Tuesday, January 26, 2016

ပြည်မြို့ ရွာဘဲရပ်ကွက် ရထားလမ်းဘေးရှိဆိုင်ခန်းသုံးခန်းအား ရပ်ကွက်နေပြည်သူများတိုင်ကြားသဖြင့်ဖယ်ရှားခိုင်းသည်ဟုသိရ

Leave a Comment


ပြည်မြို့ ရွာဘဲရပ်ကွက် ရထားလမ်းဘေးရှိဆိုင်ခန်းသုံးခန်းအား
ရပ်ကွက်နေပြည်သူများတိုင်ကြားသဖြင့်ဖယ်ရှားခိုင်းသည်ဟုသိရ

ပြည် ဇန်န၀ါရီ(၂၇)
ပဲခူးတိုင်ဒေသကြီး ပြည်ခရိုင်၊ပြည်မြို့ ရွာဘဲရပ်ကွက်၊ဒေါနခြံနယ်မြေရှိ
မီးရထားလမ်းဘေးတွင်ဖွင့်လှစ်ထားသော ထမင်းဆိုင်၊ကော်ရည်ဆိုင်၊
ဆိုင်ကယ်ပြုပြင်ရေါ်နှင့်ရေဆေးခုံလုပ်ငန်းလုပ်ကိုင်သည့်ဆိုင်(၃)ဆိုင်
အား ရပ်ကွက်နေပြည်သူများကတိုင်ကြားသည်ဟုဆိုကာ မီးရထား
အင်ဂျင်နီယာဌါနက ဖယ်ရှားပေးရန်ပြောခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့ကိုလဲ ခရိုင်အုပ်ချုပ်ရေးမှူးကစာဖြင့်ဆောင်ရွက်ခိုင်းလို့
လာရောက်ပြောရတာပါ။တကယ်လို့သာ ရပ်ကွက်ကတိုင်စာမတက်
ဘူးဆိုရင်ကျွန်တော်တို့လဲ မသိချင်အောင်ဆောင်နေပေးပါတယ်။အ
မှန်တကယ်တော့နေရာတော်တော်များများက မီးရထားပိုင်နက်နဲ့မ
လွတ်ကင်းပါဘူး တိုင်လို့လာရောက်ပြောရတာပါ"ဟု မြန်မာ့မီးရထား
လုပ်ငန်း အင်ဂျင်နီယာဌါနမှ လာရောက်စစ်ဆေးသူအေအီးကပြော
သည်။

အဆိုပါ မီးရထားလမ်းဘေးရှိဆိုင်ခန်းသုံးခန်းအား ဇန်န၀ါရီ (၂၃)
ရက်နေ့တွင်ဖယ်ရှားခိုင်းခဲ့ပြီး တစ်လတိတိအချိန်ပေးကာ ဖော်ဖ
ဝါရီလ(၂၃)ရက်အပြီးဖယ်ရှားပေးရန်နှင့်အကယ်၍ဖယ်ရှားပေး
ခြင်းမရှိပါကမီးရထားဥပဒေအရအရေးယူဆောင်ရွက်သွားမည်
ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

"နာရေးရှိရင် နာရေးလာတဲ့ကားတွေ၊နာရေးတင်တဲ့ကားတွေကို
အုန်းတောလမ်းပေါ်မှာထားပြီး အလောင်းကို ထမ်းထုတ်ရတယ်၊
ဟိုတလောကမီးလောင်တော့လဲမီးသတ်ကားတွေက ၀င်မရလို့ဟို
ဘက်လမ်းကပတ်ဝင်ရတယ်။ဒါတင်မဟုတ်သေးဘူးအဆောင်ကို
လာတဲ့ကျောင်းသား/ကျောင်းသူတွေရဲ့ကားဆိုင်ရှေ့ခဏရပ်ရင်
လဲ ဆိုင်ရှေ့ပိတ်မရပ်နဲ့ဆိုပြီးထွက်ပြောသေးတယ်"ဟုတိုင်ကြား
ရာတွင်ပါဝင်သောရပ်ကွက်နေသူကပြောသည်။

၎င်းဆိုင်ခန်းများရှိနေခြင်းကြောင့် မီးရထားလမ်း၏ တောင်ဘက်တွင်
နေထိုင်ကျသောရပ်ကွက်သူ/ရပ်ကွက်သားများအတွက် မီးဘေးအန္တ
ရာယ်များ၊သာရေးနာရေးကိစ္စရပ်များ၊ကျောင်းသား/ကျောင်းသူများ
အတွက်အသွားအပြန်၊ကားအ၀င်အထွက်၊အခြားသော အရေးပေါ်
ကိစ္စရပ်များ၊လူမှုရေးဆိုင်ရာ ကိစ္စရပ်များအတွက် ၄င်းဆိုင်ခန်းများ
သည် လမ်းထိပ်ဝဲယာပိတ်၍ထားပါသောကြောင့်အခက်အခဲများဖြစ်
သည့်အတွက်ဖယ်ရှားပေးရန်ရပ်ကွက်သူ/သား(၂၅)ယောက်ကလက်
မှတ်ရေးထိုး၍ပြည်ခရိုင်အုပ်ချုပ်ရေးရုံး၊မြန်မာ့မီးရထားလုပ်ငန်း၊မြို့နယ်
စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့၊မြို့
နယ်/ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ တိုင်စာပို့ တိုင်ကြားထားခြင်းဖြစ်ေ
ကြာင်းလဲသိရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





0 comments:

Post a Comment

Facebook Like Page