Thursday, January 21, 2016

ပြည်မြို့အကျဉ်းထောင်ကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသား လေးဦး စတင်လွတ်မြောက်

Leave a Comment




နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုသော သတင်းနှင့်အတူ ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်မြို့အကျဉ်းထောင်ကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားလေးဦး စတင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။ 

ဇန်န၀ါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ပုဒ်မ ၅၀၅(ခ)ဖြင့် တစ်နှစ်ခွဲ ထောင်ဒဏ်ကျခံနေရသည့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှ၊ တောင်သူ လယ်သမားအရေး လှုပ်ရှားသူ ကိုပဲပဲ (ခ) ကိုရဲကျော်သူ၊ ပြည်မြို့မှ ပီအာရ်စနစ် အလိုမရှိ ဆန္ဒထုတ်ဖော်မှုဖြင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်လေးလ ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ (ပြည်ခရိုင် ယာယီတာဝန်ခံ)
ဦးကျော်ဆန်း၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်မြို့နယ်ဥက္ကဋ္ဌ) ဦးဝဏ္ဏ၊ ဦးမောင်မောင်တိုး တို့လေးဦး လွတ်မြောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ဝေလင်း (ပြည်)
Eleven Media Group


0 comments:

Post a Comment

Facebook Like Page