Wednesday, March 30, 2016

ပန်းတောင်းမြို့နယ်၊ ဆင်တဲ အခြေခံပညာအထက်တန်းကျောင်းဆောင် အကြီးစားပြင်ဆင်ခြင်းခန့်မှန်းတွက်ချက် မှုစာရင်းပါအတိုင်း ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များပြောကြား

Leave a Comment


ပန်းတောင်းမြို့နယ်၊ ဆင်တဲ အခြေခံပညာအထက်တန်းကျောင်းဆောင် အကြီးစားပြင်ဆင်ခြင်းခန့်မှန်းတွက်ချက် မှုစာရင်းပါအတိုင်း ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များပြောကြား



ပန်းတောင်း၊ မတ်လ



ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စုအခြေခံပညာအထက်တန်းကျောင်း အင်းဝဆောင် အား အကြီးစားပြင်ဆင်ရန်အတွက် ခန့်မှန်းတွက်ချက်မှုစာရင်းပါအတိုင်း ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များထံမှသိရသည်။

အဆိုပါ ၁၃၀x၃၀ ပေရှိသည့် နှစ်ထပ်ဆောင်အကြီးစားပြင်ဆင်ရန်အတွက် အခြေခံပညာဦစီးဌာန၊ နေပြည်တော်မှ (၂၀၁၅/၁၆) ရုံးချုပ်အရံ ရန်ပုံငွေမှ (၅၅.၀၂၀) သန်းအား ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ(၁၁) ရက်နေ့က ချထားပေးခဲ့ပြီး ခန့်မှန်းတွက်ချက်မှုစာရင်း(BQ) ပါအတိုင်းပြင်ဆင်ဆောက်လုပ် ခွင့်ကို စိန်လင်းလက်ကုမ္ပဏီက ရရှိခဲ့ကာ လုပ်ငန်းများဆောင်ရွက်ရာတွင် BQ ပါအတိုင်း လုပ်ဆောင်ခြင်းပေးခြင်းမရှိဘဲ မှုလအဟောင်းများကိုပြင်ဆင်ထားမှုအချို့ကိုတွေ့ရကြောင်း ကျောင်းအကျိုးတောင်ဆောင်အဖွဲ့ဝင်များက သုံးသပ်ပြောဆိုလိုက်သည်။

“ အင်းဝကျောင်းဆောင်အတွက် သိန်းငါးရာ့ငါးဆယ်နဲ့ကျောင်းဆောက်ဖို့ရတယ်။ အမိုးတွေကလည်းတွန့်လိမ်နေအောင်ဖြတ်တောက်ထားတာသေသပ်မှုမရှိဘူး။အမိုးကိစ္စကတော့အဲလောက်အရေးမကြီးတော့ပါဘူးပြီးလုနီးပါးဖြစ်နေတဲ့အတွက်။ ကျောင်းဆောင်ကြမ်းခင်းကို လျှာထိုးခင်းရမှာ အခုခင်းထားတာတွေက နဘေခြောက်တစ်တွေနဲ့ခင်းထားတယ်။ BQမှာပါတာက လျှာထိုးကြမ်းခင်းပါ။အခုက နဘေခြောက်တစ်တွေနဲ့ခင်းထားတဲ့ကိစ္စကို ကျောင်းကကော်မတီတွေနဲ့ ကုမ္ပဏီကလူတွေညှိနိုင်းတာကို ကုမ္ပဏီကလူတွေကလက်မခံဘူးဖြစ်နေတယ်။ သုံးကြိမ်မကတော့ဘူးညှိနိုင်းနေတာ။လုံးဝကိုလက်မခံတာ။ ကုမ္ပဏီက သူတို့လုပ်ပေးနိုင်သလောက်ပဲလုပ်ပေးနိုင်မယ်လို့ပြောတယ်။ကော်မတီတွေနဲ့လည်းမဆိုင်ဘူးတဲ့ပြန်ပြောတယ်။ အဓိကပိုဆိုးတာက BQမှာပါတဲ့အတိုင်းလုပ်မပေးတာပိုဆိုးပါတယ်။”ဟု ကျောင်းအကျိုးတော်ဆောင် ဆင်တဲကျေးရွာမှဦးအောင်ကျော်မြင့် ကပြောသည်။

အဆိုပါ ဆင်တဲ အခြေခံပညာအထက်တန်းကျောင်းရှိ အင်းဝဆောင် ပြန်လည်ပြင်ဆင်မှုများတွင် ကျောင်းဆောင်အမိုးမိုးရာတွင်လည်း (0.36 mm) မိုးရန်သဘောတူထားသော်လည်း (0.2 mm) သာမိုးပေးထားမှု နှင့် ကြမ်းခင်းများခင်းရာတွင်လည်း လျှာထိုးအစား ရိုးရိုးပျဉ်များကိုသာ ခင်းထားကြောင်း အခြားပြင်ဆင်မှုများပြုလုပ်ရာတွင်လည်း စိတ်တိုင်းမကျမှုများရှိနေကြောင်း ကန့်ကွက်မှုများပြုလုပ် နေသော်လည်း တာဝန်ယူပေးမှုမရှိကြောင်းကျောင်းအကျိုးတော်ဆောင်များထံကသိရသည်။

“လျှာထိုးကသူတို့အခက်ခဲရှိလို့နဲ့တူပါတယ် ဒါကိုသူတို့နဘေနင်းပြီး လုပ်မယ်လို့ ရှေ့ရက်တွေကအစည်းအဝေးလုပ်တုန်းကသိရတယ် အောက်ခြမှာကတော့မြေပြင်မှာရှိတဲ့ ကျောင်းနဲ့ကုမ္ပဏီနဲ့အဓိကပေါ့ ကျွန်တော်တို့ကတော့ BQ အတိုင်းဖြစ်ရမယ်အချို့ကိစ္စကတော့ အပိုတောင်းရတာ ရှိတာပေါ့ မီးမပါဘူးအထက်တန်းကျောင်းဖြစ်လို့မီးလုပ်ပေးဖို့ လှေကားဆိုတာမျိုး အချုပ်ကတော့ သဘောတူညီမှုအတိုင်းပေါ့ ဒီကျောင်းကညှိုနိုင်းလိုက်လို့ ပိုပဲရရဘယ်လိုဖြစ်ဖြစ်ပေါ့ မြို့နယ်အဖွဲ့ကတော့စာချုပ်ပါအတိုင်းရလား ဒါကိုကြည့်ရမယ်မရရင်ကျွန်တော်တို့လက်မခံဘူး အချို့ဈေးနှုန်းတွေကတော့ ဒေသပေါက်ဈေးများအရ စာရင်းစစ်တွေလည်းလာမှာပါ တစ်ချို့သွပ်ကိစ္စတွေကတော့ ဒီကကျောင်းနဲ့ပဲလုပ်ရမယ် စာအုပ်ကိုင်ထားမယ်ရရမဲ့ဟာကိုကြည့်မယ် ညှိုနိုင်းကြပေါ့” ဟု ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းဇော်ထွေး ကပြောသည်။

အဆိုပါ ဆင်တဲ့ အခြေခံပညာအထက်တန်းကျောင်းရှိ အင်းဝဆောင်ပြင်ဆင်မှုများတွင် ကျောင်းတာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ကုမ္ပဏီတို့ကိုညှိုနိုင်း ဆောင်ရွက်ရန်နှင့် သဘောတူညီမှုများပါအတိုင်းလုပ်ဆောင်ရန် ဆွေးနွေးပြောဆိုထားပြီးဖြစ်ကြောင်း ပန်းတောင်းမြို့နယ် ပညာရေးမှူးက ၄င်းကျောင်းအတွင်းမီဒီယာမျာနှင့်တွေ့ဆုံစဉ်က ပြောဆိုခဲ့ပြီး ကျောင်းဆောင်ဆောက်လုပ်နေသည့်လုပ်ငန်းတာဝန်ခံနှင့် သွားရောက်တွေ့ဆုံခွင့် တောင်းဆိုခဲ့သော်လည်း တွေ့ဆုံခြင်းမရရှိခဲ့ကြပါ။၎င်းကျောင်းဆောင်နှင့်ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင်များ နှင့် စိန်လင်းလက်ကုမ္ပဏီအကြား အဆင်မပြေမှုများယယနေ့အထိဆက်လက်ဖြစ်ပေါ်လျှက်ရှိနေကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
09253311019

0 comments:

Post a Comment

Facebook Like Page