လမ်းခင်းရာ ဖုန်မှု့များအင်မတန်ထွက်နေသောကြောင့် ဒေသခံများ နှာခေါင်းစည်းဝေငှခြင်းများပါပြုလုပ်နေရ
ပြည် ဇန်န၀ါရီ ၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့အတွင်းက ဗိုလ်ချုပ်လမ်းမကြီးအား မက်(စ်)မြန်မာကုပ္မဏီမှတာဝန်ယူ လမ်းခင်းခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ အဆိုပါ ခင်းလက်စ လမ်းများ နှင့် ခင်းပြီးသည့်လမ်းများတွင် ဒေသခံပြည်သူများ နှင့် ပြည်မြို့သို့လာရောက် လှည့်လည်ကြသည့် ပြည်တွင်း/ပြည်ပ ဧည်သည်များ စိတ်အနှောင့်ယှက်ဖြစ်စရာ ဖုန်လုံးကြီးများ အမြဲလိုလိုပေါ်ထွက်နေသောကြောင့် ပြည်မြို့ဒေသခံများမှ အဆိုပါလမ်းအား ရှုံ့ချသောအနေဖြင့် Mask(နှာခေါင်းစည်း)များအား အဆိုပါလမ်းအသုံးပြုနေသူများထံ သွားရောက်ဝေငှခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
“သူတို့ကလမ်းခင်းကျောက်ကိုပဲပြန်ကြိပ်ပြီးခင်းထားတော့တော်တော်ဖုန်ထတယ်၊လမ်းသွားလမ်းလာတွေလဲဒုက္ခရောက်တယ်၊အဲဒိဖုံတွေကနှာခေါင်းထဲမှာဝင်တာကြာလာတော့၊ပိတ်ဆို့ပြီးအသက်ရှုလမ်းကြောင်းကိုပါလာထိခိုက်တယ်၊ဒီနားမှာလဲ ခလေးတွေရယ်၊သက်ကြီးရွယ်အိုတွေရှိတယ်၊သူတို့အတွက်စိုးရိမ်ရတယ်၊အရှုတုံးက အခုလိုဖုံမထပါဘူး၊အခုကတော့၊သူတို့လုပ်လာတာတော်တော်လေးကြာနေပြီ။” ဟု ပြည်မြို့ဒေသခံ ကိုသိန်းမင်းထွန်းကပြောသည်။
အဆိုပါလမ်းအား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘလတွင် စတင်၍ လမ်းခင်းခြင်းလုပ်ငန်းများ လုပ်ဆောင်လာခဲ့တာဖြစ်ပြီး ၄င်းလမ်းအား ၂၀၁၆ ခုနှစ် ဇန်န၀ါရီ လကုန်တွင်အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
“ကျောက်ကအမာဝယ်လို့မရတာလဲပါ ပါတယ်။ အရင်တုန်းကလဲဒီကျောက်ပဲခင်းလာခဲ့တာပါ။ ကျောက်စရစ်ကခင်းခွင့်မပေးဘူး။ ဆိုင်ကယ်တွေအတွက်အန္တရယ်လဲရှိတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးဖုံမပါအောင်လို့တော့လုပ်ထားပါတယ်။ ဖုံထလာရင်လဲ နေအိမ်ရှေ့ကနေ ရေအနည်းငယ်တော့ဖြန်းခွင့်ပေးထားပါတယ်။ ရေအများကြီးတော့ဖြန်းလို့မရဘူး။ ဖုံကနဲနဲတော့ထွက်နေအုံးမှာပါပဲ။ ကျောက်ဖို့တဲ့သူကနဲနဲဖုံများသွားတာလဲပါလို့ဖြစ်ရတာပါ။” ဟု ဦးစံရင်(အမှုဆောင်အင်ဂျင်နီယာ - Max Highway Co.ltd )ကပြောသည်။
အဆိုပါ ဗိုလ်ချုပ်လမ်းမကြီးသည် ပြည်မြို့၏ အထင်ကရမိန်းလမ်းမကြီးတစ်ခုဖြစ်သလို ထိုလမ်းမှတဆင့် ရန်ကုန်၊ပေါက်ခေါင်း၊အောင်လံစသည့်လမ်းမများပေါ်သို့ သွားရောက်သည့်လမ်းဖြစ်သလို ပြည်မြို့တွင်းနေထိုင်ကြသူ ဒေသခံများ နေ့စဉ်အများဆုံးသွားလာရာ လမ်းမကြီးတစ်ခုဖြစ်ကြောင်းသိရသည်။
“ဒီနားကခလေးငယ်တွေ အသက်ကြီးသူတွေဒုက္ခရောက်နေတယ်။ သူတို့ကတ္တရာခင်းတာမဟုတ်ပဲ ကျောက်ခင်းလမ်းသက်သက်ဖြစ်နေတယ်။ ဟိုနားကပေါက်ဒီနားကပေါက်နဲ့ ရှေ့ကကားသွားလိုက်ရင်နောက်က ဆိုင်ကယ်တွေ စက်ဘီးတွေသွားလို့မရတော့ဘူး။ အရင်တုန်းကလမ်းခင်းပြီးရင်ရေလောင်းပေးတာရှိတယ်။ အခုကတော့ လုပ်မပေးဘူး။ ဖုံတွေဆိုင်တွေ အိမ်တွေထဲ ၀င်လာလို့ ဆိုင်းခန်းတစ်ချို့ အရောင်းအ၀ယ်တွေ ခေတ္တပိတ်ထားလာရတဲ့အထိရှိနေတယ်။တစ်ချို့ဆို ၂ ရက်လောက်ရှိနေပြီ ဖုံတွေဆိုင်ထဲဝင်လာလို့ပိတ်ထားရတာ။” ဟု ပြည်မြို့ဗိုလ်ချုပ်လမ်းနေထိုင်သူ ဦးခင်ဇော်ကပြောသည်။
အဆိုပါ မက်(စ်)မြန်မာကုပ္မဏီမှတာဝန်ယူ၍ ခင်းသည့်လမ်းများသည် ရန်ကုန်၊ပြည်၊မကွေး နှင့် အဝေးပြေးလမ်းမကြီးများမှာ လမ်းခင်းခြင်းလုပ်ငန်းများ အများဆုံးလုပ်ဆောင်နေခဲ့ရတာဖြစ်ပြီး ပြည်မြို့ဗိုလ်ချုပ်လမ်းခင်းခြင်းနှင့်ပတ်သက်ပြီး ဖုံများအင်မတန်ထလာမှုများကြောင့် ၄င်းကုပ္မဏီခင်းသည့် လမ်းအား ရှုံ့ချသောအနေဖြင့် ဇန်န၀ါရီ ၂-ရက်နေ့ နှင့် ၃ရက်နေ့တွေမှာ ပြည်မြို့ပေါ်ရှိ ပြည်မြို့နေ့စဉ်မန်ဘာ Group (အွန်လိုင်း)၊ပရဟိတလူငယ်များ၊မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) တို့မှ အဆိုပါလမ်းမကြီးပေါ်သွားလာနေကြသူများကိုMask(နှာခေါင်းစည်း) များသွားရောက်ဝေငှခဲ့ကြောင်းသိရပြီး ထပ်မံဆိုဝါးလာပါက ဆန္ဒပြပွဲများပါ ပြုလုပ်သွားမည်ဟု ပြည်မြို့ဒေသခံတို့၏ လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျှက်ရှိကြောင်း သိရသည်။
K3(pyay)
0 comments:
Post a Comment