Tuesday, May 17, 2016

သတင်းအတို....

Leave a Comment


သတင်းအတို....
မြစ်ဆုံစီမံကိန်းသုံးနှစ်ပြည့်အနေဖြင့် ဆန္ဒထုတ်ဖော်ရာတွင် လက်ရှိအစိုးရအနေဖြင့် နိုင်ငံတစ်ကာဥပဒေများဖြင့်ဖြေရှင်း၍ စီမံကိန်းအပြီးတိုင်ရပ်ဆိုင်းပေးရန်တောင်းဆို
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ဗိုလ်ချုပ်ကျောက်ရုပ်တွင် ပြည်မြို့-ပြည်သူ့အထောက်အကူပြုကွန်ရက်အဖွဲ့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး ၃-နှစ်ပြည့်အခမ်းအနား နှင့် ပြည်သူတို့၏ရင်ဖွင့်သံများ ဟူသည့် ၅-ပေx၃-ပေ ဗီနိုင်းပိုစတာချိတ်ဆွဲ၍ ဧရာဝတီမြစ်ဆုံမှယူဆောင်လာသည့် ကျောက်ခဲများ နှင့် မေခ-မြစ်ရေ နှင့် မလိခမြစ်ရေများ ရေသန့်ဗူးအတွင်းထည့်ရှိကာ ပြသထား၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး ၃-နှစ်ပြည့်အခမ်းအနား နှင့် ပြည်သူတို့၏ရင်ဖွင့်သံများ ဆန္ဒထုတ်ဖော်ပွဲကို မေ-၁၈ရက်နေ့ နံနက် ၉-နာရီအချိန်ခန့်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၄င်းအခမ်းအနားတွင် ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး ၃-နှစ်ပြည့်အနေဖြင့် ကဗျာများ နှင့် ဒေသခံပြည်သူတို့၏ ရင်ဖွင့်စကားများကိုထည့်သွင်းပြောကြားသွားခဲ့ကြောင်းသိရသည်။
ပြည်သတင်းလူငယ်-ပြည်သတင်း-၀၉၂၅၃၃၁၁၀၁၉
 

0 comments:

Post a Comment

Facebook Like Page