Wednesday, June 29, 2016

ပြောင်းလဲချိန်တန်ပြီ ယကက - ပြည် …….

Leave a Comment


ပြောင်းလဲချိန်တန်ပြီ ယကက - ပြည် …….

ပြည် ဇွန် (၂၉)ရက်နေ့
ယနေ့ ခေတ်အစိုးရလက်ထပ်မှာ မြန်မာနိုင်ငံကြီး ပြောင်းလဲလာအောင်
အဖက်ဖက်မှဆောင်ရွက်နေချိန်ဖြစ်ပါသည်။ခေတ်အဆက်ဆက်ကသံ
ချေးတတ်လာသမျှ ဒီအစိုးရလက်ထပ်မှာမနဲခွာချနေရတာလဲ မိဘပြည်
သူများ အမြင်အသိအကြားတွေပင်ဖြစ်ပါသည်။ ဒါပေမဲ့အပေါ်အစိုးရဌာ
နဘယ်လိုပဲပြောင်းအောက်ချေမှာမပြောင်းတာတွေကိုလဲထည့်သွင်းစဉ်း
စားစရာတွေဖြစ်လာပါတယ်။

ဒီလိုဆိုရင် ပဲခူးတိုင်းဒေသကြီးအစိုးရ၏ ပုပ္ပလိကယာဉ်များ စနစ်တကျ
ပြေးဆွဲရေး ဥပဒေပုဒ်မ(၄၁)ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်
ခွင့်ကိုကျင့်သုံး၍နည်းဥပဒေ(၅)အရ ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်
မတီကို ခရိုင်/တိုင်းဒေသကြီးပို့ဆက်ရဲ့ဦးဆောင်ကြပ်မတ်မှူ့နဲ့ရွေးချယ်ဖွဲ့
စည်းခဲ့ပါတယ်။ထိုသို့ရွေးချယ်ဖွဲကစည်းရာတွင် နည်းဥပဒေ(၂)ပုဒ်မခွဲ(ဆ)
ပါကော်မတီကြီးကြပ်မှူ့အောက်ရှိပြေးဆွဲနေသောယာဉ်ပိုင်ဆိုင်ခွင့်ရှိသည့်
ယာဉ်ပိုင်ရှင်များပါဝင်ဆန္ဒပြုရွေးချယ်ခွင့်ရှိသည်။

ထိုအချိန်က ယာဉ်ပိုင်ရှင်မဟုတ်သူများဝင်ရောက်အရွေးခံသော်လည်းကော်
မတီဖွဲ့မည့်အင်အားပြည့်မှီစေရန်ပို့/ဆက်နှင့်နားလည်မှုယူပြီး လိုက်ပါလာ
သောလူအားလုံး ကော်မတီခဲ့ကြပါသည်။

နည်းဥပဒေ(၉)ပုဒ်မခွဲ(ခ)ပါပြဌာန်းချက်အရ ယာဉ်ပိုင်ရှင်မဟုတ်တော့ဘဲ
အချိန်ကာလ(၆)လ သက်တမ်းပြတ်သောအခါ တာဝန်မှရပ်စဲ၍ အစားထိုး
ရွေးချယ်ရမည်ဟုဖော်ပြပါရှိခဲ့သော်လည်း မြို့နယ် /ခရိုင်ယာဉ်ကြီးကြပ်ရေး
ကော်မတီအဖွဲ့လူကြီးကိုယ်တိုင်နည်းဥပဒေပြဌာန်းချက်များနှင့်မကိုက်ညီ
သောလုပ်ရပ်ဖြစ်တဲ့ ၄င်း၏ကား...............သည်ကော်မတီစတင်အရွေး
ခံစဉ်ကပင် အစားထိုးယာဉ်လိုင်းအဖြစ် အသင်းဝင်ယာဉ် စာရင်းပြပြီး ယ
နေ့အထိ နံပါတ်အနက်ဖြင့် ခရီးသည်တင်ဆောင်ပြေးဆွဲနေခြင်း၊နည်းဥ
ပဒေ(၂)အပုဒ်ခွဲ(ဆ)ပါ ပြဌာန်းချက်အရယာဉ်ပိုင်ရှင်မဟုတ်တော့ဘဲ(၆)
လမက သက်တမ်း(၃)နှစ်ကျော်ပြတ်တောက်နေခြင်း၊နိုင်ငံတော်သို့ပေး
သွင်းရန် အခွန်ရှောင်ရှားခြင်း၊လမ်းသစ်ဂိတ်တွင် တရားဝင်အခွန်ဆော
င်ပြေးဆွဲနေသော ကားရှေ့မှာပင်ဂိတ်ထိုး၍ပြောင်ပြောင်တင်းတင်း ခရီး
သည်များခေါ်ယူတင်ဆောင်ခြင်း၊လူကြီးကိုယ်တိုင်ကယာဉ်စည်းကြပ်ခမ
ပေးဆောင်သည့်အပြင် ၄င်းနှင့်ပတ်သက်တဲ့ယာဉ်များကိုလည်း ပေးေ
ဆာင်ခြင်းမပြုရန် တောင်းခံပါက သူ့အမည်ပြောသွားရန်မှာကြားထား
ခြင်းကို ခရိုင်/တိုင်းအဆင့်ဆင့်မှာရှိတဲ့လူကြီးတွေမသိတဲ့အတွက်လား
ဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။

အမှန်တကယ်လိုင်စင် အနက်နံပါတ်ပြားတတ်ထားတဲ့ယာဉ်တွေဟာ မိမိအိမ်တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ရန်သာဖြစ်ပြီး ခရီးသည်တင်ေ
ဆာင်ခွင့် လုပ်ငန်းလိုင်စင်ချပေးမထားပါဘူး။လိုင်စင်အနက်နှင့်ခရီး
သည်တင်ဆောင်သည့် ယာဉ်၏သက်မှတ်ကာလသည်(၆)လသာဖြစ်
ပြီး(၆)လကျော်လွန်လာပါက နိုင်ငံတော်အခွန်ဆောင်ပြီး လုပ်ငန်းလိုင်
စင်နံပါတ်ပြားအနီသို့ပြောင်းလဲရမည်ဟု ကော်မတီ၏ဥပဒေပြဌာန်းချက်
များလည်းရှိပါသည်။

သို့ပါသောကြောင့် “မပြောမပြီး မတီးမမြည်ဆိုတဲ့စကားအတိုင်း”ဆောင်
ရွက်ရမည် ကိစ္စရပ်များကို မီးမောင်းထိုးရမယ်ဆိုရင်ဖြင့် ပြည်မြို့က ယက
ကကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အားနည်းမှု မြို့နယ်ကော်မတီဥ
က္ကဌရဲ့နည်းလမ်းမမှန်မှုတွေကြောင့် ယခုဆိုရင်ပြည်မြို့တွင် လိုင်စင်အန
က်ဖြင့် ခရီးသည်တင်ပြေးဆွဲနေသော ယာဉ်များ၊ယာဉ်လိုင်စင်အနက်အား 
အနီအဖြစ်သို့ပြောင်းလဲ၍ ခရီးသည်တင်ယာဉ်အဖြစ်ပြေးဆွဲနေသည်ကိုေ
တွ့မြင်နေရပါသည်။နီနီနက်နက် ငါးရာတစ်ထောင်တောင်းနေရုံလောက်
နဲ့တော့ ယကကပြည်၏တာဝန်တွေကျေပြွန်နေတာမဟုတ်ပါဘူး။ပြည်မြို့
တွင်းလမ်းတွေမှာ ယာဉ်တွေစည်းကမ်းမဲ့ရပ်နားခဲ့သဖြင့် လမ်းပိတ်ဆို့မှုေ
တွဖြစ်နေပါတာတွေကိုလဲ လုပ်သင့်ပါတယ်။ အဖွဲ့တစ်ဖွဲ့ထဲဆောင်ရါက်မဲ့
အစား သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံစုပေါင်းအားနဲ့ ညီညီညွတ်ညွတ်
ဆိုင်ကယ်ဖမ်းတုန်းကသကဲ့သို့ ဆောင်ရွက်မယ်ဆိုရင် ယာဉ်မောင်းတွေလဲ
စည်းကမ်းရှိ လမ်းသွားလမ်းလာတွေအတွက်လဲ အဆင်ပြေမည်ဖြစ်ပါသည် ။အခြေခံလူတန်းစားစီးတဲ့ဆိုင်ကယ်ကိုမှ ဦးထုပ်မပါလို့၊ လိုင်စင်နံပါတ်ပြားမ
တတ်လို့ဆိုပြီး ဖမ်းခဲ့သလို ယခုလဲစည်းကမ်းမဲ့ယာဉ် ၊ အခွန် ရှောင်အခွန်မ
ဆောင်ခြင်သော ယာဉ်တွေကိုလဲ နိုင်ငံတော်အစိုးရရဲ့ရက်(၁၀၀)စီမံချက်နဲ့ 
တိတိ ကျကျမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်လေး“ပြောင်းလဲချိန်တန်ပြီယက
ကပြည်”ရေ……..

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page