Friday, November 6, 2015

ဆန္ဒမဲပေးခွင့်မရရှိသေးသဖြင့် ရပ်ကျေးရုံးမှ မြို့နယ်ရွေးကော်ပွဲကော်မရှင်ရုံးသို့ အမျိုးသမီး ၁၅ ဦးခန့် သွားရောက်တွေ့ဆုံတောင်းဆို

Leave a Comment



ဆန္ဒမဲပေးခွင့်မရရှိသေးသဖြင့် ရပ်ကျေးရုံးမှ မြို့နယ်ရွေးကော်ပွဲကော်မရှင်ရုံးသို့ အမျိုးသမီး ၁၅ ဦးခန့် သွားရောက်တွေ့ဆုံတောင်းဆို



ပြည်၊နိုဝင်ဘာ၊၆



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း အောင်ဆန်းပြည်သာယာရပ်ကွက်မှ ဆန္ဒမဲပေးရန် တစ်ချို့လျှောက်ထားခဲ့ကြသော်လည်း နောက်ဆုံးအကြိမ်မဲစာရင်းကြေငြာသည့်အခါ ထပ်မံပါရှိမလာမှုများကြောင်း ဆန္ဒမဲပေးခွင့် ဆုံးရှုံးမှုကို စိုးရိမ်စွာဖြင့် ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ အမျိုးသမီး ၁၅ ဦးကျော်မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့်တိုက်ရိုက်တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။



“အရင်က န၀င်းရပ်ကွက်မှာနေတာ။အောင်ဆန်းပြည်သာယာကို ပြောင်းလာတာတစ်နှစ်ရှိပြီ။ခုမဲပေးရမည့်အချိန်မှာအောင်ဆန်းပြည်သာယာမှာ အရင်မဲစာရင်းသွားကြည့်တယ်မပါဘူး။ န၀င်းမှာများ ပါမလားဆိုပြီး သွားကြည့်တော့လည်း မဲစာရင်းသွားစစ်တော့အမည်ပါမလာဘူး။န၀င်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ၂၀၁၅ ကျမှပေးလိုက်တော့တဲ့။ဒီအမည်စာရင်းတွေက ၂၀၁၄ခုနှစ်ကတည်းက ကောက်ယူထားတာတဲ့ အောင်ဆန်းပြည်သာယာမှာ မဲပြန်ပေးပါတဲ့ အဲလိုပြန်ဖြေတယ်။အဲဒိကနေ အခုမြို့နယ်ကော်မရှင်ရုံးကိုအခုရောက်လာတော့လည်း အောင်ဆန်းပြည်သာယာကို ပြန်သွားခိုင်းတယ်။ဆန္ဒမဲပေးခွင့်မဆုံးရှုံးချင်ဘူး။ကျမတို့ကြိုက်တဲ့ ပါတီကို ကျမတို့နိုင်ငံအတွက်ရွေးချယ်မဲပေးချင်ပါတယ်။” ဟု အောင်ဆန်းပြည်သာယာရပ်ကွက် ချင်းစု နေထိုင်သူ မခိုင်ကပြောသည်။





“  မဲစာရင်းမှာမပါလို့ ပုံစံသုံးနဲ့လျှောက်ပြီးသားဆိုရင် ပြန်ရှာပြီး လက်ရေးနဲ့ ဆန္ဒမဲပေးခွင့်စာရင်းမှာ ဖြည့်စွပ်လို့ရတယ်လို့ ညွှန်ကြားထားပြီးသားပါ။ အခုဖြစ်တဲ့ပြဿနာတွေက ရပ်ကျေးကော်မရှင်တွေမှာ တာဝန်ရှိတယ်။ရပ်ကျေးကော်မရှင်တွေက ပုံစံ ၃ကို ပြန်ရှာပြီး တွေ့တာနဲ့ လက်ရေးနဲ့ပြန်ထည့်ပေးရမယ်။ပြန်လျှောက်ထားတဲ့ ပုံစံ၃ လက်ခံစာရွက်ရိရင်လည်း သက်ဆိုင်ရာ ရပ်ကျေးရုံးကို ပြပြီး ပြန်လည်ဖြည့်စွပ်လို့ရတယ်။မရှိရင် မဲဆန္ဒရှင်က အားစိုက်ပြန်ရှာ ပြန်ကြည့်ပြီး ဖြည့်စွပ်နိုင်တယ်။ တစ်ကြိမ်တစ်ခါမှ မဲစာရင်းမှာပါမလာတဲ့ မဲဆန္ဒရှင်ကတော့ မဲပေးလို့မရတော့ပါဘူး။လာမည့် ၂၀၁၅ မှာ သေချာပြန်လည်စီစစ်ပြီး မဲပေးနိုင်ရန် ကြိုးစားရတော့မှာပါ။အားလုံးကို ဆန္ဒမဲပေးစေချင်ပါတယ်။” ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင် ပြည်ခရိုင် ဦးစီးအရာရှိ ဦးဝေနော် ကပြောသည်။



ယင်းကိစ္စနှင့်ပတ်သက်ပြီး ရပ်ကျေးရုံးများတွင် အကြိမ်ကြိမ်လူကိုယ်တိုင်သွားရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသော်လည်း သက်ဆိုင်ရာ ရပ်ကျေးရုံးမှ ဆန္ဒမဲပေးပိုင်ခွင့်မရှိတော့ကြောင်း လျှေက်လွှာများပိတ်သိမ်းရက်ဖြစ်နေကြောင်းပြန်လည်ဖြေရှင်း၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့သာ သွားရောက်တောင်းဆိုကြည့်ပါရန် ပြန်လည်စေလွှတ်သဖြင့် ရပ်ကျေးရုံး နှင့် မြို့နယ်ရွေးကော်ပွဲကော်မရှင်ရုံးသို့ သွားလာလျှက်ဖြစ်နေကြကြောင်းသိရပြီး ဆန္ဒမဲပေးနိုင်ခွင့် အခွင့်အရေးကတော့ သေချာမှုမရှိကြောင်းသိရသည်။



K3(pyay)
ပည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page