Monday, April 25, 2016

သိန်းသုံးရာခန့်တန်ဖိုးရှိ အကြောအဆစ် နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန အဆောက်ဦးသစ်ဖွင့်ပွဲနှင့်ပေးအပ်လှူဒါန်းပွဲပြုလုပ်

Leave a Comment



သိန်းသုံးရာခန့်တန်ဖိုးရှိ အကြောအဆစ် နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန အဆောက်ဦးသစ်ဖွင့်ပွဲနှင့်ပေးအပ်လှူဒါန်းပွဲပြုလုပ်

 

ပြည်၊ဧပြီ၊၂၅

 

 

ပဲခူးတိုင်းဒေသကြီး ပြည်ရိုင် ပြည်မြို့ဆေးရုံးကြီးအတွင်းမှာ  အကြောအဆစ် နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန အဆောက်အဦးသစ် ဖွင့်ပွဲ နှင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားအား ဧပြီ ၂၅-ရက်နေ့ နံနက် ၈-နာရီအချိန်ခန့်မှာ ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး အရိုးကုသဆောင်ရှေ့တွင် ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ အကြောအဆစ် နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန အဆောက်အဦးသစ်အား ပြည်မြို့ဒေသခံ အလှူရှင် ဟာဂျီဦးဝင်းမောင်-ခေတ်သစ် ဆောက်လုပ်ရေး နှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး မိသားစု တို့မှ တစ်ဦးတည်းလှူဒါန်းခဲ့တာဖြစ်ကြောင်းသိရသည်။

 

အဆိုပါအဆောက်ဦးသစ်ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ နှင့် ဦးသက်ဝင်းလှိုင်တို့ တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည် နှင့် ဆရာဝန်ကြီး ဒေါက်တာတင့်ရွှန်း(ဆေးရုံအုပ်ကြီး)တို့နှင့် အလှူရှင် ဟာဂျီဦးဝင်းမောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားသွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ တန်ဖိုးငွေကျပ် သိန်း ၃၀၀-(သိန်းသုံး)ခန့်ကုန်ကျသည့် အဆောက်ဦးသစ်ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ ပြည်မြို့ပေါ်ရှိ မိုးမေတ္တာနာရေးကူညီမှုအသင်း သူ/သားများ ပြည်ဆေးရုံကြီးမှတာဝန်ရှိသူများ၊သက်ဆိုင်ရာဌာနများ၊မြို့မိမြို့ဖများ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ၄င်းအခမ်းအနားကို ထိုနေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင် ပြီးဆုံးသွားခဲ့ကြောင်းသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉





 

0 comments:

Post a Comment

Facebook Like Page