Wednesday, July 6, 2016

ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ သဘောထားထုတ်ပြန်ကြေညာချက်

Leave a Comment

ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
သဘောထားထုတ်ပြန်ကြေညာချက်
 28/6/2016 နေ့လည် 11:30 နာရီခန့်တွင် ပြည်တက္ကသိုလ်အတွင်း ၌ ကျောင်းသား(ဒဿ နိကဒုတိယနှစ်ဂုဏ်ထူးတန်း)မှ ဆရာမ အား ကိုယ်ထိလက်ရောက် ရန်ရှာပြု မှုသည့် အဖြစ်အပျက် တစ်ခုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ ထိုကျူးလွန်သည့် ကျောင်းသားအနေဖြင့်
ပြစ်မှုကျူးလွန်ချိန်အတွင်း သာမန်လူ တစ်ယောက်၏ စိတ်အခြေအနေမျိုးမရှိသည့် လက္ခဏာများကိုတွေ့ရှိရသည်ဟုသိရှိရသည့်အပြင် လွန်ခဲ့သော၂လ ခန့်ကပင် ထိုကဲ့သို့ စိတ်အခြေအနေမျိုးဖြစ်ပေါ်နေသည်ဟု ၎င်း၏နီးစပ်သူ အတန်းဖော်များနှင့် မိဘများထံမှ သိရှိရပါသည် ။
မည်သို့ပင်ဆိုစေကာမူ အဆိုပါ လုပ်ရပ်သည် မြန်မာ့လူအဖွဲ့အစည်းနှင့်ယဉ်ကျေးမှုအတွင်းလုံးဝ(လုံးဝ)
မဖြစ်သင့်ဟုကျွနုပ်တို့ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ထင်မြင်ယူဆမိပါသည်။ထို့ကြောင့် ကျွနုပ်တို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အဆိုပါကိစ္စအား ထပ်မံစုံစမ်းခဲ့ရာ ကျောင်းအုပ်ချု ပ်ရေးအဖွဲ့
မှ အဆိုပါကိစ္စအား ခုံရုံးဖွဲ့စစ်ဆေး၍ ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်ရန် ပြည်တက္ကသိုလ်ဒုတိယပေါမာက္ခ ချု ပ်မှ ညွှန်ကြားထားပြီးဖြစ်သည်ဟုသိရှိရပါသည်။အဆိုပါ
ခုံရုံးအဖွဲ့မှ ပြစ်ဒဏ်ကျူးလွန်သူကျောင်းသားအား
ကျောင်း၅နှစ်ရပ်နားလိုက်သည်ဟုထပ်မံသိရှိရပါသည် ။
ထို့ပြင် ကိုယ်ထိလက်ရောက်ကျူးလွန် ခြင်း ခံရသူ ဆရာမ
နှင့်ပတ်သတ်၍လည်းဆရာမ၏ကိုယ်ကျင့်တရားနှင့်
ဂုဏ်သိက္ခာအား ကျဆင်းစေမည့်ကောလဟာလ များ Social Media များပေါ်၌ ဖြန့်နေသည်အားတွေ့ရှိရပါသည်။ ထိုသတင်းများသည် ဆရာမအား ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် ဖြန့်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဆရာမနှင့်ပတ်သတ် ၍ Social Media များပေါ်၌ ပြန့်နှံ့နေသော ကောလဟာလ သတင်းများသည် လုံးဝ(လုံးဝ) မဟုတ်ပါကြောင်းနှင့် ထိုကဲ့သို့ ဆရာမ၏ ဂုဏ်သိက္ခာအားကျဆင်းစေမည့် သတင်းများ ဖြန့်သူများ၏ လုပ်ရပ်သည် များစွာ အောက်တန်းကျသည့်လုပ်ရပ်တစ်ခု အဖြစ် ကျွနုပ်တို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ အပြင်းအထန် ကန့်ကွက်ရှုတ်ချ လိုက်ပါသည်။ ထို့ကြောင့် နောက်နောင် အလားတူကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရန် နှင့်ဆရာမ၏ဂုဏ်သိက္ခာအားကျဆင်းစေသည့်
ကောလဟာလ သတင်းများ ပျောက်ကွယ်စေရန် အတွက် ကျွနုပ်တို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ပါဝင်စုံစမ်းကာ အထက်ပါ သဘောထားကြေညာချက်အား ထုတ်ပြန်ကြေညာအပ်ပါသည်။
အလုပ်မှုဆောင်အဖွဲ့
ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

0 comments:

Post a Comment

Facebook Like Page