Wednesday, August 24, 2016

ဖွင့်ထားသော အမှုမှမသင်္ကာတရားခံများ အားဖမ်းဆီးရမိရာမှနောက်ဆက်တွဲခိုးမှုပေါ် လာနိုင်

Leave a Comment

ဖွင့်ထားသော အမှုမှမသင်္ကာတရားခံများ
အားဖမ်းဆီးရမိရာမှနောက်ဆက်တွဲခိုးမှုပေါ်
လာနိုင်

ပြည် သြဂုတ်(၂၄)ရက်နေ့
အမှုမှာ သြဂုတ်လ (၃)ညနေ(၆)နာရီ(၃၀) အချိန်ပြည်မြို့ရဲစခန်း(ပ) ၅၂၅/ ၂၀၁၆၊
ရာဇသတ်ကြီးပုဒ်မ ၃၈၂ အမှုမှ မသင်္ကာတရားခံ ဂျိုးလေး(ခ) မျိုးလေး(ခ) မျိုးမြင့်ေ
အာင် (၂၄)နှစ်၊ (ဘ)ဦးလှအေး၊ သားသတ်လုပ်ငန်း၊ လမ်းသွယ်(၁)၊ အောင်ဆန်းပြ
ည်သာယာရပ်ကွက်၊ ပြည်မြို့နေသူနှင့် ရန်နိုင်ထွန်း(ခ)အရှည်ကြီး(၁၉)နှစ်၊ (ဘ)ဦး
ရဲထွန်း၊ ကုန်စိမ်းရောင်း၊ ရွှေဟင်္သာအရှေ့ပေါက်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူတို့
အား ရဲစခန်း၌ ဒုရဲအုပ် ဝေဇော်အောင်၊ တကကျော်စွာဝင်း၊ ဒုတကရှိုင်းလင်းဇော်၊ ဒု
တက၀င်းကျော်ထွန်း၊ ခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစုမှ ဒုရဲအုပ်လှမင်း၊ တကအောင်ဆ
န်းဦး၊ သက်သေ ဆံတော်ရပ်ကွက်ရာအိမ်မှူး ဦးသိန်းဆွေ၊ ရွာဘဲရပ် ကွက်ဆယ်အိမ်
မှူး ဦးသိန်းစိုးတို့နှင့် စစ်ဆေးရာ စုံစမ်းရှာဖွေမှုများပြုလုပ်ခဲ့သည်ဆို၏။

ထိုနောက် မသင်္ကာတရားခံများသည် ရဲစခန်းအရှေ့(၁)မိုင်ခန့်၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊
ပြည်ရတနာလမ်း၌ ဖုန်းရောင်းဝယ်ရေးဆိုင်ဖွင့် လှစ်ထားသည့် ကိုဇေယျာထွန်း (၂၄)
နှစ်၊ (ဘ)ဦးဝင်းနိုင်၊ရောင်း/၀ယ်၊ ရွှေဟင်္သာအရှေ့ပေါက်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေ
သူထံလွန်ခဲ့သော (၆)လခန့်က မှန်အပြင်ယာဘက် အပေါ်ဒေါင့်ကွဲအက်ရာရှိသော
ဆင်းကဒ်မပါ Huawei C8813 အမျိုးအစားအဖြူရောင် ဟန်းဆက်(၁)လုံးအား ငွေ(၃
၂၀၀၀ိ/-) ဖြင့်ရောင်းချခဲ့ကြောင်းသတင်းရရှိ၍ဂျိုးလေး(ခ) မျိုးလေး (ခ) မျိုးမြင့်အောင်၊
ရန်နိုင်ထွန်း(ခ)အရှည်ကြီး၊ ကိုဇေယျာထွန်းတို့ထံမှ သက်သေများရှေ့တွင် ရှာဖွေပုံ
စံဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။

၎င်းသိမ်းဆည်းရမိသောပစ္စည်းအား ဂျိုးလေး(ခ)မျိုးလေး(ခ)မျိုးမြင့်အောင် နှင့် ရန်နိုင်
ထွန်း(ခ)အရှည်ကြီးတို့ မှ ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံစွာ ပြောဆို
ပြသနိုင် ခြင်းမရှိသည့်အပြင် Huawei C8813 အမျိုးအစားအဖြူရောင်ဟန်းဆက်(၁)လုံး
အားပြည်မြို့ပေါ်ရပ်ကွက် ရှိအိမ်တစ်အိမ်မှ ခိုးယူလာနိုင်ဖွယ်ရှိသည်ဟု သင်္ကာမကင်းသ
ဖြင့် ဂျိုးလေး(ခ)မျိုးလေး(ခ)မျိုးမြင့်အောင်နှင့် ရန်နိုင်ထွန်း(ခ)အရှည်ကြီးတို့ အပေါ်အေ
ရးယူပေးရန် ဒုရဲအုပ်ဝေဇော်အောင် မှ တိုင်ကြားစာပေးပို့တိုင် တန်းသဖြင့်ပြည်မြို့မရဲစ
ခန်း (ပ) ၁၁၂၃/ ၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၅၄ အရအမှုဖွင့် ဆောင်ရွက်ထား
ရှိကြောင်းသိရသည်။

ရဲပြန်ကြား(တကယ့်ဖြစ်ရပ်မှုခင်း)
မှုခင်းသတင်းပြည်ခရိုင်တာဝန်ခံ


0 comments:

Post a Comment

Facebook Like Page