Thursday, January 21, 2016

ပြည်မြို့ရောက်ရင် လက်လွတ်မခံသင့်တဲ့ အစားအသောက်များ

Leave a Comment

ပြည်မြို့ရောက်ရင် လက်လွတ်မခံသင့်တဲ့ အစားအသောက်များ
-----------------------------
၁။ ပန်းပဲတန်းလမ်း က “ဒေါ်ဥ ထမင်းသုတ်”
၂။ မြန်မာထမင်းဆိုင် ကန်လမ်းထဲက “ယုဇနထမင်းဆိုင် နဲ့ မေရွက်ဝါ ထမင်းဆိုင်” နောက်မြို့သစ် အဝင် ပန်းခြံရှေ့ လမ်းထဲက “Top ထမင်းဆိုင်”
၃။ စံနန်းဦး နား ရွှေသာလျောင်း ဘုရားနားက “ဒေါ်တင်အေး လက်စွမ်းပြ ထမင်းသုတ်”
၎။ ညနေပိုင်းဆို ကမ်းနားလမ်းက “အကြော်ဆိုင်လေးတွေ” နဲ့ ဗိုလ်ချုပ်လမ်းပေါ် အ.ထ.က(၄)ေ၇ှ့က အကြော်ဆိုင်
၅။ ပြည်မြို့သစ်ဈေး စည်ပင်ရုံးရှေ့က “ရွှေရသာ” ကော်ရည်၊ ဆီချက်၊ ဆီကော် နဲ့ "အရှေ့ပေါက်နားက ကော်ရည်ဆိုင်"
၆။ မုန့်ဟင်းခါးဆို တရုတ်တန်းလမ်းနဲ့ လမ်းရှည်လမ်း ဒေါင့်က “နွယ်နွယ်” နဲ့ေ၇ွှဆံတော် ဓါတ်လှေကားဆင်းပီး ဒီဘက်က ဆိုင်တန်းနားက "ဆန်လှော်မုန့်ဟင်းခါးဆိုင်" ပြီးတော့ .. Nemo မုန့်ဆိုင်ဘေးက "မုန့်ဟင်းခါးဆိုင်"
၇။ အသီးဖျော်ရည် ဆိုရင် လမ်းရှည်လမ်းကပဲ “သုံးရာသီ” ဆိုတဲ့ဆိုင်
၈။ ဒိန်ချဉ် ဆိုရင် လမ်းရှည်လမ်းနဲ့ေ၇ွှတချောင်းလမ်းဒေါင့်နားက “စိန်ဘန္ဒာ” ဒိန်ချဉ်နဲ့ ယခင် လမ်းရှည်လမ်းကနေ ပြောင်းသွားတဲ့ "သစ်ရိပ်သာ ဒိန်ချဉ်" (အခု ပြည်တော်အေး ရုံဘက်ပြောင်းသွား)
၉။ ပြည်ကြက်သားပလာတာ ဆိုရင် ဗိုလ်ချုပ်လမ်း ပေါ် ဗလီနားမှာ “ရာကွတ်” နဲ့ စာတိုက်တန်းလမ်းက “နှုတ်ခမ်းမွှေး” (မနက်ပိုင်းနေမြင့်ရင်တော့ကုန်ပီ)
၁၀။ လက်ဖက်ရည်ဆိုင် ကောင်းကောင်းဆိုရင် ကမ်းနားလမ်းက “ဆိပ်ကမ်းသာ” (စီလုံ လက်ဖက်ရည်ဆိုတာလည်း အဲမှာရတယ်) နောက်တစ်ဆိုင်ကတော့ “Day & Night” မြို့သစ်အဝင် ဆေးရုံးကြီးနားက
၁၁။ လူရှင်းပြီး အေးအေးဆေးဆေး ထိုင်လို့ရတဲ့ restaurant အချို့က မင်္ဂလာထွန်းသီရိရုံတို့ နား ကျောင်းကြီးအိုးတန်းရပ်ကွက် ထဲက “Forever” တို့ “My Favourite” တို့
၁၂။ ညလုံးပေါက် ဖွင့်တဲ့ ထမင်းကျော်သုတ်တို့ ဘာတို့စားချင်ရင် ဗိုလ်ချုပ်ကြေးရုပ်နားက ဗဟိုမီးသတ်ရှေ့မှာ ဆိုင် တစ်ခုရှိတယ်ထမင်းကျော်သုတ်တို့ ထမင်းကျော်တို့ ရတယ်
၁၃။ နောက်ပီး ညနေပိုင်းဆို ငါးကင်တို့ တခြား ဒုတ်ထိုးတို့ ဘာတို့ စားရင်း ဈေးဝယ်ချင်ရင် ဗိုလ်ချုပ်ကြေးရုပ်နောက်က “ညဈေး” ကိုသွား
၁၄။ စိန်ပန်းသုတ်တို့ တို့ဟူးသုတ်တို့ စားချင်ရင် ပြည်စာတိုက်နားက “ဦးတင်အုန်း” အသုတ်ဆိုင်
၁၅။ ညပိုင်း Night Life အတွက် ဆိုရင် ဗိုလ်ချုပ်လမ်းပေါ်က “Prome Garden” နဲ့ စက်မှု့ဇုံထဲက ရေကူးကန်လေး နဲ့ တွဲဖွင့်ထားတဲ့ “နွေမိုးဆောင်း” ဆိုတဲ့ဆိုင် ၊နောက်ပီး တောင်ပေါ် Sweet Golden Land ဘေးက The Mix Bar
၁၆။ ကြက်သောက်ဆန်းဆိုတာလဲ နာမည်ကြီးသေးတယ် နဝဒေးတံတား အဆင်းက "ရွှေပြည်" ကြက်သောက်ဆန်းဆိုင် ဆိုလဲကောင်းတယ်
၁၇။ ဆွေးနွေဘုရားဆိုင်ခန်း လမ်းမတော် တစ်လမ်းမောင်းကွေ့နားက "ဆီထမင်းတို့ .. ကောက်ညှင်း ငချိတ် တို့ .. (မနက်ပိုင်း only)
၁၈။ ပြည်ထောင်ကြီး နားက ထူးခြားတဲ့ အနှစ်တွေနဲ့ချက်တဲ့ "ရွှေတောင်မုန့်ဟင်းခါး "
၁၉။ ရုံးလမ်းက စူရီးယားဆိုင်က "တိုရှည်" ဆိုင်
၂၀။ မြို့သစ် ဂိတ်ကြီးရှေ့က "ဆည်းဆာ" ဆိုတဲ့ဆိုင်က ကော်ဖီနဲ့ ပြည်တက္ကသိုလ် နားက "YES" ကော်ဖီ ...
============
credit : အရင်ကရေသားထားသူ နဲ့ ဓါတ်ပုံပိုင်ရှင်တွေကိုပေးပါတယ်။ ဖတ်ဖူးလိုက်ပီး မသိလိုက်လို့ပါ။အားလုံးကို Credit:ပေးပါတယ်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019


0 comments:

Post a Comment

Facebook Like Page