Tuesday, June 28, 2016

ပြည်မြို့တွင် ပြည်လူရွှင်တော်အသင်းဖွဲ့စည်းပြီးစီးကြောင်းသိရ

Leave a Comment

ပြည်မြို့တွင် ပြည်လူရွှင်တော်အသင်းဖွဲ့စည်းပြီးစီးကြောင်းသိရ

ပြည် ဇွန်လ(၂၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် ပြည်လူရွှင်တော်အသင်းကို
ဇွန်လ(၁၅)ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်းသိရပြီးအဆိုပါပြည်လူရွှင်တော်
အသင်းကို ရည်ရွယ်ချက်(၅)ချက်ဖြင့်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါ ပြည်လူရွှင်တော်အသင်းသည် သက်ကြီးလူရွှင်တော်များ၏ သမား
စဉ်များနှင့်လူရွှင်တော်အတတ်ပညာများအား မျိုးဆက်သစ်လူရွှင်တော်များ
မှ ထိန်းသိမ်းစောင့်ရှောက်ရန် ၊ သက်ကြီးလူရွှင်တော်များအား ရိုသေကိုင်း
ရှိုင်းတတ်ပြီး လုပ်ကျွေးပြုစုစောင့်ရှောက်ရန် ၊ ဟာသလူရွှင်တော်အချင်း
ချင်း ရိုင်းပင်းကူညီစောင့်ရှောက်ရန် ၊ လူရွှင်တော်တို့၏ ပညာရပ်များကို 
တစ်ဦးနှင့်တစ်ဦးနှီးနှောဖလှယ်ရန် ၊ လူရွှင်တော်အသင်းသားများအချင်း
ချင်း ညီးရင်းအစ်ကိုပမာမိသားစုစိတ်ဓာတ်ထားရှိရန်စသည့်ရည်ရွယ်အ
ချက်(၅)ချက်ဖြင့်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ပြည်လူရွှင်တော်အသင်းမှဦးစွာပထမဇွန်လ(၂)ရက်နေ့တွင်လူရွှင်တော်ကြီး
ဦးသောကြာ ကျန်းမာရေးမကောင်းသဖြင့် ငွေ(၅)သောင်းထောက်ပံ့ပေးအပ်
ခဲ့ပြီး ပြည်လူရွှင်တော်အသင်း စတင်ဖွဲ့စည်းသည့်နေ့တွင် ရတနာမဉ္ဇရီပရဟိ
တဂေဟာ၌ စိတ်ဓာတ်မြှင့်တင်ရေးဂီတဖျော်ဖြေကိုလဲ ကလေးတွေအတွက်
ကျင်းပပြုလုပ်ပေးခဲ့သည်။ထို့အပြင် ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေ
တီမြတ်ကြီးတွင်ရင်ပြင်တော်သန့်ရှင်းရေးဆောင်ရွက်ကာ ဘုရားဂေါပကအဖွဲ့
သို့တံမြက်စီးအချောင်း(၂၀)လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဇွန်လ(၂၇)ရက် နေ့လည်(၁)နာရီတွင် ပြည်လူရွှင်တော်
အသင်းဖွဲ့စည်းပြီးစီးခြင်းနှင့်ရန်ကုန်လူရွှင်တော်အသင်းမှနာယကလူ
ကြီးမင်းများ အဖွဲ့ဝင်များ၏ဆုံမသြဝါဒခံယူပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေး
အပ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






0 comments:

Post a Comment

Facebook Like Page