Thursday, January 21, 2016

သက်ဆိုင်ရာဌာနတွေမှ ပင်လယ်အတွင်းငါးဖမ်းလုပ်ငန်းသွားရောက်လုပ်ကိုင်နေမှုကို ထိရောက်စွာကိုင်တွယ်မဖြေရှင်းပေး၍ ဆန္ဒထုတ်ဖော်

Leave a Comment

သက်ဆိုင်ရာဌာနတွေမှ ပင်လယ်အတွင်းငါးဖမ်းလုပ်ငန်းသွားရောက်လုပ်ကိုင်နေမှုကို ထိရောက်စွာကိုင်တွယ်မဖြေရှင်းပေး၍ ဆန္ဒထုတ်ဖော်

ပင်လယ်အတွင်းရေးလုပ်ငန်းအတွက် ငါးရွေးခြင်းလုပ်ငန်းများလုပ်ကိုင်ရမည်ဟုဆိုကာ တစ်လလျှင် ကျပ်တစ်သိန်းခွဲ ရမည်ဟုဆို၍ ပွဲစားများမှလိမ်လည်ခေါ်သွားပြီး ပင်လယ်အတွင်း တစ်လ၀င်ငွေ ငါးသောင်းကျပ်ပဲရရှိခါ ငါးဖမ်းခြင်းလုပ်ငန်းများ သွားရောက်လုပ်ကိုင်နေကြသည့် မိသားစုများမှ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း ထိရောက်စွာအရေးယူပေးခြင်းမရှိသဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဇန်န၀ါရီ ၂၁ ရက် နံနက် ၉-နာရီချိန်ခန့်က အောာင်ဆန်းပြည်သာယာရပ်ကွက် မှစတင်ကာ ဘုရားကြီးဘုရားအနီးသို့ ချီတက်လမ်းလျှောက်ဆိုင်းဘုတ်ကိုင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

အဆိုပါပင်လယ်အတွင်းငါးဖမ်းခြင်းလုပ်ငန်းများအား ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက  ပြည်မြို့ ၀က်ထီးကန်တိုက်နယ်အတွင်း လျှော်ထုံးကျေးရွာမှ ၁၆-ဦး နှင့် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက်အတွင်း မှ ၆-ဦးတို့ကို အလုပ်သမားပွဲစားများက တနင်္သာရီတိုင်းဒေသကြီး ရေးမြို့နယ်သို့ ပင်လယ်အတွင်း ရေလုပ်ငန်းများလုပ်ကိုင်ရန်ခေါ်ယူသွားခဲ့တာဖြစ်ပြီး ယနေ့ ခေါ်ဆောင်သွားသူများထဲမှ ၆-ဦးပြန်လည်ရောက်ရှိလာခဲ့ကြောင်းသိရသည်။

သတင်းအပြည့်အစုံဆက်လက်ဖော်ပြပေးပါမည်။ ပြည်သတင်းလူငယ်(ပြည်သတင်း) ၀၉၂၅၃၃၁၁၀၁၉


0 comments:

Post a Comment

Facebook Like Page