Monday, July 4, 2016

များမကြာမီအချိန်များအတွင်း ၂၀၁၅ ခုနှစ်မှ ပုံရိပ်များကဲ့သို့ရင်ခုန်စိတ် လှုပ်ရှားဖွယ်ရာ အစီအစဉ်ပေါင်းများစွာဖြင့် ပြည်မြို့ရှိ လူကြီးမင်းများရှေ့ မှောက်သို့ ၂၀၁၆ တွင်ရောက်ရှိလာပါတော့မည်

Leave a Comment

များမကြာမီအချိန်များအတွင်း ၂၀၁၅ ခုနှစ်မှ ပုံရိပ်များကဲ့သို့ရင်ခုန်စိတ်
လှုပ်ရှားဖွယ်ရာ အစီအစဉ်ပေါင်းများစွာဖြင့် ပြည်မြို့ရှိ လူကြီးမင်းများရှေ့
မှောက်သို့ ၂၀၁၆ တွင်ရောက်ရှိလာပါတော့မည်

ပြည် ဇူလိုင်(၄)ရက်နေ့
ယခုနှစ်သည် ဒုတိယအကြိမ်မြောက် နှစ်ဖြစ်သည့်အတွက် လိုအပ်သည်
များကိုဖြည့်စွက် မလိုအပ်သည်များကိုထုတ်ပယ်ရင်း အကောင်းဆုံး အစီ
အစဉ်များ ရုပ်ရှင် ဂီတ အနုပညာ နယ်ပါယ်အသီးသီးမှ ဖိတ်ကြားထားသူ
များ ကိုယ်တိုင် ပြည့်မြို့ ရှိ Miss Universe ပြိုင်ပွဲကြီးသို့ လာရောက်ပါဝင်
အားဖြည့်ကူညီပေးသွားမည်ဖြစ်ပါည်။

ပြိုင်ပွဲဝင်ရန်စိတ်ဝင်စားသည့် ညီမငယ် လေးများအနေဖြင့် မိမိတို့ ခန္ဒာ
ကိုယ် ကျန်းမာကြံခိုင်ရေး မိမိတို့၏ ကိုယ်ပိုင် စွမ်းရည်များ အရည်အချင်း
များကို ချပြခွင့်ရမည့် ထူးခြားသည့်အခွင့်အရေးများ ကို ရရှိတော့မည်ဖြစ်
ပါသည်။

Miss Universe Pyay ပွဲကြီးတွင် အဓိကပါဝင်မည့် ရိုးရာဝတ်စုံ ညနေခင်း
ပွဲတက်ဝတ်စုံများအတွက် Miss Universe Pyay Organization မှ အား
လုံး ကို ပံပိုးကူညီသွားမည်ဖြစ်ပါသည်။နယ်မှ အနုပညာလမ်းကြောင်းဘ
က်သို့ ၀ါသနာပါသော သူများအတွက် အကောင်းဆုံးဆက်သွယ်ပေါင်း
ကူးပေးမည့် ပွဲကြီးဆိုလျင်လည်း မှားမည်မထင်ပါ။

ပြောင်းလဲလာသောခေတ်ရေစီးကြောင်းနှင့်အတူ လူငယ်တို့၏လန်းဆန်း
တက်ကြွနေသော စိတ်ဓါတ်များ ရည်မှန်းချက်များ ကိုယ်ပိုင်စွမ်းရည်များကို
ချပြခွင့်ရရှိမည့် အကြီးမားဆုံးသော ပြိုင်ပွဲကြီးဖြစ်ပါသည်။
-
လျှောက်လွှာပိတ်ရက်ကို မနက်ဖန် (30.6.2016)နေ့ တွင် သတ်မှတ်ထား
ပါသည်။
-လျှောက်လွှာတွင်ပါရှိသောစည်းကမ်းချက်များကို သေချာစွာ ဖတ်သားပြီး
ပြည့်စုံစွာ ဖြည့်စွက် ရပါမည်၊၊ပြည့်စုံမှန်ကန်မှု့မရှီသော လျှောက်လွှာများ
ကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
-ပြိုင်ပွဲဝင်လျှောက်လွှာတင်သူများမှ နောက်ဆုံး စကာတင် ၁၅ဦး Top 15 
Finalists ကို ( 2.7.2016 ) ရက်နေ့မနက် 9 နာရီတိတိတွင် ပြည်မြို့ နဝ
ဒေး အိမ်ယာ Royal Star ခမ်းမတွင် လူတွေ့စစ်ဆေးမှု့များပြုလုပ်သွား
မည်ဖြစ်ပါသည်၊လူတွေ့စစ်ဆေးရာတွင်
-1/ Health and Body Beauty 2/ Intelligence 3/Talent 4/Personality
5/General Knowledge-စသည့်အချက်များဖြင့် စီစစ်မေးမြန်းရွေးချယ်သွား
မည်ဖြစ်ပါသည်၊လာရောက်လူတွေ့စစ်ဆေးခံမည့် သူများအနေဖြင့် ၉နာရီတိ
တိထက်နောက်မကျရန်၊နောက်ကျသော သူများကို လူရွေးပွဲအတွက်ထည့်သွင်း
စဉ်စားမည်မဟုတ်ပါ၊
-ပြိုင်ပွဲဝင်သူများအနေဖြင့် လူတွေ့စစ်ဆေးသည့်နေ့တွင် ၀တ်ဆင်ရန်
၁-ဆံပင်အား နဖူးတွင် အပြောင်းလှန်သိမ်းပြီး စုချည်ထားရန်
၂-မျက်နှာအားလုံးဝ မိတ်ကပ်လိမ်းချယ်မထားရန်(မျက်ခုံးမွေးဆွဲခွင့်ရှိသည်)
၃-စွတ်ကျယ်ဂျိုင်းပြတ် အဖြူ ၀တ်ဆင်လာရန်
၎-ဘောင်းဘီအတို ၀တ်ဆင်လာရန်
၅-ဒေါက်မြင့်ဘိနပ် ၄ လက်မနှင့် အထက် High heel စသည့်အချက်များပြင်
ဆင်လာရပါမည်။
(ဖောင်ယူထားသောညီမငယ်များ မိမိတို့ ယူဆောင်ခဲ့သည့်နေရာအသီး
သီးသို့ မနက်ဖန်ညနေ ၆ နာရီထက်နောက်မကျဘဲ ပြန်လည် အပ်နှံရန်)
၆ -နာရီထက်ကျော်သော မည်သည့်ဖောင်များကိုမှ ထည့်သွင်းစဉ်းစား
မည်မဟုတ်ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



0 comments:

Post a Comment

Facebook Like Page