Showing posts with label ပရလောကဆိုင်ရာများ. Show all posts
Showing posts with label ပရလောကဆိုင်ရာများ. Show all posts

Thursday, September 10, 2015

အသံ..... ပရလောကအကြောင်းတစ်စေ့တစောင်း..

Leave a Comment


အသံ.....

ပရလောကအကြောင်းတစ်စေ့တစောင်း..




 အိမ်လေးရဲ့ အနောက်ဖက်ကတော့ ပေ၂၀ ဝန်းကျင် အကွာမှာ ခြံစည်ရိုး ရှိပြီး ခြံပြင်ပ မှာတော့ လူနေအိမ်ခြေ မတွေ့ ရတော့ပဲ မြက်ခင်းပြင်ကျယ်ကြီးက ကုန်းလျှောသဖွယ်မြေအနေအထား မှာ စိမ်းချင်တိုင်း စိမ်းလန်းနေတော့တယ်။
ထမင်းစားခန်းကနေ ကြည့်မယ်ဆိုရင် မီးဖိုချောင် ရဲ့ နောက်ဖေးပေါက် ကို အတိုင်းသားမြင်နေရတာမို့ နံနက်စာ စားရင်း အိမ်နောက်ဖက် ခြံရှုခင်းကို ငေးမောခံစား ရင်း မအေးလှ ပြင်ပေးတဲ့ နံနက်စာ နွားနို့ နဲ့ ပေါင်မုန့် ထောပါတ်သုတ်က အင်မတန် အရသာရှိ လိုက်ဖက်လှသလိုပါပဲ.။
အနောက်တောင်လေ အေးအေး ကြောင့် နောက်ဖေး တံခါး တစ်ချပ် ဝုန်းကနဲ ဆောင့်အပိတ် မှာ ထင်းမီးဖို ဖို့ ကြိုးစားနေတဲ့ မအေးလှ တစ်ယောက် အောင်မလေး တ ရင်း အပြေးအလွှား ကမန်းကတန်း တံခါးကို တုံးတစ်ခု နဲ့ ပြန်ဖိ ပြီး ဖွင့်ထားပြီး ပြန်အလှည့် ..
အိမ် ရဲ့ အတွင်းခန်းတွေ ဆီမှ ဆင့်ကဲ တံခါးပိတ်သံ ကြမ်းကြမ်းတွေ က ကျွန်မ နဲ့ မအေးလှ တို့ ကို တုန်ကနဲ ထိပ်လန့်သွားစေ ခဲ့ပါတယ်။
မအေးလှ ..မအေးလှ ..အဲ့ဒါ ဘယ်သူတွေလဲ..သည်အိမ်မှာ အခု ကျွန်မ နဲ့ မအေးလှ ပဲရှိတာ မဟုတ်ဖူးလားဟင်.။
ဆရာမ... ဘယ်..ဘယ်သူမှ မရှိပါဘူး..ဆရာမရဲ့..ဟို..ဒီအိမ်က တံခါးတွေ က မကောင်းဘူးလေ..အဲ့လိုပဲ တစ်ခါတစ်လေ ဖြစ်တတ်တယ်... ဘာမှ မဟုတ်ဖူးဆရာမ.. ကျွန်မ ပေါ့ဆသွားတာ..
ရှင်..မအေးလှ ဘာပေါ့ဆ တာလဲ..
အာ...မဟုတ်ဖူး..ဆရာမ.. ကျွန်မ ဘာမှ မပေါ့ဆဘူး..ဆရာမ နွားနို့တွေ အေးတော့မယ်...ကုန်အောင်သောက်လိုက်ပါနော်.။ ပြီးရင် ခြံထဲက ကရဝေး ပင်အရိပ်အောက်မှာ စာရေးမလား..ကျွန်မ ခုံလေး နဲ့ ရေနွေး နဲ့ လက်ဖက် ပြင်ပေးမယ်နော်.။
အင်း..ကောင်းသားပဲ ..မအေးလှရယ်.. ကရေးဝေး နံ့ ကို ကျွန်မ ကြိုက်တယ်.. သူ့ရနံ့ လေးတွေ တသင်းသင်းအောက် စိတ်ကူးလေးတွေ မြူးချင်တိုင်း မြူးခွင့်ရတာပေါ့နော်.။
မအေးလှ နဲ့ စကားပြောပြီး လှည့်အထွက် မှာ ဧည့်ခန်းကို ဖြတ်လျှောက်မိတော့... မနေ့ကတင်ပြီး မနက်က တစ်စုံတစ်ယောက်ခေါက်ပေးသွားတဲ့ အနွေးထည်လေးကို သတိရမိတယ်။
ဟော... ကျွန်မ အနွေးထည်လေး က မနက် ကအတိုင်းခေါက်လျက်သားလေး ပါပဲ။
အနွေးထည်လေး ကို လက်က ကိုင်ရင်း ခြံထဲက ကရဝေးပင်ကြီး ရှိရာ ကျွန်မ ထွက်လာခဲ့တယ်။ လူတွေ ဟာ သူတို့ နောက်ကျောကနေ တစ်ယောက်ယောက် စူးစိုက်ကြည့်ရင် သိတတ်ကြတယ်မဟုတ်လား..။ အဲ့သလိုပဲ ကျွန်မနောက်ကျော မှာ ခပ်ကျင်ကျင်အရသာ တစ်မျိုးရနေမိတယ်။
စိတ်ထဲမလုံမလဲ ဖြစ်လှတာမို့ ဆတ်ကနဲ နောက်ကိုလှည့်ကြည့်မိတော့ လဲ မည်သူ့ ကိုမျှ မမြင်ရတာမို့ မိမိစိတ်တွေ အထင်မှားတာပဲနေပါလိမ့်မယ် လို့ဖြေသာတွေးမိရင်း မအေးလှ ပြင်ဆင်ပေးတဲ့နေရာလေး အရောက်လျှောက်လာခဲ့ပါတော့တယ်။
တကယ်ပါပဲ ခပ်သင်းသင်းရနံ့တွေ ပျံ့လွင့်နေတဲ့ သည်နေရာလေး ကို ကျွန်မ ချစ်လိုက်တာ..။ ကရဝေးရွက်ကြွေတွေ ကြားထဲက ဝါးကုလာထိုင်လေး မှာ ခပ်လျော့လျော့ ထိုင်မိ လိုက်တော့မှ ကျွန်မ နောက်ကျော က တစ်စုံတစ်ယောက် စူးစိုက်ကြည့်လို့ ခံစားရတဲ့ ဝေဒနာလေး လျော့ပါး ပျောက်ကွယ်သွားသလိုပါပဲ.။
အို.... ဘယ်အချိန်တောင် ရှိပါလိမ့်..နေရောင်ခြည် ခြေဖျားမှ တစ်ဆင့် ထိုင်နေတဲ့ ကျွန်မ ဒူးတစ်ဝိုက်ဆီ တက်လာတော့မှ နေအတော်စောင်းပြီ မှန်းသတိရလိုက်ပါတယ်။
သစ်ရွက်ခြောက်တွေကြားက ခြေသံ ကြောင့် ဆတ်ကနဲ မော့အကြည့် မအေးလှ ရဲ့ ရိုးသားပြီး ပြုံးနေတဲ့မျက်နှာ ကိုမြင်ရမှ ကျွန်မ ရင်တွေ တုန်သွားတာပြေ ပျောက်တော့တယ်။
ထမင်းစားရအောင်ဆရာမလေး...
ဟုတ်ကဲ့ မအေးလှ..ကျွန်မ ဒါလေးတွေသိမ်းပြီး လိုက်ခဲ့မယ်နော်.. ပြောလြဲေ့ပာရင်း လက်ကလဲ စာရေး ကရိယာတွေ နဲ့ စာအုပ်တွေ ကိုကောက် ကိုင်ပြီး မအေးလှ နောက်က ပဲ လိုက်သွားမိပါတယ်။
အိမ်ရှေ့ တံခါးမကြီး နားအရောက် မအေးလှ မှ ဆတ်ကနဲ ပြန်လှည့်ကြည့်လာရင်း ဆရာမ... တံခါး ဖြည်းဖြည်း ပိတ်ပါ နော်...လို့ မှာကြားလာ တဲ့အခါ မှာတော့ မျက်မှောင် တစ်ချက် ဆတ်ကနဲ ကျုတ်မိရင်း ..
မအေးလှ ရဲ့.. ဘာလို့များ သည်လောက် တံခါး ဝုန်းကနဲ ပိတ်မှာကိုကြောက်ရသတုန်း ဟင်.. လို့ ခပ်ဆတ်ဆတ် မေးမိပါတော့တယ်။
ကျွန်မ ရဲ့ ခပ်ဆတ်ဆတ် မေးခွန်းကြောင့် မအေးလှ ရဲ့ မျက်နှာ အပျက်ကြီး ပျက်တဲ့ကြားက ကြောက်ရွံ့ တုန်လှုပ် သွားသလို ခန္ဒာ ကိုယ်က လဲ တုန်ယင် သွားသလိုပါပဲ။
မဟုတ်ပါဘူး..ဆရာမရယ်..တံခါးတွေက မကောင်းတော့ မတော်လို့ ပျက်သွားရင် ကျွန်မ ကို မရင်မြ ဆူမှာစိုးလို့ ပါ..။
မဟုတ်သေးဘူး မအေးလှ.. ကျွန်မ က ညကျရင် တစ်ယောက်ထဲ ဒီ အိမ်ထဲမှာ ကျန်နေရမှာ..
မကျန်ပါဘူး ဆရာမရယ်..ကျွန်မ ယောင်္ကျား ညကျရင် ဟိုခြံထောင့်က တဲမှာ လာစောင့်အိပ်မှာပါ..မကြောက်ပါနဲ့နော်။
မဟုတ်သေးဘူးနော်.. ကျွန်မ ရိပ်မိတန်သလောက်ရိပ်မိပါတယ်..မအေးလှရယ်.။

ပြောမှာသာ ပြောပြပါ။ ကျွန်မ သိပ်ပြီး တော့အသည်းမငယ်လှပါဘူး.။
ထိုသို့ ပြောရင်း မနက်အစော ပိုင်းက ကျွန်မ ကြုံ ရသမျှကိုပြောပြလိုက်ပါတော့တယ်။
ထိုသောအခါ မှ မအေးလှ ရဲ့ သက်ပြင်းချသံ နှင့်အတူ..
မထူးတော့ပါဘူး ဆရာမ ရယ်..ပြောပြပါတော့မယ်
သည်အိမ်က မရင်မြ တို့ လဲ မနေတာကြာပြီ ဆရာမရယ်..။ သူတို့ သားလေး သုံးနှစ်သားလောက် ကထဲကပါပဲ။
မရင်မြ အမေ ဆုံးပြီး စကထဲက လို့ပဲပြောရတော့မှာပေါ့။
ကြီးကြီးမေက သည်ခြံကြီး နဲ့ သည်အိမ် ကို သိပ်မြတ်နိုးတယ် ဆရာမရဲ့ .။ ခြံထဲက အရိပ်ရ အပင်ကြီးတွေ သီးပင် ကြီးတွေ စားပင်တွေက ကြီးကြီးမေ စိုက်ခဲ့ပျိုးခဲ့တာတွေပေါ့။
ကြီးကြီးမေ က အနေအထိုင် သိပ်နူးညံ့တယ် ..စကားလဲ တိုးတိုးလေးပြောတယ်..ထမင်းစားရင် အသံမမြည်ရ.. လမ်းလျှောက်ရင်ခြေသံမကျယ်ရ.. အဲ့လိုမျိုး တိတ်ဆိတ်မှုကို သိပ်သဘောကျတယ်။ ဆူညံ့သံတွေ ထဲက မှ တံခါးစောင့်ပိတ်တာ တို့ တံခါးကြမ်းကြမ်းခေါက်တာ တို့ ကိုဆို သိပ်မုန်းတယ် ဆရာမ.။
ကြီးကြီးမေ ဆုံးပါးသွားပြီးနောက်မှာ ကျွန်မ တို့ လဲ ကြီးကြီးမေ ထားရှိခဲ့တဲ့ စည်းကမ်းနဲ့ ပုံစံ ခွက်ထဲအသားတကျ ရှိကြပါသေးတယ်။
မရင်မြ သားလေး သုံးနှစ်သားလောက်မှာ .. ကလေးက တစ်ခန်းဝင် တစ်ခန်းထွက် လျှောက်ဆော့တတ်လာတယ်.။
တံခါးတွေ လဲ အတင်း ပိတ် ဆော့တယ်။ အသံတွေလဲ ဆူညံလာအောင် အော်ဟစ် ဆော့ကစားတတ်လာတယ်။
အဲ့သည့်မှာ ...တစ်ရက်
သားလေး ငိုသံ စူးစူးဝါးဝါး ကြားရလို့ အားလုံးအပြေးအလွှားသွား ကြည့်ကြတော့ ကလေးက မျက်ဖြူတောင်လန်မ တတ် ငိုနေရှာတယ် ဆရာမရယ်။
သားသား ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ.. မေးလဲမေး .သားသားကိုယ် ခန္ဒာ အနှံ့ လိုက်ရှာ ကြည့်တော့လဲ ဘာဒဏ်ရာမှ မတွေ့ဘူး..
ကလေး က နည်းနည်း နားလည်နေ ပြီဆိုတော့ သူ့အဖွားနေခဲ့တဲ့ အခန်းဖက် လက်ညိုးတစ်ထိုးထိုး နဲ့ ငိုချည်းပဲနေတော့တာပဲ။
ပြောရင်း နဲ့ မအေးလှ က မဝံ့မရဲ ထိုအခန်းဖက် အသာလှည့်ကြည့်လိုက်ပါသေးတယ်။
ပထမတော့ ဘယ်သူမှ နားမလည်နိုင်ခဲ့ပါဘူးဆရာမရယ်.။
တစ်ခါ တစ်လေ တော့လဲ ကလေး က အဲ့သည့်အခန်းထဲ မှာ တစ်ခစ်ခစ် ရယ်ရင်းပြေးလွှားဆော့ကစား နေလေ့ရှိပါတယ်။
ကလေး ဆော့တာ ကြမ်းပြီး တံခါးတွေ ကို ဝုန်းကနဲ ပိတ်မိ တတ်တဲ့အခါတွေ မှာတော့ ကလေး က တက်မတတ် ချက်မတတ် လက်ညိုးတစ်ထိုးထိုး နဲ့ ငိုတော့တာပါပဲ။
နောက်ပိုင်း ကလေး ငိုတာတင်မဟုတ်တော့ပဲ.. တံခါး ပိတ်သံ ကြမ်းတိုင်း ပိုကြမ်းတဲ့ အသံတွေ ကြားရလာတယ်။
အဲ့ဒါနဲ့ ပဲ မရင်မြ တို့ လဲ ဘုန်းကြီးတွေ ပင့် ပရိတ်တွေ ရွတ်ကြပါသေးတယ်။ အဲ့ဒါလဲ ခဏပဲ ငြိမ်ပါတယ် ဆရာမရယ်။
နည်းနည်းကြာရင် သည်အတိုင်းပြန်ဖြစ်ပါတယ်။ ကလေး စကား တစ်လုံး နှစ်လုံး စပြောတတ် နေပြီ ဆိုတော့ .. သားသား ကိုေ ချာ့မေး တိုင်း ကြောက်စရာကြီး လို့ ပဲ ဖြေ တယ်။
အဲ့သလို နဲ့ မရင်မြ တို့လဲ မြို့ ထဲက အိမ်ကိုပြောင်းပြီး သည်အိမ်ကို ကျွန်မ တို့လင်မယားကိုအစောင့်ထား ယုံထား ထားတော့တာပါပဲ။
အားလုံးတိတ်ဆိတ်နေရင်တော့ နေလို့ ဖြစ်ပါတယ် ဆရာမရဲ့ .. ကျွန်မ ဖြင့် ဘယ်လိုမှ မနေတော့ပါဘူး..အသံ ပဲ ကြားရတာပါ... ဟိဟိ
အခုလဲ ဆရာမ က တစ်ယောက်ထဲသမားလဲ ဖြစ် အေးအေးဆေးဆေးနေချင်တယ်ဆိုလို့ မရင်မြ က တံခါး ပိတ်သံမကြမ်း ရင်နေလို့တော့ဖြစ်လောက်ပါရဲ့ လို့ တွေးပြီး ဆရာမ ကို တည်းခိုစေတာ နေပါလိမ့်မယ်။
ပြောရင်း နဲ့ တစ်လုံးမကျန် ထွက်ကျလာတော့ တဲ့ မအေးလှ ရဲ့ ချွေးပြန်နေတဲ့ မျက်နှာကိုကြည့်ရင် သက်ပြင်းသာ ချမိပါတော့တယ်။
ဝိဥာဉ် တို့ တစ္စေ တို့ ဆိုတာ သနားစရာ ဝေမာနိကပြိတ္တာများသာ ဖြစ်မှန်း ..လူတွေကို ကြောက်အောင်ခြောက်လှန့် တယ်ဆိုတာကလဲ အကူအညီတောင်းတာ ဖြစ်ဟန်များကြောင်း သေချာနားလည်ပေမယ့် မိန်းမသား ပီပီ အကြောက်တရား က ပိုမို ကြီးစိုးတာမို့ သည်အိမ်မှာ သည်တစ်ညတော့ ဆက်နေဖို့ မသင့်တော်ကြောင်း ဆုံးဖြတ်ပြီး အမြန်အထုတ်အပိုးပြင်ကာ.. နီးစပ်ရာ တည်းခိုခန်း သို့သာ အမြန်ထွက်လာ မိပါတော့တယ်။

Credit to Ma Natt Tha Mee
ADMIN ヅ JUVENILE

တင်ဆက်..ပြည်သတင်းလူငယ်
09253311019
Read More...

Friday, July 3, 2015

ဒီတဲမှာ သရဲ… နေတယ်လေ… ဒီမှာသရဲရှိတယ်.....

Leave a Comment
ဒီတဲမှာ သရဲ… နေတယ်လေ… ဒီမှာသရဲရှိတယ်.....


`ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ´
မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေလျှက် လေများကလည်း အ
ဆက်မပြတ်တိုက်ခတ်နေသောကြောင့် လေသံနှင်မိုးသံ တို့မှာရော
နှောနေခဲ့သည်။ ထိုအချိန်မှာ ညနေစောင်းမိုးချုပ်လုစ အချိန် ဖြစ်သည်။ ပတ်ဝန်းကျင်းကလည်းမှောင်မည်းစပြု နေပြီမိုးကလည်း
တိတ်မည့်ပုံမပေါ်ပေ။ သည့်အတွက်ကျွန်တော်ဘယ်မှာ နားခိုရ
မည်နည်း။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေတဲ့ မိုးကအကျီင်္
ရှည်ကြီးတစ်ထည်မှလွဲ၍ ဘာမှမပါပေ။ လမ်းမှာလည်း တောလမ်း
လေးဖြစ်သည့် အလျှောက် ရွှံ့ဗွက်များမှာထူထပ်နေပေသည်။ ဒီ့အပြင် မိုးချုပ်နေတဲ့ လောကကြီးကို ကျွန်တော်အဘယ်သို့မျှ ပုံကန်ရ
မည်နည်း.. မိုးအတွက် အကာအကွယ်ယူရပေဦးမယ်။

တခြားမစဉ်းစားတော့ပဲ ကျွန်တော်၏မျက်စိများက နားခိုရန်နေရာ
ကောင်းကောင်းရဖို့ ဆော့ကစားရှာဖွေနေခဲ့ ပါသည်.။ မကြာမီ မှောင်လုနေသော ပတ်ဝန်းကျင် ထဲမှ မထင်ရှားသည့် ၀ိုးတိုးဝါးတား
အရာဝတ္ထု တစ်ခုကိုကျွန်တော်တွေ့လိုက် ရတယ်။ ထိုအရာသည်သက်မဲ့ ဖြစ်ဟန်တူသည်။ ကျွန်တော်၏ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ `ဒါဟာငါ့အတွက် တည်းခိုစရာနေရာဖြစ်ကောင်း
ဖြစ်နိုင်တယ် ´ ဟုစိတ်ကရေ၇ွှတ်ရင်း မထင်မရှားမြင်နေရသော
အရာဝတ္ထုဆီကို ဦးတည်ခဲ့ ပါသည်။ အနားရောက်မှ တဲလေး
တစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်တော် အတိုင်းမသိ ၀မ်းသာသွားခဲ့တယ်။

အဆိုပါတဲလေး၏ အမိုးမှာကောင်းမွန်၍ တဲအတွင်း၌ ခြောက်သွေ့
နေမည်ဟု တဲ လေး၏အသွင်အပြင်ကိုကြည့် ၍ကျွန်တော်ယူဆ မိ
လိုက်ခြင်းဖြစ်သည်။ တဲမှာလူနေဟန်ရှိမည်မတူ ။တံခါးမှာ သော့မ
ရှိပေမယ့်ဂျလက် ထိုးထားလေသည်။ မိုးမှာလည်းပို၍ပင် သည်း
လာသည်ဟုထင်ရပေသည်။ ထိုတဲအတွင်းမှာတစ်ညတာ တည်းခို
ရန် ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်တွေဝေမနေတော့ပဲ တံခါး
ဂျလက်ကို ဖွင့်ကာတဲ ထဲသို့ဝင်ခဲတယ်။

တဲအတွင်းမှာ မှောင်ပြီးထိုင်းမှိုင်းနေသည်ကိုတွေ့ရပေသည်။ အသင့်
့ပါလာသောမီးခြစ်ကို တစ်ချက်ခြစ်လိုက်ရာ တဲအတွင်းသို့ဝင်ရောက်သည့် မည်းနက်သောလမ်းကို မီးရောင်ဖြင့်မြင်တွေ့လိုက်ရပေသည်။ ခုလိုစိတ်ပျက်ဖွယ်ရာညမျိုး လူသူမရှိတဲ့ အရပ်တွင် ရှိသည်
့လမ်းကလေးမှ တစ်ဦးတစ်ယောက်ဖြတ်သွားမည်ကို အနည်း
ငယ်သာစိုးရိမ်ဖွယ်ရှိသော်လည်း တဲတံခါးဝကို လုံခြုံမှုရှိအောင် ဂရုတစိုက်ပိတ်လိုက်လေ၏။ ကျွန်တော်မီးခြစ်တစ်ချက်ထပ်ခြစ်ပြီး
အတွင်းလမ်းလေးအတိုင်းဝင်ရောက်ခဲ့ရာ အခန်းငယ်တစ်ခန်းကိုတွေ့ရလေသည်။

ထိုအခန်းငယ်တွင်လေကောင်းလေသန့်ရသောကြောင့် နေသာထိုင်သာရှိသွားခဲ့ တယ်။ ထို့ပြင်သံချေးတက်နေသော
မီးဖိုတစ်လုံးကို တွေ့ရှိရလေသည်။ ကျွန်တော်၏အတွင်းတွင်ခံ
ဝတ်ထားသော အကျီင်္မှ အပိုင်း တစ်ချို့ကို ပါလာသောဓားဖြင့် ဖြတ်ယူပြီး မီးမွှေးလိုက်ရာ မကြာမီအချိန်အတွင် မီးလင်းလာခဲ့သည်။
မီးဖို၏အနောက်ဖက်တွင် သစ်သားများပုံထားတာကြောင့် မီးမွှေးရန်
ကျွန်တော့်အတွက် အလုပ်ဖြစ်လိမ့်မယ်ဟု ထင်သည်.။ ကျွန်တော်
့၏ ဘွတ်ဖိနပ်ကု ချွတ်ကာ ခြောက်သွားစေရန် မီးဖိုဘေးတွင်ထောင်ထား လိုက်တယ်။ အားလုံးအဆင်ပြေသွားပြီဖြစ်သောကြောင့်
ကျွန်တော့် ၏ခန္ဒာကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲချလိုက်ပါသည်။

ခဏတာမှေးခနဲ အိပ်ပျော်သွားပေမယ်.. နိုးလာတဲ့ အခါ မီးဖိုမှမီး
များက ၀င်းလက်စွာတောက်လောင်နေသောကြောင့် ကျွန်တော်ကြာရှည်စွာ အိပ်မရပေ။
ထိုအပြင် ကျွန်တော်၏ ခန္ဒာကိုယ်ထုံထိုင်းကိုက်ခဲမှုကတစ်ကြောင်း ၊
ကြမ်းပေါ်တွင်လှဲ၍ အိပ်ရသဖြင့် တစ်ဦးတစ်ယောက်၏သွား လာ
လှုပ်ရှားသံများကို ကြားနေရသဖြင့် ကြာကြာမအိပ်နိုင်ခြင်းလည်းဖြစ်သည်။ တဖက်သို့ ကိုယ်ကို လှည့်ပြီး အိပ်မည်ပြုရာ အခန်းဆီသို့
့လာသည့် ခြေသံကိုကြားနေရသောကြောင့် ကျွန်တော်ထိတ်လန့်
သွားခဲ့ တယ်။ ပြတင်းပေါက်များက်ုပျဉ်ပြားနှင့် အသေပိတ်ထား
သည့်အပြင် အ၀င်တံခါးကိုလည်းကျွန်တော် သေချာပိတ်ခဲ့ ခြင်းဖြစ်၍ တဲအတွင်းသို့ ၀င်ရန်အပေါက်မရှိပေ။ ထို့ကြောင့် ကျွန်တော်
်အတော်အတန်ကြောက်လန့် သွားသော်လည်း ထ၍ရင်ဆိုင်ရ
သည်မှ တစ်ပါး အခြားမရှိပါတော့ချေ။ ထိုဝင်လာသောလူစိမ်းသည်
သွက်လက်ခြင်းမရှိ ၊မီးတောက်နေသောမီးဖို ဆီသို့တဖြေးဖြေး
လျှောက်၍သွားလေသည်။

သူသည်အခန်းထောင့်တစ်နေရာတွင်ရှိသော ကျွန်တော့်ကို သတိပြုမိဟန် မတူချေ။ ထိုလူမှာမီးဖို့ရှိရာသို့ တည့်မတ်စွာ လျှောက်သွား
ရင်း သူ၏စွတ်စိုနေသော လက်အစုံကို မီးကင်နေလေသည်။ ထို
လူကိုကျွန်တော် မျက်ချေမပြတ် သေသေချာချာ ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုလူမှာခုလိုညမျိုးတွင် လူသားတစ်ယောက်ကြုံတွေ့ရသည့် စိုစွတ်မှုထက်ပင် ပို၍ ဆိုးဆိုးဝါးဝါး စိုစွတ် လျှက်ရှိသည်ကို တွေရပေသည်။ အ၀တ်အစားများက ဟောင်းနွမ်း စုတ်ပြတ်နေပြီး သူ့ခန္ဒာကိုယ်ပေါ်မှ ရေများဟာ ကြမ်းပြင်ပေါ်သို့ စီးကျ
လျှက်ရှိပေသည်။ ဦးထုပ်လည်းဆောင်းထားခြင်းမရှိပေ။ သူ့မျက်လုံးများအထက်ရှိ ထောင်နေသော ဆံပင်များမှ ရေစက်တို့က
မီးကျီခဲ များ အပေါ်သို့စီးကျနေသောကြောင့် တစ် ရှဲ..ရှဲ မြည်နေပေသည်။

ထိုလူကိုကျွန်တော် မြင်လိုက်သည်နှင် တစ်ပြိုင်နက် ဥပဒေဘောင်အတွင်း မှလူမဟုတ်ဟု ယူဆမိလိုက်သော်လည်း လူကြီးလူကောင်းတစ်ယောက်ဖြစ်မည်ဟု တဖန်တွေးယူမိလိုပြန်သည်။ ထို့ကြောင့်ကျွန်တော်ကပဲ သူ့ကို စတင်နူတ်ဆက်လိုက်လေရာ မကြာမီ ရင်းနှီးသွားကြပါသည်။ ကျွန်တော်က စကားစမိလိုက်သည်..။

`ကျွန်တော်တို့ လူသားတွေအတွက် တော့ သာယာတဲ့ မိုးလေ၀သ
ဆိုတာ ဘယ်မှာရှိနိုင်မှာလဲ မိတ်ဆွေရာ ။ ဒါပေမယ့် ဒီတဲကလေးက
ခြောက်ခြောက်သွေ့သွေ့ ရှိနေလို့ တော်သေးတယ်လို့ဆိုရမှာပေါ့ဗျာ´

တဲအပြင်ဖက်တွင် ရှိနေသော သေလုမျောပါး နေကြာပင်များနှင့်
အတိုင်းအဆမရှိ သန်စွမ်းနေကြသော ပေါင်းပင်ကြီးများသည် မိုး
ရေကြောင့် ယိမ်းထိုးနေကြလေသည်။

ထိုလူစိမ်းက
`တစ်ချိန်က ဒီတဲလေးဟာ သိပ်သန့်ရှင်းမှု မရှိခဲ့ဘူး။ ဒါပေမယ့် သာမာန် ဧည့်
ရိပ်သာလေ တစ်ခု ဖြစ်ခဲ့တယ်။ အခုတော့နေတဲ့ အမြဲနေတဲ့သူ မရှိ
တော့ဘူး´

သို့သော် သ**********များနေထိုင်သည့် နေရာတို့
တွင် တွေ့ရတတ်သော ဘူးခွံ၊ပုလင်းခွံ စသည်တို့ကို ဤတဲ အတွင်းတွင် လုံးဝမတွေ့ရပေ။

`ဒါနဲ့ … အဲ့ဒါတွေကို ဘာလို့မတွေ့တာလဲ…´
သူပြောခဲ့သလို သန့်ရှင်းမှုမရှိခဲ့ဘူး ဆိုရင် အခု ဘာကြောင့် အဲ့ အရာများ မတွေ့ရသနည်း။ ကျွန်တော်မေးခွန်း ထုတ်နေမိသည်။ ထိုလူက အဖြေစကား
မဆိုမီ မသက်သာသောဟန်ဖြင့် သက်ပြင်းကို လေးလေးပင်ပင်
ချကာ
`ဒီတဲမှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်´
ကျွန်တော်
်မယုံနိုင်သော အကြည့်နှင့် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်မိလိုက်သည်။

`အဲ့ဒီသရဲက အလွန်အစွမ်းထက်တာ၊ သူ့ဇာတ်လမ်း
အကျဉ်းကတော့ သူဟာ ဒီတဲအနောက်မှ ရှိတဲ့ ရေတွင်း ပျက်ထဲကို
ကိုယ်တိုင် ဆင်းသေလိုက်တာပဲ ..´

ကျွန်တော်စိတ်ဝင်စား သွားပြီးသူ့အနားကို တိုးသွားမိတယ်။
ဒီ့နောက်သူက ဆက်ပြီးပြောတယ်
`တွေ့တဲ့ လူတွေက ဆွဲတင်လိုက်တော့ သူ့တစ်ကိုယ်လုံး ရွှံ့တွေပေပြီးသေနေတယ်။ အဲ့ဒီ့သရဲက ဒီ
တဲပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတယ် ။ တစ်ခါ တခါ ဒီ
တဲထဲကို မိုးဝင်ခိုတဲ့ လူတွေဆိုရင် သူ့ခြေသံကြောင့် အိပ်ရေးပျက်ကြရတယ်..။ ´

ပြောရင်း ထိုလူစိမ်းက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။ ကျွန်တော်က-
`ဒါပေမယ်.. ကျွန်တော်တို့ကိုတော့ ဒီသရဲကခြောက်မှာ တော့ မ
ဟုတ်ပါဘူး ´
`ဟုတ်ကဲ့ ….ကျွန်တော်တို့ကိုသူက ခြောက်မယ်မထင်ပါဘူး´ သူ့

စကားအဆုံးတွင် ကျွန်တော်က ရယ်လိုက်ပြီး ….
`ဟား..ဟား.
.ဟားး… ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ကတော့ သရဲဆိုတာကို တစ်ခါမှမမြင်ဖူးပါဘူး´
ထိုလူစိမ်းက စိတ်ပျက်သည့်အသွင်ဖြင့် ကျွန်တော်ကို စူးစိုက်ကြည့်လေသည်။ ပြီးတော့.သူက……
` ဟုတ်ကဲ့ ခင်ဗျားဘယ်တော့မှမြင်ဘူးမှာ မဟုတ်ဘူး ။ ဒါပေ့မယ့်
…ဒီတဲမှာ ၀င်တည်းကြတဲ့ သူတွေအားလုံး သရဲမခြောက်ခံရတာမ
ရှိဘူး ။ အကုန်လုံးခြောက်ခံ ရတာကြီး ပဲ´

ထိုသူမည်သို့ပင်ပြောနေပါစေ ကျွန်တော်က မယုံကြည်ပါ။
`ကျွန်တော့်ကို အိပ်ရေးပျက်အောင်လုပ်နေတာ သရဲမဟုတ်ဘူး..။
မိတ်ဆွေ တဲပေါ်တက်လာလို့ ကျွန်တော်နိုးသွားတာ.. ´

ထိုအခါ ထိုသူက ကျွန်တော့်ကို လှောင်ပြောင်သလို ရယ်နေလေ
သည်။
`ဟား…ဟာ.း…ဟား…ဟား…ဟား´
သူ၏ကိုယ်မှစီးကျနေသော ရေထို့က အဆက်မပြတ် ကြမ်းပေါ်သို့ စီးကျ နေပေသည်။
သူ့ကိုယ်မှလည်း အနံ့ဆိုးများ ထွက်ပေါ်၍ လာလေပေသည်။

`ဘု ရားရေ….မိတ်ဆွေ ….အနေနဲ့ ဘယ်တော့မှ မခြောက်နိုင်တော့ဘူးလား…´ ဟု ကျွန်တော် ပြောလိုက်မိသည် ။

ထိုလူက အနည်းငယ်ရယ်လိုက်ပြီး ………

`မခြောက်တော့ဘူးတဲ့ လား …ဟ…ဟ….ဟ ကျွန်တော်က ဘယ်
တော့မှခြောက်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့လို လူတွေဟာ မိုးလေ၀သ ကောင်းကောင်း ၊ ဆိုးဆိုး နွေဖြစ်ဖြစ်၊ဆောင်းဖြစ်ဖြစ် ဘယ်တော့မှ ခြောက်တယ်ဆိုတာ မရှိဘူး.. ဒီမှာကြည့်လေဗျာ´

ပြောပြောဆိုဆိုနှင့် သူ၏ရွံများပေနေသော လက်အစုံကို မီးထဲသို့ ထိုးသွင်းပြီးကျွန်တော့်ကို စူးစိုက်ကြညိ့နေလေသည်။ ကျွန်တော် အခုမှ
သူပြောသမျှတွေသတိရ သွားပြီး ကျွန်တော့် ဘွတ်ဖိနပ်ကိုကောက်ယူကာ ကြောက်လန့်တကြားအော် ဟစ်ကာ မိုးသက်လေပြင်းကျနေသော ညအမှောင်ထဲသို့ ထွက်ပြေးခဲ့မိပါတော့သည်။

( ဖတ်ရှုပေးကြတဲ့ သူငယ်ချင်းများအားလုံး ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ၊ နောက်ထပ် ဆက်ပြီး အားပေးကြပါဦး ခင်ဗျာ )

Credit by Ko Ye' Tayza
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
Read More...

Sunday, June 28, 2015

သရဲအား သွားရောက် စိန်ခေါ်မိသူ

Leave a Comment
သရဲအား သွားရောက် စိန်ခေါ်မိသူ

ကျွန်တော့် အဖေက စစ်သားဆိုတော့ အဖေတာဝန်ကျရာနေရာကို ကျွန်တော်တို့ မိသားစုက လိုက်နေရပါတယ်…။ ဒါကြောင့် နေရာတော်တော်များများကိုကျွန်တော် ရောက်ဖူးပြီး မရိုးလှတဲ့ အတွေ့အကြုံ အသစ် များစွာကိုလည်း ရရှိခဲ့ရပါတယ်..။ကျွန်တော့်အနေနဲ့ အရင်တုန်းက ပြောခဲ့သလိုပါပဲ…၊ ကျွန်တော့်မှာ ထူးခြားတဲ့ ပါရမီခေါ်မလား..၊ကံပဲ နိမ့်တယ် ခေါ်မလား..၊ ကျွန်တော် ဟာ သရဲ၊ ၀ိဥာဉ် ၊ တို့ရဲ့ ခြောက်လှန့်ခြင်း ကိုအကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ်…။ဒီလိုဖြစ်ရပ်မျိုးတွေမှာ ကြောက်စရာသိပ်မကောင်းခဲ့တဲ့ဖြစ်ရပ်မျိုးတွေ ရှိပေမယ့် တစ်ချို့ဖြစ်ရပ်တွေကတော့အသည်းငယ်သူတွေအဖို့တော့သည်းချေပျက်နိုင်လောက်တဲ့ ဖြစ်ရပ်မျိုးတွေပါ…။ အဲ့ဒီထဲက ဖြစ်ရပ် တစ်ခုကို ကျွန်တော် ဒီပို့စ်လေးမှာ ဖောက်သည်ချပြီးပြောပြပါ့မယ်…။

ကျွန်တော့် အမေက ရှမ်းစစ်စစ်ပါ…။ စစ်သားဖြစ်တဲ့အညာသား အဖေက ရှမ်းပြည်နယ်ဖက်မှာ တာဝန်ကျရာ ကနေ အမေနဲ့ အကြောင်းပါခဲ့ပါတယ်..။ အမေ့ရဲ့ရွာဖြစ်တဲ့ မိုင်းယော်ဆိုတဲ့ရွာလေးက လားရှိုးကနေ မိုင် ၁၀၀ လောက် ကွာဝေးတဲ့ နေရာမှာရှိပါတယ်…။ တစ်နေ့မှာ… ရွာကို မရောက်ဖြစ်တာကြာပြီ ဖြစ်တဲ့ အမေက ရွာကို အလည်သွားမယ်..၊တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်ကိုလည်း အမျိုးတွေနဲ့ မိတ်ဆက်ပေးပြီး ခေါ်သွား မယ်လို့ပြောပါတယ်…။ ကျွန်တော်ကလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ ကိုယ့်ဆွေမျိုးတွေရှိရာ ရွာကိုသွား လည်ရမှာ ဆိုတော့ ပျော်လို့ရွှင်လို့ပေါ့ဗျာ…။အဲ့ဒီအချိန်တုန်းက ကျွန်တော့်အသက်ကက ၁၂ နှစ်သားအရွယ်လောက်သာ ရှိပါအုံးမယ်…။ မိုင်းယော်ဆိုတဲ့ ရွာကလည်း ကားလမ်းတောင် ကောင်းကောင်းမပေါက်သေးတဲ့ခေတ်မှာ အတော်ကို ခက်ခက်ခဲခဲ သွားလာ ရပါတယ်.. (အခုတော့ လမ်းတွေပေါက်ပြီး မြို့ တစ်ခုဖြစ်နေပါပြီ…)…။


ကားကို တစ်နေကုန် စီးလိုက်..ဗွက်နစ်ရင် ဆင်းတွန်း လိုက်…လုပ်ပြီး ၁၅ နာရီလောက်ကြာအောင်စီးလို့အပြီးမှာ အမေတို့ရွာ ကို ရောက်ပါတော့တယ်…။ကျွန်တော် ရွာကိုရောက်ပြီးမှ သိခဲ့ရတာကရွာက အယူသည်းမှုတွေကိုပါ..။ ထုံးစံ ဓလေ့လို့လည်း ပြောလို့ ရမှာပေါ့လေ…။ ဥပမာ – ဗိုက်ကြီးသည်ခရီးသည်ကို ရွာမှာရှိတဲ့ ဘယ်သူ့အိမ်မှာမှ ညအိပ်/ညနေ နေခွင့်မပြုပါဘူး..၊ အဲ့လိုပဲ လင်မယားခရီးသည်ကိုလည်းရွာမှာ တည်းခွင့်မပေးပါဘူး..။ တစ်ခြား အယူတွေ လည်းအများကြီးရှိပြီး အခုချိန်ထိတောင်ဒီအယူတွေ ရှိပါသေးတယ်…။ အဲ… ပိုဆိုးတာက… ရွာမှာ စုန်း.၊ ကဝေတွေ တတ်တဲ့ လူတွေလည်း အများသားဆိုပဲ…၊ အမေ ကတော့ သတိပေးတယ်..။ စကားပြောရင်သတိထားဖို့..၊ သူများတွေ စိတ်တိုအောင် မပြောဖို့..၊ အမြင်ကတ်အောင် မနေဖို့ ဘာညာပေါ့ဗျာ…။ ကျွန်တော်ကို့ အမေ သက်သက် ကြောက်အောင် ခြောက်ပြောတယ် ပဲ မှတ်နေခဲ့တာပါ..။ ကိုယ်တိုင်ကြုံမှပဲဒီအဖြစ်အပျက်တွေကို ကျွန်တော် ယုံကြည်ခဲ့ ရပါတော့တယ်….။

တစ်နေ့ ကျွန်တော့် ဦးလေးနဲ့ ရွာထဲလမ်းလျှောက်ထွက်လာရင်း သရဲမွေးတယ်လို့ နာမည်ကြီးတဲ့ အိမ်ကို ဦးလေးက ကျွန်တော့်ကိုအဝေးကနေ ပြပါတယ်..။ အိမ်က တဲကုပ်သာသာလေးဖြစ်ပြီး လူတွေနဲ့ ဝေးတဲ့ ရွာပြင်စပ်စပ်မှာတစ်လုံးတည်း တည်ရှိနေပါတယ်..။ ကျွန်တော် ဒီနေရာကို မှတ်ထားလိုက်တယ်..။ လူကလည်း ငယ်ငယ်…၊စူးစမ်းချင်စိတ်ကလည်းရှိတာမို့ ဒီနေရာ ကို ငါပြန်လာခဲ့အုံးမယ်လို့ စိတ်တေးထားလိုက်ပါတယ်..။ လူကြီးတွေ လစ်တဲ့ တစ်နေ့မှာ ကျွန်တော်အဲ့ဒီ အိမ်ကို ထွက်ခဲ့ပါတယ်..။ အချိန်ကတော့ နေ့လည်ကြီးပါ…၊ ညဘက်ထွက်ရအောင်တော့ ကျွန်တော်သတ္တိ မကောင်းပါဘူး..။ အဲ့ဒီတဲရှေ့ရောက်ပြီဆိုရင်ပဲ ကျွန်တော် ရပ်ပြီး သေချာကြည့်လိုက်တယ်…။ ဘာမှန်းမသိတဲ့ ၀မ်းနည်းတဲ့ ခံစားမှု တစ်ခုကို ကျွန်တော်ခံစားလာရပြီး ဒီအချိန်မှာပဲ ကျွန်တော့်တစ်ကိုယ်လည်းကြက်သီးမွေးညှင်းတွေ တဖြန်းဖြန်းထလာခဲ့ပါတယ်…။ ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့ ခဲလုံးကိုကောက်ပြီးအိမ်ကို လေးငါးချက်လောက်ပေါက်လိုက်ပါတယ်…။ ပြီးတော့ သေးနဲ့လှည့်ပန်း လိုက်ပြီး “နင့်ကိုငါ မကြောက်ဘူးဟေ့…” ဆိုပြီးအော်ကာ အိမ်ကို ကျွန်တော် ထွက်ပြေးခဲ့ပါတော့တယ်…။ လုံးဝ မရပ်မနားပဲ အိမ်ကို တောက်လျှောက်ပြန်ပြေးခဲ့ရာမှာလမ်းမှာတော့ ကျွန်တော် တစ်ခါ ချော်လဲခဲ့ပါတယ်…။
ကျွန်တော် အဲ့ဒီနေ့ကစပြီး နောက်တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော် လုံးဝ မမှတ် မိတော့ပါ..။ အောက်ပါ ဖြစ်ရပ်များကအမေက ကျွန်တော့်ကို ပြန်ပြောပြခြင်းအား ရေးသားထားခြင်း ဖြစ်ပါသည်…။

ကျွန်တော် အိမ်ကို ချွေးတလုံးလုံးနဲ့ကမူးကတိုး ပြန်ပြေးလာပြီး အရမ်းကို မောဟိုက်နေပါတယ်..။ ကျွန်တော် ရှမ်းလို ရေသောက်ချင်တယ်လို့လှမ်းတောင်းပါသတဲ့ (ကျွန်တော် ခုချိန်ထိ ရှမ်းစကားလုံးဝကိုမတတ်ပါ..) အမေတို့ကတော့ အံ့သြလို့ပေါ့…။ အဲ့ဒီအချိန်မှာပဲ နောက်ဖေးမီးဖိုချောင်ထဲပြေးဝင်သွားပြီးအမဲသားရေခြောက် တွေကို အစိမ်းလိုက် ကိုက်စားနေပါတယ်..။ အမေတို့က ကျွန်တော့်ကို ၀ိုင်းပြီးချုပ်ပြီး မေးမြန်းကြပါတယ်..။ ဘယ်သွားခဲ့လဲ..? ဘယ်လုပ်ခဲ့လဲ ? ဘာစားခဲ့လဲ ဆိုတာတွေကိုပေါ့ဗျာ…။ကျွန်တော် ဘာမှကို ပြန်မဖြေပဲ ရုန်းပဲ ရုန်းနေပါသတဲ့..။ အမေပြောတာကတော့ အဲ့ဒီအချိန်မှာကျွန်တော်ဟာ ကျွန်တော်မဟုတ်တဲ့ တစ်ခြား တစ်ယောက် ဖြစ်နေတယ်ဆိုတာကိုပါပဲ…။ အမေတို့က ကျွန်တော့်ကို ဘုန်းကြီးတွေပင့်ပြီးကမ္မ၀ါဖတ်..၊ ပရိတ်ရွတ်လုပ်ပေးကြတယ်လို့ပြောပါတယ်..။ ကျွန်တော်ကတော့ မထူးခြားလာပါဘူး..၊နေ့တိုင်း နေ့ဘက်တွေဆိုငြိမ်ပြီး အိပ်နေတတ်ပေမယ့် ညသန်းခေါင်ချိန်ရောက် ရင် ထပြီး မီးဖိုချောင်ထဲမှာရှိသမျှ အသားစိမ်း၊ ငါးစိမ်းကို အကုန်စားပါသတဲ့..။ အထူးခြားဆုံးကတော့ ည (၁၂) ထိုးတိုင်းအိမ်ရှေ့ဟင်းလင်းပြင်ကိုထွက်ပြီး ရှမ်းသီချင်းအော်ဆိုကာ ရှမ်းအက ကို ကတော့တာပဲဖြစ်ပါတယ်…၊

အမေတို့ခမျာ ကြောက်ပြီး ဘယ်လို ခံစားနေရမလဲ စဉ်းသာ စဉ်းစားကြည့်လိုက်ပါတော့ဗျာ.။

နောက်ဆုံးလားရှိုးကိုပြန်ခေါ်ပြီး ကုဖို့ပဲ စီစဉ်ကြပါတော့တယ်…။

အဲ့ဒီအချိန်မှာ ဦးလေးဖြစ်သူက ကျွန်တော့်ကိုရွာစွန်က အိမ်ကို တစ်ခါခေါ်ပြဖူးကြောင်း ပြောပြလိုက်တော့ အဖိုး၊ အဖွားတို့ကို ဦးလေးဖြစ်သူကိုဆူပူကြိမ်းမောင်းလိုက်တာများ ဦးလေးခမျာ ငိုတောင်ငိုရတယ်လို့ ပြောပါတယ်.။

အဖြေက သေချာနေပြီလေ..ကျွန်တော် အခုလို ဖြစ်တာ အဲ့ဒီခြံရဲ့ လက်ချက်ပဲဆိုတာ..။ အဘိုးက ချက်ချင်းပဲ အဲ့ဒီခြံကို ထွက်သွားတယ်..နောက်ကနေအဘွားက ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ လိုက်သွားတယ်..။ ခြံရှေ့မှာ အဘိုးအပါအ၀င် အသက်ကြီးတဲ့လူကြီးလေးငါးခြောက်ယောက်လောက်က လက် အုပ်ချီပြီး ဘုရားစာမဟုတ်တဲ့ ရှမ်းဂါထာတွေကို သံပြိုင်ရွတ်ဆိုကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီတဲထဲက အသက် (၈၀) လောက်ရှိပြီ ဖြစ်တဲ့ အဘွားအိုတစ်ယောက် ထွက်လာပါတယ်..။အမေပြောပြတဲ့ အဘွားအို ပုံစံကို ကျွန်တော် မမှတ်မိတော့ပါ..။

တော်တော့်ကို ကြောက်စရာကောင်းကြောင်းတော့မှတ်မိပါသည်..။ အဘွားအိုက ရှမ်းလို… “အေး..နောက်ခါငါ့အိမ်ဘက် လာမဆော့စေနဲ့..၊ ငါ့သားတွေက အရင်လို ငါ့စကား သိပ်နားမထောင်တော့ဘူး..”လို့ပြောပြီး ဆေးလေးတစ်လုံး လာပေးပါတယ်…ပြီးတော့ ချက်ချင်းပဲ အိမ်ထဲပြန်ဝင်သွားပါတယ်…။ကျွန်တော် ပြန်မှတ်မိတာကတော့ အဲ့ဒီဆေးသောက်ပြီးနောက်ပိုင်းကာလတွေကိုပါ..။ ကျွန်တော် ဒီတစ်ပတ်ထဲ ဘယ်ရောက်ပြီး ဘာတွေလုပ်နေသလဲဆိုတာကတော့တော်တော်ကိုပြောဖို့ခက်တဲ့ ကိစ္စတစ်ခုပါ..။ ကျွန်တော် မဟုတ်တဲ့ ကျွန်တော့်ကို ၀င်ပူးတဲ့ရှမ်းကောင်လေးက ဟို အဘွားကြီးရဲ့ ရေနစ်ပြီးသေသွားတဲ့ သားလို့လည်း ပြောကြပြန်ပါတယ်..။ ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး..။

အဘိုးတို့ ပြောကြတာကတော့ သူတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ကြောင်း၊ သူ့တို့ဟာသူတို့နေကြတာဖြစ်ကြောင်းနဲ့ အဘွားကြီးမှာ ကျွန်တော့်အရွယ် သား (၃) ယောက်ရှိကြောင်း၊ ချောင်းထဲရေဆင်းကူးရင်း သုံးယောက်လုံး သေဆုံးသွားရာမှာ ကလေးတွေကို ခြံထဲမှာပဲ မြှပ်ထားကြောင်း၊ညဘက်ဆိုရင် အဲ့ဒီအိမ်မှ စကားပြောသံတွေ ကြားရကြောင်း ကျွန်တော် ပြန်ကြားသိရပါတယ်…။

ကျွန်တော်နဲ့ အမေကတော့ ကျွန်တော် ဆေးသောက်လို့နေကောင်းပြီး နောက်တစ်ရက်မှာပဲ လားရှိုးကို ပြန်လာခဲ့ကြပါတယ်..။ အခုချိန်မှာတော့ ဒီလိုမျိုးကိစ္စတွေအဲ့ဒီရွာလေးမှာ မရှိလောက်တော့ပါဘူး..၊ အခွင့်အခါကြုံရင်တော့ နောက်တစ်ကြိမ်သွားလည် ဖို့ကြိုးစားလိုက်ပါအုံး မယ်ဗျာ….။

One of Admins
ခေတ္တ – ဝါးနက်ချောင်းကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
Admin :ကြွေရုပ်
Ygn News

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
Read More...

Tuesday, June 23, 2015

အသတ်ခံရပြီးတစ်လကျော်ကြာတဲ့ အထိအသံတွေကြားကြားနေရလို့

Leave a Comment

အသတ်ခံရပြီးတစ်လကျော်ကြာတဲ့ အထိအသံတွေကြားကြားနေရလို့

ရန်ကုန်မေ၇။ ။နံနက် ၃း၃၀ နာရီဝန်းကျင်ရန်ကင်း ၁၂ ရပ်ကွက် က အိမ်လေးတစ်အိမ်မှာ အိုးခွက်တွေကိုကိုင်တွယ်နေသံကို
အဲ့သည့် အိမ်မှာ နေထိုင်တဲ့ သူတွေ အကုန်ကြားရပါတယ်။

ရန်ကင်းမြို့နယ် ၊မေတ္တာရိပ်သာလမ်းဆုံ ၁၂ ရပ်ကွက်မှာ အသတ်ခံခဲ့ရတဲ့ ကိုမင်းမင်းဦး (ခ)အကြီးကောင်က သူ့အိမ်မှာ ပုံမှန် မနက် အစောဘက်ဆို ထမင်းချက်၊ရေနွေးတည် လုပ်ပေးသလို သူတို့နေတဲ့အိမ်ရှေ့ ခြံဝန်းကိုသန့်ရှင်းရေးလည်း လုပ်တယ်။

ရပ်ကွက်ထဲမှာလည်း မြောင်းဖေါ်တာတာဘာညာလည်း ကိုမင်းမင်းဦးပါပါတယ်။
အသတ်ခံရသူ ကိုမင်းမင်းဦးရဲ့ဇနီးဖြစ်သူ မဇင်ဇင်အောင်က “သူဆုံးပြီးပေမယ့်လည်း
မနက်သူထနေကျအချိန်ဆိုရင်အဲ့လို အိုးသံခွက်သံ၊ပန်းကန်သံတွေကြား
ရတတ်တယ်။

သူက ခြံထဲမှာ မျက်ရှင်းတယ်။ပြီးရင် သူ့ယောက္ခမဆီက ကွမ်းဖိုးတောင်းတတ်တယ်။သူ့ပါးစပ်ထဲမှာ အမြဲတမ်းကွမ်း
ရှိတယ်။ တနေ့ သူ ပုံမှန်ခြံရှင်းပြီးချိန်လောက်မှာ ဒေါ်ကြီးရေ၊ဒေါ်ကြီးရေ ဆိုတဲ့ ခေါ်သံ
ကြားရတယ်။

ကျွန်မအေမက အော်အကြီးကောင်တော့ ကွမ်းဖိုးလာတောင်းတာလားမသိဘူးလို့
ပြောတယ်” လို့ပြောပါတယ်။

တစ်လပြည့် ဆွမ်းကျွေးတော့ ဘုရားဆွမ်းတော်ကပ်ထားတာကို သွားကျွေးပြီး
ကလေးတွေကြောက်အောင်လာလာမပြနဲ့တော့ဆိုတော့ လာမပြတော့ဘူးလို့ မဇင်ဇင်အောင်ကဆိုပါတယ်။

မဇင်ဇင်အောင်က “ကျွန်မတိုက်ကြီးကို ဧပြီလ ၂၂ ရက်နေ့ကသွားတော့
ကွမ်းငုံပြီးစားထားတဲ့ အသံနဲ့ မကြီးရေ တံခါးလေးဖွင့်ပေးပါဆိုလာခေါ်တယ်။ ကျွန်မ အမတွေက လည်း ညဘက်ဆိုတော့ တံခါးမဖွင့်ပေးဘူး။နောက် ည ၁ နာရီလောက်မှာ တစ်ခါ လာတယ်။

မကြီးရေ တံခါးလေးဖွင့်ပေးပါဆိုပြီးလာခေါ်တာမျိုးကြားရတယ်။မနက်ကျတော့ ကျွန်မ အမတို့က သူတို့ ထင်တဲ့သူကို ညဘက်နင်လာသေးလား ဆိုတော့ အဲ့ဒီ့ကောင်လေးက မလာဘူးလို့ ဖြေတယ်။

ကျွန်မကတော့ ကျွန်မ ယောကျာင်္းအသံဆိုတာ မှတ်မိတယ်။သူက သူအသက်ရှိစဉ်ကတည်းက အိမ်လည်တာမျိုးကို မကြိုက်ဘူးလေ” လို့ပြောပါတယ်။
အဲ့သည့်တိုက်ကြီးကိစ္စက တစ်လပြည့် ဆွမ်းကျွေး အပြီးမှ ဖြစ်တဲ့ ကိစ္စဖြစ်ပါတယ်။
အိမ်နားမှာတော့ အသံဗလံ ကြားရတာမျိုးမရှိတော့ဘူးလို့ဆိုပါတယ်။

The Modern News Journal
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း-အွန်လိုင်းမီဒီယာ)
09253311019
Read More...

Friday, June 19, 2015

မြောက်ဥက္ကလာ ဆေးရုံက ပါးကွက်သရဲ..

Leave a Comment
မြောက်ဥက္ကလာ ဆေးရုံက ပါးကွက်သရဲ..

ကျွန်မရဲ့.. ကိုယ်တွေ့ဖြစ်ရပ်လေးပါ… ၂၀၀၇ သြဂုတ်လမှာ.. ကျွန်မမိခင်.. အမျိုးသမီး..ရောဂါတစ်ခုကြောင့်.. မြောက်ဥက္ကလာဆေးရုံမှာ.. ၂ လခန့်ကြာအောင်.. ဆေးကုသမှုခံယူရပါတယ်.. ဆေးရုံဆိုတော့.. သိတဲ့အတိုင်း မည်သူမှ.. သွားချင်တဲ့..နေရာ.. မဟုတ်ပေမယ့်.. တကယ်တမ်း.. ဖြစ်လာတော့လည်း.. သွားရတာပါပဲ.. ၂ လဆိုတဲ့.. သက်တမ်းမှာ.. အဲ့ဒီဆေးရုံအကြောင်းမှာရှိတဲ့..ပေတတွေရဲ့..အကြောင်းကို.. သိလာရတဲ့အပြင်.. ကိုယ်ကိုယ်တိုင်ပါ… ကြုံခဲ့ရပါတယ်.. ဆေးရုံမှာ.. ရေခဲတိုက်ပါရှိတော့.. နေ့စဉ်.. သေနေတဲ့.. သူတွေကို… သံအုပ်ဆောင်း အခေါင်းနဲ့..ခေါ်ခေါ်သွားတာကိုလည်း.. မြင်ရပါများလို့..ရိုးနေပါပြီ… လူသေလို့. သံအုပ်ဆောင်း အလွတ်နဲ့..လာခေါ်ရင်.. ဂလုန်းဂလုန်း နဲ့..အသံကလည်း.. ညဘက်ဆိုရင်..စိတ်ခြောက်ခြားဖွယ်ရာပါ.. လူသေကို.. ရေခဲတိုက်ခေါ်သွားတဲ့..လုပ်သားတွေကလည်း.. ညဆိုရင်.. အရက်ကို… မူးအောင်.. သောက်ပြီးမှ.. ရေခဲတိုက်ထဲကို.. ၀င်ရဲတယ်ဆိုတဲ့အကြောင်းလည်း.. တဆင့်စကားနဲ့.. သိရပါတယ်.. ကျွန်မကိုယ်တိုင်ကလည်း.. သရဲဆို… သေလောက်အောင်.. ကြောက်တတ်ပေမဲ့.. ငယ်ငယ်ထဲက.. သရဲကားဆိုရင်.. မကြည့်ရမနေနိုင်ပဲ.. ယပ်တောင်ကြားက.. ခိုးကြည့်ရင်းနဲ့. ၁ ကားလုံးပြီးတဲ့အထိကြည့်သူပါ…. အသုဘသွားပို့ရင်လည်း.. လူသေရဲ့… လက်တို့.. ခြေထောက်တို့ကို.. သွားကိုင်ကြည့်တတ်တယ်.. ညအိပ်တော့မှ… စောင်ကြီးခေါင်းမူးခြုံပြီး… ငါကိုင်ခဲ့တာကြီးက.. အေးစက်နေတာပဲဆိုပြီး.. ကြောက်ရတဲ့.. အရသာကို.. တစိမ့်စိမ့်နဲ့.. ခံစားတတ်သူပါ… ဒီတော့.. ဆေးရုံရောက်တုန်းလည်း.. ဘယ်နေလိမ့်မလဲ… ဘေးကုတင်က. လူနာစောင့်ကို.. အဖောစပ်ပြီး.. ရေခဲတိုက်.. ဘက်ကို.. နေ့ခင်းဘက်.. သွားစပ်စုလိုက်သေးတယ်… သရဏံဂုဏ်.. တင်တဲ့ဇရပ်လည်း.. ရေခဲတိုက်အရှေ့မှာ..ရှိပါတယ်.. နေ့တိုင်းနေ့ရော ညရော.. တွန်းတွန်းနေတဲ့.. လူသေတင်တဲ့.. လှည်းနဲ့.. အခေါင်း တခုကိုလည်း.. အဲ့ဒီ့အနီးတ၀ိုက်မှာပဲတွေ့တယ်… လူသေတွေရှိတဲ့… နေရာမို့လို့လားပဲ..မသိပါဘူး….. တကယ့်ကို.. တစပြင်ပါပဲ… ဆေးရုံနားတ၀ိုက်မှာ.. ဟိုဟိုဒီဒီ… တွန်နေတဲ့… ငှက်ကလေးတွေအသံကိုတောင်.. အဲ့ဒီ့နားမှာ.. မကြားရဘူး.. ကျီးကန်း ၂ ကောင်.. ၃ ကောက်လောက်.. အာနေတဲ့..အသံပဲ.ကြားရတယ်… နေ့ခင်းတောင်.. ခြောက်ခြားစရာပါပဲ… ရေခဲတိုက်က..မှန်တွေကိုတော့… သတင်းစာစက္ကူတွေ.. ကပ်ထားတယ်.. အထဲကိုတော့.. လှမ်းကြည့်လို့မရပါဘူး.. ကျွန်မတို့ ၂ယောက်လည်း.. အဆောက်အဦး.. တ၀က်အထိပဲရောက်လိုက်တယ်.. အဆုံးအထိသွားဖို့ကို… ကိုယ့်စိတ်က..ခွင့်မပြုဘူး… ဒါနဲ့ပဲ.. ပြန်လှည့်ခဲ့ကြတယ်… ဒီကြားထဲမှာ.. မွေးဖွားဆောင်ဘက်မှာလည်း.. ခဏခဏ.. သရဲခြောက်တယ်ဆိုတဲ့.. အသံတွေ.. ကြားရပါတယ်.. ညဘက်ကို… ညည်းသံကြားရတာတွေ… နာ့စ်တစ်ယောက်… လူနာကြည့်ပြီး အပြန်မှာ.. သူ့ဘေးနားက.. ခေါင်းမပါပဲ.. ကိုယ်ကြီးသက်သက်.. ဖြတ်သွားတာတွေ… ဆရာဝန်မ တစ်ယောက်.. ညဘက်.. ဂျူတီကျလို့.. နားနေခန်းမှာ.. ၀င်အိပ်နေတုန်း… ဘေးနားမှာ.. သရဲက.. ယပ်လာခပ်ပေးနေတာတွေ.. မျိုးစုံပါပဲ… အော်.. ဒါနဲ့… မွေးဆောင်နဲ့. ကျွန်မတို့.. အမျိုးသမီးဆောင်နဲ့က.. မျက်နှာချင်းဆိုင်ပါ….. မွေးဆောင်အပြင်ဘက်က.. ကော်ရစ်တာမှာတော့. လူတွေ.. ရှုပ်နေတာပါပဲ.. အမျိုးသားတွေက… မွေးဆောင်မှာ.. ညမအိပ်ရဘူးဆိုတော့.. မွေးဖွားသူ.. ယောက်ျားတွေနဲ့.. ကလေးတွေ.. အမျိုးတွေနဲ့.. ကော်ရစ်တာမှာ.. ပြည့်နေတာပါပဲ…. ကဲ.. ထားပါတော့.. လိုရင်းက.. အခုမှ.. ရောက်မှာ…. အဲ့ဒီ့နေ့ညက.. မိုးလေး.. ခပ်ဖွဲဖွဲရွာနေတယ်.. ဒီတော့…. ကျွန်မတို့အခန်းမှာ.. ပြူတင်းပေါက်.. တံခါးတွေကို.. အားလုံးနီးပါ.. ပိတ်ထားတယ်… အခန်း၁ ခန်းမှာ.. ကုတင်က.. ၁၅ လုံး.. ၁၆ လုံးခန့်.. ခြေရင်းခြင်းဆိုင်ပြီးတော့.. ထားထားပါတယ်… အခန်းက.. အမျိုးသမီးဆောင်မှာ.. စုစုပေါင်း.. ခန်းမကျယ်.. ၃ ခန်းရှိတယ်… အခန်းတွေတိုင်းမှာ… ထွက်ပေါက်က… ၂ ခုရှိပါတယ်…ကျွန်မတို့က.. အမျိုးသမီးဆောင်.. ၀င်ဝင်ချင်း ပထမဆုံးအခန်း…. အဲ့ဒီ့နေ့က.. ကျွန်မတို့ဘေးကုတင်က.. လူနာဆင်းသွားတော့.. ကျွန်မမိခင်က.. အဲဒီ့.. ကုတင်မှာ.. သွားအိပ်ပါတယ်… ခါတိုင်းက.. ကုတင်၁ ခု ထဲမှာပဲ.. သားအမိ၂ ယောက်… အိပ်တယ်.. ထားပါ.. အဲ့နေ့ကတော့.. ကျွန်မ.. ၁ ယောက်ထဲ.. လူနာကုတင်မှာ.. အိပ်နေတာပေါ့နော်… ည ၃ နာရီလည်း ထိုးရော.. ကျွန်မရုတ်တရက်.. နိုးလာပါတယ်… လူတိုင်း ညဘက် အိပ်နေရင်း တရေးနိုးဖူးကြမှာပါ… ဒါပေမဲ့.. အိပ်ချင်မူးတူးတော့..ဖြစ်နေတတ်ပါတယ်.. ကျွန်မနိုးလာပုံက.. အဲ့လိုမဟုတ်ဘူး.. နိုးနိုးချင်း.. ခေါင်းက.. ကြည်နေတာပဲ.. အမြင်လည်းကြည်နေတယ်… မျက်နှာချင်းဆိုင်က.. ဆေးရုံနာရီကြည့်လိုက်တော့.. ၃ နာရီ.. တိတိ… လူကလည်း.. ကြည်ကြည်လင်လင်နိုးလာတော့.. အူကြောင်ကြောင်ဖြစ်နေတယ်.. အဲ့ဒီအချိန်မှာ.. ခြေသံ. တဖျပ်ဖျပ်.. ကြားရပါတယ်.. အမျိုးသမီးဆောင်.. အ၀င်ပေါက် ညာဘက်က..လျှောက်လာတာပါ… စောစောက.. ကျွန်မပြောသလို.. မိုးရွာလို့.. တခါးတွေအားလုံးပိတ်ထားပေမဲ့… ဘယ်ဘက်က.. ၀င်ပေါက်ကတော့…တခြမ်းပဲ.. စေ့ထားပါတယ်.. လျှောက်လာတာက.. မိန်းမတစ်ယောက်ဆိုတာကို.. ပိတ်ထားတဲ့… တံခါးမှန်တွေထဲက.. မြင်ရပါတယ်.. ပုပု.. ၀၀… ကျွန်မလည်း.. သတိလက်လွတ်ပဲ.. သူလျှောက်ရင်းပေါ်လာတဲ့.. တံခါးမှန်တိုင်းကို… လိုက်ကြည့်နေမိတယ်.. စိတ်ထဲမှာလဲ.. ဘယ်ဘက်က.. တံခါးမကြီးရောက်ရင်.. သူ့ကို.. တကိုယ်လုံးမြင်ရမယ်ပေါ့… ဒါနဲ့.. သူက.. တခြမ်းပိတ်ထားတဲ့… တံခါးကို..ရောက်တော့.. တုံ့ခနဲ.. ရပ်လိုက်တယ်…. ပြီးတော့.. အခန်းထဲကို..လှမ်းကြည့်ပါတယ်.. သူ့ကိုလည်း.. ကျွန်မ.. မြင်နေရပြီ… စစ်အင်္ကျီလက်ရှည်ကို.. တံတောင်နားအထိ.. ခေါက်ပြီးဝတ်ထားတယ်… စစ်အင်္ကျီဆိုတော့.. ရင်ဘက် ၂ ဖက်လုံးက.. အိတ်၂ အိတ်ကိုတောင်..မြင်ရတယ်.. အသားက.. ခပ်ညိုညို… ပါးအပြည့်မှာလည်း…. ပါးကွက်လိုမျိုး.. ဖြူဖြူနှစ်ဖက်က..ထင်းနေပါတယ်.. သူကလည်း.. ကျွန်မကို..ကြည့်နေတယ်.. ကျွန်မကလည်း.. ဒီမိန်းမ.. ဘာလာကြည့်နေတာလည်းဆိုပြီး.. ကုတင်ပေါ်မှာ… အိပ်နေရာက.. ထပြီး.. ခြေကြီးဆင်း ခါးကြီးကုန်းပြီး.. မျက်မှောက်ကုပ်ပြီးကြည့်နေမိတယ်.. အနည်းဆုံးတော့.. သူနဲ့.. ကျွန်မ..ကြည့်နေကြတာ.. စက္ကန့်၃၀ လောက်တော့..ကြာမယ်.. ကြည့်နေရင်းနဲ့… လမ်းလျှောက်သွားတာလည်းမဟုတ်.. ပျောက်သွားရော.. မျက်တောင်မခတ်ပဲ.. ကျွန်မ..ကြည့်နေမိလို့.. သူပျောက်သွားတယ်လို့.. တပ်အပ်ပြောနိုင်တာပါ… ပျောက်သွားတော့.. အူကြောင်ကြောင်ဖြစ်သွားတယ်.. နောက်တော့.. ခေါင်းထဲ.. ၀င်လာတဲ့..အတွေးက.. ကျွန်မတို့.. အမျိုးသမီးဆောင်မှာ.. ညဘက်.. ၉း၀၀ ဆိုရင်… အဆောင်ကို… တာဝန်ကျ.. နာ့စ်တွေက… ပိတ်လိုက်ပါတယ်. ဘာလို့လဲဆိုတော့.. ဟိုဘက်မွေးဆောင်က.. လူနာရှင်တွေက.. အိမ်သာလာသုံးမှာ.. စိုးလို့ပါ… လူနာစောင့်တွေ..များနေတော့..၀င်လိုက်ထွက်လိုက်နဲ့ဆိုရင်.. အမျိုးသမီးဆောင်က.. လူနာတွေ… မအိပ်ရမှာ..စိုးလို့ဆိုပြီးတော့.. .. ကျွန်မ..သတိရလိုက်တော့.. တံခါးက.. ပိတ်ထားတယ်.. ထိပ်ဆုံးခန်းဖြစ်လို့.. သူလျှောက်လာတဲ့ဘက်မှာလည်း.. အခန်းမရှိဘူး… ဒါဆိုရင်.. စောစောက.. မိန်းမကဘယ်ကလဲ…… !!!!!! အဲ့တော့မှပဲ.. ဘေးကုတင်က.. အမေ့ကိုနှိုး… သရဲခြောက်ခံရတယ်.. အမေရေဆိုပြီး.. မိုးလင်းတဲ့အထိ.. အိပ်မပျော်တော့ပါဘူး… အမြဲလိုလို.. ကြောက်လိုက်ရတာနော်..အမှောင်ထဲဆိုမသွားရဲ… သရဲဆိုရင်… ဆံပင်က. ဖားယားကြီးနဲ့လား.. မျက်လုံးက.. ဘယ်လောက်… ပြူးလဲ.. လျှာက.. တန်းလန်းကြီးလားနဲ့… အမျိုးမျိုးပုံဖော်ကြောက်နေတာ… တွေ့လိုက်တော့လည်း… ခြောက်လို့.. ခြောက်မှန်းတောင်မသိ… သရဲလည်း.. စက္ကန်း ၃၀ လောက်.. ခြောက်ပြတာတောင်.. မျက်မှောင်ကုပ်ပြီးပြန်ကြည့်နေသဟ ဆိုပြီး စိတ်ပျက်သွားတယ်.. ထင်ပါရဲ့… နောက်၁နှစ်ခန့်အကြာမှာမှ.. သူငယ်ချင်းဆီက.. ပြန်သိလိုက်ရတာက… မြောက်ဥက္ကလာဆေးရုံမှာ.. ပါးကွက်.. သရဲရှိတယ်ဆိုပဲ… သူလည်း.. တဆင့်ကြားလာတာပါ.. ဒီတော့မှ.. ငါကြုံခဲ့ရတာ.. အဲဒီ့.. ပါးကွက်..သရဲပဲထင်တယ်..ဆိုပြီး……

Credit: Su

တင်ဆက်..ပြည်သတင်းလူငယ်
(ပြည်သတင်း)09253311019

Read More...

Sunday, May 24, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)

Leave a Comment
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)

တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့၊ ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း   ဒေါင်းစိန် နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်မျာြး ဖစ်ကြ လေ သည်။ တောင်ကြီးလွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ် ယူပို့   ဆောင်   ပေးနေသော ဒေါင်းစိန် ၏ဂျစ်ကား ကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ခေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်။

ဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့လုံးအသိပင်ဖြစ်သည်။
“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲကြိုး စားပြီးငွေစုနေတာလေ”

“ဒါတော့ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆို တာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးက မျှော်တွေးနေကြတဲ့သူတွေပါ၊နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကို ဘယ်လောက်  ချစ်တယ်ဆိုတာနန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသောအပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေလွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ချစ်သူနှစ်ဥိးကိုအမြဲလို လို   မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ်တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသော ယှာုဥှုမောင်းသမားလေး ဒေါင်းစိန် နဲ့ ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ် အတွင်း မှာပင်လက်ထပ်ခဲ့ကြသည်။

မိုးနဲတစ်မြို့လုံးကလဲဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကိုနေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲက လိုတောင်   ထောပနာပြုကြသည်။

နှစ်ဦးသားအနှစ်နှစ်အလလကြိုးစားရှာဖွေခြဲ့ ကသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ်တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကိုတစ်ဦး ဖြေရှင်းပေး ဒေါင်းစိန် ကလဲအိမ်ထောင်ဦးစီးပီပီ   နေ့မနား ညမ အားစီးပွားရှာ ကား ဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက်လိုက်ညီနေသော ဇနီးမောင်နှံ အတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ရှေ့ခန်း အစ်ကို့ဘေးမှာ နေရာချန်ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာ တာတာနွဲ့တဲ့တဲ့အသံကို ကြားလိုက်ရသဖြင့်နန်းစင်ချို တစ်ယောက် ဝေ့ကြည့် လိုက်သည်။သူအင်မတန်ချစ်သော လင်တော်မောင်ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…

“ဒီနေ့တော့ကားရေဆေးရမှာမို့ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသောချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။

“ကား ဆရာ ကြီး ဒီနား ကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလို က်ပြီဖြစ်သည်။

“အဲ့ဒီချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊အစ်ကို့ဘေးမှာ နန်းစင်ချို ဆိုတဲ့သူ့မိန်းမ ကလွဲရင် ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကိုတိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ် ရှည်ရှည်ထားပေးအုံးနော်၊ နောက်တော့ အားလုံးရှင်း သွားမှာပါ နန်းရဲ့”

နန်းစင်ချိုဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာထွက်သွားလိုက်သဖြင့် စကားနည်း ရန်ဆဲဖြ စ်ခဲ့ရသည်။ သို့ရာတွင် လည်းနေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေ များတိုက်ခတ် မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ချယ်ရီဆိုသော မိန်းကလေး ကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟု ဆုံးဖြတ်ထားလိုက်သည်။

သို့နှင့် မည်သူမျှအသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့တစ်ဦးတည်းလိုက်သွားသည်။ “နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ချယ်ရီနဲ့ အကို ဘယ် လိုပုံစံနဲ့ မှမပတ်သက်ဘူးဆိုတာ အစ်ကိုရှင်းပြပြီးပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲအစ်ကို ကားမောင်းနေ ရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ်ဆိုတာ နန်းလည်း အသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊ ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှမတင်တော့ ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါ င်းအသာညိတ်ပြလိုက်သည်။ဒေါင်းစိန်တစ်ယောက် ခရီးသည်မပြည့်သော်လည်း ဂိတ်မှ ထွက် ခဲ့သည်။မိုးနှင်းများ ကျ ထား သဖြင့် စိုစွတ်နေသောလမ်းပေါ်ဝယ် ဒေါင်းစိန်၏ဂျစ် ကားမှာတရိပ်ရိပ်ပြေးလွှား

ရင်း တောင် တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်
နန်းစင်ချိုမှာမူဒေါင်းစိန်နံဘေးမှ လိုက်ပါလာရသည်ကိုပင် ပီတိဖြာလျက် တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေရသည်။ ခရီးသည်များကလဲ သူ့ အတွေး နဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။ ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီးတစ်စီးကွေ့ ထွက် လာသည် ကိုတွေ့လိုက်ရသောဒေါင်းစိန်လည်း စက္ကန့်ပိုင်း အတွင်း ဆုံးဖြတ်ချက်ဖြင ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက် လိုက် မှုကြောင်း နန်းစင်ချို ခမြာ ကား၏ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသောအရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသောနန်းစင်ချိုအား ချက်ခြင်း ပင် လွိုင်လင်ဆေးရုံသို့ အမြန် ပို့ကြ သည်။ သို့သော်လဲ နောက်နေ့မနက်တွင်နန်းစင်ချို တစ်ယောက်သေ ဆုံး သွားကြောင်းသိကြရ၍ မိုးနဲတစ်မြို့ လုံးနှင့် ဒေါင်းစိန် တို့ယူကြုံး မရဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့်ကားရုတ်တရက် အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြခြင်းေ ကြာင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။

နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ်ကိုင်နေကြောင်းတွေ့ရသည်… တစ်ခုထူးခြားချက်က ည ဘက်ရောက် လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ် သည်နောက် တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟုပြောစမှတ်ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အ သိပဲလေ။ပြီးတော့ သေရတာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာနေနေမှာပေါ့”

အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူ ငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့် မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်ကကျသေတဲ့နေရာ ကနေ ခေါ်လာ တာပဲဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲ ချိန် ဖြစ် ၍ မိုးနဲတစ်မြို့ လုံးတိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာခွေးအူသံ တစ်ချက် ကြားရသည်နှင့်သံချောင်းတို့ဒေါင်းစိန်၏အိမ် သို့ချဉ်းကပ်လိုက်သည်။မှောင်ပြပြ မီးဖိုချောင် ဘက်မှ အသံကြားရ သဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထားသည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။ထမင်းချက်သည်၊ ပန်းကန်ဆေး သည် ရေနွေး တည်သည်၊ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည်သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…

ထိုစဉ်ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။ ဒေါင်းစိန်တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ် လုပ်ကိုင်သွား သည် များ ကိုမတွေ့။ မည်သို့မျှမမှုသည့်အပြင်ပူပူနွေးနွေး ထမင်းဟင်းများကိုအားပါးတရ စားနြေေ ကာင်းတွေ့ကြသည်။

“သံချောင်းမင်းတို့မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲသိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအားသံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။ သို့ကြောင့်လဲစာရေးသူ ကိုယ်တိုင် ပင် ဖြစ်ရပ်မှန်များ ထဲ သို့   စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပအုန်း မင်းတို့သရဲမကို တွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူးဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်းဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့် မယ်လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြ ရသည်။ အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်း လူ မျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန် လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့်မိမိအိမ်အပေါ်စွဲ လမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊ ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန် ကြာမြင့် လာလျှင် အစွယ်ပါထွက်လာပြီးတစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်း ကိုဒုက္ခပေးတတ်ကြောင်း၊ နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း ၏ခေါင်းရင်းဘက်တွင် အပေါက် တစ်ပေါက် ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်း ကိုစောင့် ထိန်းနေရသူမျာြး ဖစ်သောကြောင့် ဤကိစ္စကို မည်သို့လုပ်ဆောင်ရမည်ကိုမညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်ေ လသည်။

သို့နှင့် စာရေးသူ၏အကြံပြုချက်ဖြင့ နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက် တွင်    မေးမြန်းကြရတော့သည်

“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာေ နတာကြာပါပြီ၊ လင်ခန်းမယားခန်း အနေနဲ့လည်း လူ့ ဘ၀တုန်းကလိုပ နေခဲ့ကြပါတယ်၊တခြားသူတွေကို သတိမပေးဘူး ဆိုတာကျနော့်မိန်းမကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ် သူဒုက္ခဖြစ်နိုင်တယ်

ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကိ ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့ စာရေး သူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်း ကြားပြီး ဆိုင်ရာပိုင်ရာကွင်းပိုင် နယ် ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကိုဖော်ယူရန် တာဝန်ရှိသူတွေနဲ့ပူးပေါင်း စီစဉ်ကြတော့ သည်။

မြို့နယ်အတွင်းရှိရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှအလောင်းဖော့်မည့် နေရတွင်ဆိုင်ခန်းများပင်ရောင်းရ လျှက် စည် ကားနေကြောင်း   တွေ့ ရသည်။နန်းစင်ချို၏ ယောကျာင်္းဖြစ်သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်း များဖြစ်ကြသော သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင် တစားကြည့်ရူ့လေ့လာကြသည်။

နန်းစင်ချို၏အခေါင်းပုံကို ပံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့တင်လိုက်ကြသည်။

“နန်းစင်ချိုအားမြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက် လာပြီးရွှာထဲသို့ဝင်လာတာ ဖြစ်   ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့် အတိုင်း ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်း ရင်းဘက်တွင် အပေါက် ငယ် တစ်ပေါက် ကိုတွေ့ လိုက်ကြ ရသဖြင့် ကြည့်ရှု့သူအားလုံးတအံ့တသြဖြစ်သွား ကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အု ပ်စုသည်အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက်ကြလေတော့ သည်…

မီးတောက်များနဲ့အတူ နန်းစင်ချိုအားခချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်၏ရင် တွင်းဝယ်   တောက်လောင်နေမည်မှာလည်း မလွဲ ဧကန် ပင်ဖြစ် မည်ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင်မလိုတော့။

ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်းမည်သို့မည်မျှ မကြားရသည်မှာယနေ့ထက်တိုင်ပင် ဖြစ်ချိမ့်မည်။ ဤကားစာရေး သူ ကိုယ် တိုင်ကြုံတွေ့ခဲ့ရသေဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လေ၏

ဓည၀တီ

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

Facebook Like Page