆိုင်​ကယ်
ကားကြီးကား​လေးများထို​နေရာ​ရောက်
တိုင်း အခက်​အခဲဖြစ်​​နေသည်​ ကို ကျွန်​​တော်
ပြည်​သတင်းလူငယ်​ ကိုယ်​တိုင်​​တွေ့မြင်​ခဲ့ရပါ
သည်​ ရပ်​ကွက်​​နေသူများမှလည်း အင်​မတန်
အန္တရာယ်​များ​သောထိုချိုင့်​​ကြောင့်​အခက်
တွေ့​နေရပါသည်​ သို့ပါ​သော​ကြောင့်​ ဤလမ်း
နှင့်​ပတ်​သက်​သူ တာဝန်​ရှိလူကြီးမင်းများအား
တောင်းဆိုတင်​ပြအပ်​ပါသည်​။ပြုပြင်​​ပေးပြီးပါက
ပြည်​သတင်းလူငယ်​(ပြည်​သတင်း) 09253311019 သို့ပြန်​လည်
ဆက်​သွယ်​အ​ကြောင်းကြား​ပေးပါရန်​​လေးစား
စွာတင်​ပြအပ်​ပါသည်​။
Read More...

Thursday, December 18, 2014

အထက်တန်းပြကျောင်းဆရာသေဆုံးသည့်ကိစ္စအား မိခင်ဖြစ်သူမှ အမှုအားအမှန်အတိုင်း ဆောင်ရွက်ပေးပါရန် အသနားခံစာ အကြိမ်ကြိမ်တင်သော်လည်း အမှန်တရား အတိုင်း ဆောင်ရွက်မပေးသည့်အတွက်တိုင်ကြားထားဟုသိရ ပြည့်သဲမောင်(ပြည်)

Leave a Comment


 အထက်တန်းပြကျောင်းဆရာသေဆုံးသည့်ကိစ္စအား မိခင်ဖြစ်သူမှ အမှုအားအမှန်အတိုင်း
 ဆောင်ရွက်ပေးပါရန် အသနားခံစာ အကြိမ်ကြိမ်တင်သော်လည်း အမှန်တရား အတိုင်း
 ဆောင်ရွက်မပေးသည့်အတွက်တိုင်ကြားထားဟုသိရ

သဲကုန်းမြို့နယ်၊ အင်းမတိုးချဲ့ကွက်သစ်နေ မောင်ကျော်မင်းထွန်း (ခ)မောင်ချစ်ကျော်နှင့်
 အင်းမမြို့၊ တက္ကသိုလ် ကျောင်းလမ်းနေ အသက်(၂၃)နှစ်ရှိ အထက်တန်းပြကျောင်းဆရာ
ကိုဇော်ဖြိုးတို့သည် ပျားစည်အုပ်စု၊ပျားစည်ကျေးရွာတွင်ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး သေ
ဆုံးသွားသူအထက်တန်းပြကျောင်းဆရာ ကိုဇော်ဖြိုးမှ နောက်မှစီးပြီး မောင်ကျော်မင်းထွန်း မှ မောင်းနှင်ပါသည်ဟု ကိုဇော်ဖြိုးမိဘများဖြစ်သောဦးကိုကိုနိုင်၊ ဒေါ်စန်းတို့နှင့်အတူဒေါ်
ယဉ်ဌေးအား အင်းမဆေးရုံမှ ပြည်ဆေးရုံသို့ပို့ရာကားပေါ်တွင်ကိုဇော်ဖြိုးမှ မောင်ကျော်
မင်းထွန်းမောင်းကြောင်းပြောဆိုခဲ့ပါသည်။

၎င်းအမှုအား အင်းမ ရဲစခန်းမှ အမှုစစ်ဒုရဲအုပ်မြင့်အောင်မှ နောက်မှလိုက်လာသည့် FAW
ကားချိတ်သည်ဟုဆိုပြီး မောင်ကျော်မင်းထွန်း(ခ) မောင်ချစ်ကျော်မောင်းခဲ့သည်ကို သေဆုံး
သူအထက်တန်းပြကျောင်းဆရာ ကိုဇော်ဖြိုးမောင်းပါသည်ဟု အမှုဖွင့်ထားပြီး ယနေ့အချိန်အထိ အမှုမှန်ဖော်ထုတ်နိုင်ခြင်းမရှိသည့်အပြင် အရေးယူဆောင်ရွက်ပေးခြင်းမလည်းမရှိသည့်အတွက် အမှုမှန် ပေါ်ပေါက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်အမှန်တရားပေါ်ပေါက်ရေးအတွက် ထပ်မံတိုင်
ကြားခြင်းဖြစ်ပါသည်။

ယခင်ကပေးပို့ခဲ့သောစာများသည် အသနားခံစာများဖြစ်ပြီးယခုအခါ နိုင်ငံတော်အထက်
အကြီးအကဲများအား မိဘသဖွယ် ယုံကြည်ကိုးစား၍ အောက်ခြေတွင်ဖြစ်ပျက်နေသော
မတရားမှု၊ နစ်နာသူများ၏ ခံစားနေရမှုများကို ရင်ဖွင့် တိုင်ကြားခြင်းဖြစ်ပါသည်။
အမှုနှင့်ပတ်သက်သည့်မျက်မြင်သက်သေအတိအကျကို စစ်ဆေးနိုင်ရန်အတွက် ကျွန်မတို့
ဘက်မှ သက်သေ (၄)ဦး အား စစ်ဆေးပေးပါရန် တောင်းဆိုသော်လည်း ရဲလုပ်ထုံးလုပ်နည်း၊ ရဲတို့တပ်အပ်သည့်ဥပဒေကို မထီမဲ့မြင်ပြုကာ ၀တ်ကျေတန်းကျေသာ စစ်ဆေးပြီး အရေး
တယူထိရောက်စွာ စစ်ဆေးမပေးခြင်းအပြင်ရဲတပ်ဖွဲ့က သူတို့သဘောနှင့်သူတို့ ဘာသာ အမှုပိတ်သမ်းလိုက်တာကိုလည်း ရဲစခန်းမှ အမည်မဖော်လိုသူရဲတပ်ဖွဲ့ဝင်များပြောပြ၍
သိရပါသည်။

အင်းမရဲစခန်း အမှုစစ်ဒုရဲအုပ်ပြုတ်၊ ရဲအုပ်မြင့်အောင်သည် ကျွန်မတို့ခံစားနေရသော အကြောင်းအရာများကဲ့သို့အခြားသောသူများအပေါ်တွင်လည်း ငွေကြေးတံစိုးလက်ဆောင်
ယူကာ ကလိမ်ကျစ်လုပ်နေသည့်အတွက် အခြားသူများက တိုင်စာများပေးပို့ပြီး တိုင်ထား
တာကိုလည်း သိရသည့်အပြင် အင်းမရဲစခန်းအပိုင်းအတွင်း ဖြစ်ပွားသောအမှုအခင်းများ ကိုလည်း ငွေကြေးယူကာထိန်ချန်ခြင်း၊ လူသတ်မှုတရားခံများကို အမှုစစ်တစ်ယောက်
လုပ်နေပြီး ပေါ်လွင်အောင် ဖော်ထုတ် မပေးနိုင်ခြင်းများရှိနေသည့်အတွက် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးတွင် ယခုကဲ့သို့သော အရည်အချင်းမရှိ ငွေတစ်မျက်နှာကိုသာ
ကြည့်ပြီး ပြည်သူလူထု၏ အမှန်တရားကို ဖုံးကွယ်နေသော ရဲအုပ်ပြုတ် ဒုရဲအုပ်မြင့်အောင်
အား လူကြီးမင်းများအနေဖြင့် သေချာစစ်ဆေးရန်လိုအပ်ကြောင်း နစ်နာသူပြည်သူတစ်ေ
ယာက်အနေနှင့် ကျွန်မတိုင်ကြားခြင်းသာ ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်မ၏သား သေဆုံးသွားသူ ကိုဇော်ဖြိုးသည် အမှန်တကယ်ဆိုင်ကယ်မောင်း
သူမဟုတ်ဘဲ မောင်ကျော်မင်းထွန်း (ခ) မောင်ချစ်ကျော်ကသာဆိုင်ကယ်မောင်းနှင်သူဖြစ်
သည့်အတွက် အမှုကိုပြောင်းပြန်လုပ်ဖွင့်ထား သော သေဆုံးသွားသူ ဆိုင်ကယ်မောင်းသည်
ဟု စွပ်စွဲချက်အား ပြန်လည်စစ်ဆေးပေးပါရန် သားတစ်ယောက်လုံးဆုံးရှုံးသွား သည့် ကျွန်မ
မိခင်ဖြစ်သူ မစန်းဝင်း (ဘ) ဦးအုန်းကြည် ၇/သကန (နိုင်) ၀၃၉၁၆၅၊ တက္ကသိုလ်
ကျောင်းလမ်း၊ အင်းမမြို့ ၊ သဲကုန်းမြို့နယ်နေသူမှ လူကြီးမင်းများအား တိုင်ကြားရခြင်းဖြစ်
ပါသည်။

မစန်းဝင်း (ဘ) ဦးအုန်းကြည်
၇/သကန (နိုင်) ၀၃၉၁၆၅
တက္ကသိုလ်ကျောင်းလမ်း၊ အင်းမ၊
သဲကုန်းမြို့နယ်၊ ပြည်ခရိုင်

 မှတ်ချက်။ ။ယခုအကြောင်းအရာသည်နစ်နာသူက အမည် မှတ်ပုံတင်မိတ္တူ နေရပ်
လိပ်စာ များအတိအကျဖြင့်တိုင်ကြားထားသောအကြောင်းအရာဖြစ်ပါသည်။ထို့ကြောင်
လူကြီးမင်းများသိရှိစေရန်အတွက် အွန်လိုင်းမှဖော်ပြရခြင်းဖြစ်ပြီး၎င်းစာနှင့်ပက်သက်
ပြီးအပြည့်အဝတာဝန်ယူပါသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883
Read More...

Tuesday, December 16, 2014

သားဖြစ်သူကို သတ်သွားသည့်တရားခံအား အမြန်ဆုံးပြန်လည်စစ်ဆေးပေး ရန်နှင့်တရားခွင်သို့ တင်ပို့ရန်တိုင်ကြားသော ဖခင်ဖြစ်သူအား (၂၃)နှစ်ကျော် ကြာမှ ရဲဘက်ပြေးဟု စွမ်းစွမ်းတမံ ရဲတပ်ဖွဲ့ကဖမ်းဆီးခြင်း(၂)နှစ်ကျော်ကြာ မြင့်ခဲ့သည့်လူသတ်မှုတရားခံကို ဖော်ထုတ်ဖမ်းဆီးမပေးနိုင်သည့် စခန်းမှူးပြုတ်၊ ရဲအုပ်ပြုတ် အမှုစစ်ဒုရဲအုပ်မြင့်အောင်အား တိုင်ကြားခြင်း

Leave a Comment

သားဖြစ်သူကို သတ်သွားသည့်တရားခံအား အမြန်ဆုံးပြန်လည်စစ်ဆေးပေး
ရန်နှင့်တရားခွင်သို့ တင်ပို့ရန်တိုင်ကြားသော ဖခင်ဖြစ်သူအား (၂၃)နှစ်ကျော်
ကြာမှ ရဲဘက်ပြေးဟု စွမ်းစွမ်းတမံ ရဲတပ်ဖွဲ့ကဖမ်းဆီးခြင်း(၂)နှစ်ကျော်ကြာ
မြင့်ခဲ့သည့်လူသတ်မှုတရားခံကို ဖော်ထုတ်ဖမ်းဆီးမပေးနိုင်သည့် စခန်းမှူးပြုတ်၊
ရဲအုပ်ပြုတ် အမှုစစ်ဒုရဲအုပ်မြင့်အောင်အား တိုင်ကြားခြင်း

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၃.၁၀.၂၀၁၂)ရက်နေ့ည (၁၀း၀၀)
နာရီကျော်အချိန်ခန့် ဂွေးကုန်း အုပ်စု၊ အင်ကြင်းပင်ကုန်းရွာနှင့်ဂွေးကုန်းအုပ်စု၊ပန်းပဲ
ကုန်းရွာကြားတွင် အသတ်ခံရသည့် အမှုနှင့်ပတ်သက်၍ တရားလို ဖြစ်သူ အသတ်ခံရ
သူ၏ဖခင် ဦးသန်းအောင် (ဘ) ဦးစံမောင်၊ မှတ်ပုံတင်အမှတ် ၇/သကန (နိုင်) ၀၃၉
၁၆၉ အင်ကြင်းပင်ကုန်း ရွာမှ အမှန်တကယ်ပြစ်မှုကျူးလွန်သူအား တရားခွင်သို့ တင်
ပို့ရန်နှင့်ပြစ်မှုကျူးလွန်သူ ဖမ်းဆီးပြစ်ဒဏ်ချရေးအတွက် ဖခင်ဖြစ်သူက စခန်းမှူးပြုတ်၊
ရဲအုပ်ပြုတ် အမှုစစ်ဒုရဲအုပ်မြင့်အောင်ကိုအမှုနှင့်ပတ်သက်ပြီး သေချာစွာစစ်ဆေးခြင်း၊
ပြစ်မှုကျူးလွန်သူကိုဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် တရားလိုဖခင်ဖြစ်သူက အကြိမ်
ကြိမ်တိုင်ကြားသည့် အတွက် နှစ် (၂၃)နှစ်ကျော်ကြာမှမွန်ပြည်နယ်တောင်စွန်းရဲဘက်
စခန်းမှ ထွက်ပြေးလာသူဟု ကျွန်မခင်ပွန်းကို အင်းမရဲစခန်းမှနယ်ထိန်းခေါင်းဆောင်
နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များက (၂၃.၁၀.၂၀၁၄)ရက်နေ့တွင် စွမ်းစွမ်းတမံဖမ်းဆီးပြီး ယခု
အခါ ယခင်ပြစ်မှုအကြွေး ကျန်(၈)နှစ်၊ ရဲဘက်ပြေး(၆)လကျခံရမည်ဟုသိရပါသည်။

အမှန်တကယ်ဖြစ်သင့်သည်မှာ ကျွန်မ၏ခင်ပွန်း ဦးသန်းအောင်ကို အင်းမရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်များ နယ်ထိန်း ခေါင်းဆောင်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များက ထိုသို့စွမ်းစွမ်း
တမံ ဖမ်းဆီးသည်ဆိုလျှင် ကျွန်မ၏သားဖြစ်သူအသတ်ခံရသည့်အမှု အားမည်သည့်
အကြောင်းကြောင်းကြောင့်ယနေ့အချိန်အထိ တိုင်စာများအကြိမ်ကြိမ်အလီလီတိုင်
သော်လည်း သေချာစနစ် တကျစစ်ဆေးပေးမှုမရှိခြင်း၊၀တ်ကျေတန်းကျေသာစစ်
ဆေးပေးသော ရဲမှူးကြီးများကိုလည်း အလွန်ပင်အံ့သြမိပါသည်။ သို့ပါ သောကြောင့်
ကျွန်မ၏ခင်ပွန်းဖြစ်သူကို စွမ်းစွမ်းတမံဖမ်းဆီးသကဲ့သို့ ကျွန်မ၏သား အသတ်ခံရမှု
တွင်လည်း ယခုရဲဘက်ပြေး ကို ဖမ်းဆီးသကဲ့သို့ ဖမ်းဆီးရမည်ဟု ကျွန်မထင်ပါသည်။
သို့ပါသောကြောင့်ယခုအင်းမရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊နယ်ထိန်းခေါင်းဆောင်အပါ
အ၀င် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ စခန်းမှူးပြုတ်၊ ရဲအုပ်ပြုတ် ဒုရဲအုပ်မြင့်အောင်တို့သည်
ပြည်သူများအပေါ် မတရားပြုလုပ်နေသည်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ကြီးနှင့် ကျွန်မတို့၏ပဲခူးတိုင်းဒေသကြီးကိုအုပ်ချုပ်နေသောရဲတပ်ဖွဲ့မှလူကြီးမင်းများကမသိတာ
လား။ သိလျှက်နှင့် မသိကျိုးနွံပြုနေတာလား။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယူနီဖောင်းနှင့်အ
ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ကာ ပြည်သူများအပေါ်မတရားလုပ်ခိုင်းနေတာလား
ဆိုတာ ကျွန်မစဉ်းစား၍မရဖြစ်ရပါသည်။ စခန်းမှူးပြုတ်၊ ရဲအုပ်ပြုတ်၊ဒုရဲအုပ်မြင့်အောင်
၏ တိုင်စာများကိုလည်း လူကြီးမင်းများအနေဖြင့်အကြိမ်ကြိမ်အလီလီဖတ်ဖူးလိမ့်မယ်
လို့ ကျွန်မထင်ပါသည်။ အဘယ်ကြောင့်ဆို သော် ဒီဒုရဲအုပ်မြင့်အောင်ဆိုသူကို ယခု
ကဲ့သို့တိုင်ကြားစာပို့ခြင်းသည် ကျွန်မတစ်ယောက်တည်းမဟုတ်ဘဲ ခံရသူ၊ နစ်နာသူ
သားသမီးသေဆုံး၍ ယူကျုံးမရဖြစ်ရသူများကလည်း အကြိမ်ကြိမ်တိုင်စာများပေးပို့နေ
သည်ကို သိရပါသည်။

ထို့ကြောင့် ကျွန်မသည် သားတစ်ယောက်လုံးမရှုမလှသူတစ်ပါးသတ်ဖြတ်ခြင်းကိုခ့ရ
သည့်အပြင် ခင်ပွန်းဖြစ်သူက အသက်ကြိးမှ ထောင်တဲတွင်မကျန်းမမာ ဒုက္ခဆင်းရဲနှင့်
ကြုံတွေ့နေရသည့်အတွက် လူကြီးမင်းများအနေဖြင့် ပြည်သူများ၏ နစ်နာဆုံးရှုံမှုများကို
ကိုယ်ချင်းစာသောအနေဖြင့် အမှန်တရားအတိုင်းလူသတ်မှုတရားခံပေါ်ပေါက်ရေးအ
တွက် ကျွန်မတိုင်ကြားခြင်းဖြစ်ပါသည်။ ကျွန်မအနေဖြင့်ကျွန်မ၏သားကိုသတ်သော
သူကို ဖမ်း ဆီးအရေးယူမပေးမချင်း ယခုကဲ့သို့သော တိုင်စာများကို ဆက်လက်တိုင်
ကြားသွားမည်ဖြစ်ပြိးအခြားသောလူ့အခွင့်အရေးအဖွဲ့အစည်းများ၊အရပ်ဖက်အဖွဲ့အ
စည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများကို ဆက်သွယ်ကာဆက်လက်လုပ်ဆောင်သွား
မည်ဖြစ်သည်။

ဒေါ်မြ၀င်း (ဘ) ဦးချစ်လွန်း
၇/သကန (နိုင်) ၀၃၁၇၉၃
အင်ကြင်းပင်ကုန်းရွာ၊ ဂွေးကုန်းအုပ်စု
မှတ်ချက်။ ။ယခုအကြောင်းအရာသည်နစ်နာသူက အမည် မှတ်ပုံတင်မိတ္တူ နေရပ်
လိပ်စာ များအတိအကျဖြင့်တိုင်ကြားထားသောအကြောင်းအရာဖြစ်ပါသည်။ထို့ကြောင့်
လူကြီးမင်းများသိရှိစေရန်အတွက် အွန်လိုင်းမှဖော်ပြရခြင်းဖြစ်ပြီး၎င်းစာနှင့်ပက်သက်
ပြီးအပြည့်အဝတာဝန်ယူပါသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883
Read More...

Facebook Like Page