Saturday, July 2, 2016

ပြည်သူများကိုယ်စား ကျေးဇူးအထူး(အထူး)တင်ရှိပါကြောင်း

Leave a Comment
 ပြည်သူများကိုယ်စား ကျေးဇူးအထူး(အထူး)တင်ရှိပါကြောင်း

ပြည် ဇူလိုင်(၂)ရက်နေ့
ပြည်မြို့ ၊ ဗိုလ်ချုပ်လမ်းမပေါ် ၊ရှယ်ရီဖိနပ်ဆိုင်ဘေး ၊ ရွှေလက်ဖက်ရည်ဆိုင်
မျက်စောင်းထိုး ၊ ဆံတော်ရပ်ကွက် ၊မီးရထားတိုက်ခန်းများရှေ့၊ စည်ပင်ပိုင်
လမ်းမပေါ်တွင်ရှိသော ၊ ရေတမာပင်အား ၊လမ်းမဘက်သို့ကွေးညွှတ်နေခြင်း
ရေတ မာပင်၏ အောက်ခြေသမာန်သလင်းများ ကွဲအက်လာပြီးခြင်း၊သစ်ပင်
၏အမြစ်များပေါ်လာခြင်း၊အောက်တွင်အများပြည်သူများ ဖြတ်သန်းသွားလာ
နေသော လမ်းရှိသဖြင့် သစ်ပင်လဲကျလာပါက ပြည်သူများအန္တရာယ်ရှိနိုင်သ
ည်ကို စဉ်းစားချင့်ချိန်၍ ဇါန်လ(၁၂)ရက်နေ့အွန်လိုင်းမှတဆင့် အပြုသဘော
ဆောင်ရေးသားထားကိုလဲ မိဘပြည်သူများအသိပင်ဖြစ်ပါသည်။
သို့ပါသောကြောင့် ယခုအခါ သဘာဝဘေးအန္တရာယ်ကြောင့် သစ်ပင်လဲ၍ 
အသက်မဆုံးရှုံးရလေအောင် ဇူလိုင်(၂)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)အချိန်
ခန့်တွင် အဆိုပါသစ်ပင်အားပြည်မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီမံခန့်ခွဲမှုဖြင့် ပြည်
ခရိုင်လျှပ်စစ်မာန်နေဂျာနှင့်ဝန်ထမ်းများ၊စည်ပင်သာယာမှဝန်ထမ်းများ၊ဆံရပ်
ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရယက အဖွဲ့ဝင်များ ၊ဆက်သွယ်ရေးဝန်ထမ်း
များ၊ဆံတော်အရန်မီးသတ်တပ်စု(၅)မှတပ်ဖွဲ့ဝင်များ စုပေါင်းအားဖြင့်ခုတ်ထွင်
ရှင်းခဲ့သည်။
အဆိုပါရေတမာပင်အား ခုတ်ထွင်ရှင်းလင်းရာတွင် ယာဉ်သွားယာဉ်လာများ
အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ပြည်မြို့အမှတ်(၁၀)ယာဉ်ထိန်တပ်ဖွဲ့မှ
ယာဉ်ထိန်တပ်ကြပ်ကြီးတစ်ဦးမှယာဉ်ကြောများလာရောက်ရှင်းလင်းပေးနေ
သည်ကိုတွေ့မြင်ရပြီး သစ်ပင်ခုတ်သည့်အဖွဲ့များ လမ်းသွားလမ်းလာပြည်သူ
များအန္တရာယ်ဘာတစ်ခုမှမရှိဘဲ ဖုန်းကြိုးတစ်ချောင်းသာပျက်သွားခဲ့ပြီး ထိုဖုန်း
ကြိုးအားဆက်သွယ်ရေးမှ ပြန်လည်၍ပြုပြင်ပေးခဲ့ကြောင်း အများသိစေရန် တင်
ဲပြအပ်သည်။
ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ









0 comments:

Post a Comment

Facebook Like Page