Sunday, August 21, 2016

ရွာဘဲရပ်ကွက် အ.ထ.က(၄)ကျောင်းနှင့်အုပ်ချုပ်ရေးမှူးရုံးတွင် မှုခင်းကျဆင်းရေးဟောပြောပွဲပြုလုပ်

Leave a Comment
ရွာဘဲရပ်ကွက် အ.ထ.က(၄)ကျောင်းနှင့်အုပ်ချုပ်ရေးမှူးရုံးတွင်
မှုခင်းကျဆင်းရေးဟောပြောပွဲပြုလုပ်

ပြည် သြဂုတ်(၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့၊ရွာဘဲရပ်ကွက်ရှိအ.ထ.က(၄)
ကျောင်းနှင့်ရွာဘဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မှုခင်းကျဆင်းရေးအသိ
ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

(၂၀.၈၂၀၁၆)ရက် နံနက်(၁၀)နာရီ(၃၀)မိနစ်မှနေ့လည်(၁၂း၀၀)အချိန်
အထိပြည်မြို့၊ရွာဘဲရပ်ကွက်၊အ.ထ.က(၄)ကျောင်းတွင်လည်းကောင်း
၊ ည(၈)နာရီမှ(၉)နာရီ(၃၀)အချိန်အထိ ရွာဘဲရပ်ကွက် အုပ်ချုပ်ရေးမှူး
ရုံးတွင်လည်းကောင်းမှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြု
လုပ်ကျသည်။

မှုခင်းကျဆင်းရေးဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်
စိုးမှမှုးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအရာများ
အားလည်းကောင်း၊မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်မှမှုခင်းကျဆင်းရေး/ယာ
ဉ်စည်းကမ်းအကြောင်းအရာများအားလည်းကောင်း ၊ဒုရဲအုပ်လှိုင်မိုးဝေမှ
လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်းအရာအားလည်းကောင်း
အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အ.ထ.က(၄)ကျောင်း၌ပြုလုပ်သောဟောပြောပွဲတွင် အ.ထ.က(၄)
ကျောင်းအုပ် ဆရာကြီးဦးမျိုးညွန့်နှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်း
သူများတက်ရောက်ခဲ့ပြီး ရွာဘဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံတွင် ရပ်ကွက်အုပ်ချုပ်
ရေးမှူး ဦးဝင်းကြိုင်၊ရာအိမ်မှူး ၊ဆယ်အိမ်မှူး ၊ရပ်ကွက်သူ/ရပ်ကွက်သားများတ
က်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ရဲပြန်ကြား(တကယ့်ဖြစ်ရပ်မှုခင်း)


မှုခင်းသတင်းပြည်ခရိုင်တာဝန်ခံ





0 comments:

Post a Comment

Facebook Like Page