Thursday, November 5, 2015

အစိုးရ၀န်ထမ်းလား ၊ ပြည်သူ.၀န်ထမ်းလား

Leave a Comment



သရ၀ဏ်(ပြည်)

အချို.၀န်ထမ်းများသည် ခေတ်ဟောင်းစနစ်ဟောင်းက၀ါဒဖြန်.မှိုင်းတိုက်မှုများယခုတိုင်ခေါင်းထဲသို.ရောက်နေဆဲဖြစ်သည် ။ တလောက ကျေးရွာတရွာတွင် မိန်းကလေးတယောက်ခွေးကိုက်ခံရရာ တိုက်နယ်ဆေးရုံသို.သွားပြီး ခွေးရူးပြန်ကာကွယ်ဆေးသွားထိုးသည်ဆို၏ ။ ထိုအခါကုသမပေးခင် သူနာပြုဆရာမတဦးက လူနာအား နင်က ဘယ်သူ.ကိုမဲပေးမှာလဲဟုမေးသည်ဆို၏ ။ ထိုအခါ ခွေးကိုက်ခံရသူကောင်မလေးက သူ.စိတ်ထဲရှိသည်.အတိုင်း ကျွန်မက အမေစုပါတီ ကိုပေးမှာပါ ဟုပြန်ဖြေလိုက်သည် ။ ထိုအခါ သူနာပြုဆရာမကမျက်နှာတင်းမာသွားပြီး အမေစုကနင်.ကိုဘာတွေလာပေးထားဘူးလို.လဲ ၊ တံတားတစင်း ဖောက်ဖူးသလား ၊ လမ်းတခုခင်းပေးဖူးသလား ဟုပြောသည်ဆို၏ ။ လူနာမှာခွေးကိုက်ရာတန်းလန်း၇ှိသည်.အပြင် ဆေးထိုးမပေးမည်စိုးသဖြင်. သူနာပြုဆရာမများနှင်.ဖက်ပြိုင်မငြင်းခုန်နိုင်တော.ပဲ နှုတ်ပိတ်၍သာနေရတော.၏ ။ ကျောင်းတကျောင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုထွက်ကြိုဆိုသော ကျောင်းသားကျောင်းသူအယောက် ၄၀ အား ကျောင်းအုပ်ဆရာကြီးက ရိုက်နှက်အပြစ်ပေးသည်.သတင်းကိုလည်းကြားရ၏ ။ပညာရေးဌာနမှဝန်ထမ်းများကို နိုင်ငံရေးတွင်မပါကြဖို.အမိန်.ထုတ်ပြန်ထား၏ ။ အချို.သောဌာနဆိုင်ရာဝန်ထမ်းများ၏ အမည်နှင်.မှတ်ပုံတင်နံပါတ်များကို အထက်မှတောင်းသည်ဆိုကာ မှတ်သားယူဆောင်သွားသောဖြစ်ရပ်များလည်းရှိနေပေ၏ ။ ၀န်ထမ်းများသည် အထက်ကညွှန်ကြားသောပါတီတခုသို.မဲထည်.ရမည်ဟုဖိအားပေးပြောဆိုမှုများ ရှိနေနိုင်သည်ဟုလည်း အားလုံးကသံသယရှိနေကြသည် ။ ရွေးကောက်ပွဲမဲဆွယ်နေသော NLD အမတ်လောင်းများကို ဒါးဖြင်.ခုတ်ခြင်း ၊ဒုတ်ဖြင်.ရိုက်ခြင်း၊ မဲဆွယ်ပွဲကိုနှောက်ယှက်ခြင်းစသည်. ကကာယကံမြောက်အကြမ်းဖက်မှုတို.ကိုလည်းမြင်တွေ.လာရသောအချိန်ဖြစ်သည် ။ 
ယနေ.သည် သောကြာနေ.ဖြစ်သည် ။ နောက်နှစ်ရက်အကြာ တနင်္ဂနွေနေ.တွင် သင်သည် အသက်ဆယ်.ရှစ်နှစ်ပြည်.ပြီးသောမြန်မာနိုင်ငံသားဖြစ်ပါက ရွေးကောက်ပွဲတွင်မဲပေးရတော.မည်ဖြစ်သည် ။ သင်ဤစာကိုဖတ်နေချိန်တွင် မဲပေးရန် ၄၈ နာရီပဲလိုတော.သဖြင်. အလွန်အရေးကြီးသောအပိုင်းအခြားကာလသို.ရောက်ရှိနေပြီဖြစ်သည် ။ နိုင်ငံတကာရွေးကောက်ပွဲပညာရှင်များကပြောသည်မှာ ရွေးကောက်ပွဲတခုတွင်မဲမပေးမီ ၃ ရက်တာကာလသည် အရေးအကြီးဆုံး အချိန်ဖြစ်ပြီး ထိုသုံးရက်သည် ဘယ်ပါတီကိုမဲပေးရမည်ဟုတိတိကျကျမဆုံးဖြတ်ရသေးသူများအတွက်ဆုံးဖြတ်ချက်ချလေ.ရှိသောကာလများ ဖြစ်သဖြင်.ကြားနေမဲများသည် သူ.ဘက်ကိုယ်.ဘက်ပါသွားတော.မည်.ကာလများဖြစ်သည် ။ ဤရက်ပိုင်းအတွင်းဖြစ်ပေါ်လာမည်.ထူးခြားဖြစ်စဉ်များသည် ဇဝေဇ၀ါဖြစ်နေသူမဲဆန္ဒရှင်များကိုဘယ်သူ.ဘက်သို.မဲပေးရမည်ဟု ဆုံးဖြတ်နိုင်စရာကိစ္စများဖြစ်လာနိုင်ပါသည် ။ အထူးသဖြင်.၀န်ထမ်းများသည် ဘယ်ပါတီကိုမဲထည်.ရမည်နည်းဟု ဦးနှောက်ခါးတောင်းကျိုက်ရမည်. အချိန်သို.ရောက်လာပြီဖြစ်သည် ။ မြန်မာနိုင်ငံတွင် ၀န်ထမ်းများအားလုံး၏အကြီးအကဲသည် သက်ဆိုင်ရာဌာန၏ ၀န်ကြီးများဖြစ်ပါသည် ။ ၀န်ကြီး အားလုံးနီးပါးသည် တပ်မတော်မှအငြိမ်းစားယူလာသူဗိုလ်ချုပ်များဖြစ်ကြသည် ။ လက်ရှိတပ်မတော်ရာထူးလက်ရှိ ၀န်ကြီးသုံးပါးလည်းပါဝင်သည် ။ ပြည်ထဲရေးဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီးတို.ဖြစ်သည် ။ ထို.ကြောင်.တပ်မတော်အရာရှိများအသားကျနေသည်မှာ အမိန်.ပေးအမိန်.ခံစနစ်ဖြစ်သည် ။ မဲဆန္ဒရှင်ဝန်ထမ်းများသည် မိမိဦးနှောက်နှင်.အသိဥာဏ်ကိုအသုံးချကာဆန္ဒမဲပေးရသည်ထက် အထက်မှလျှို.၀ှက်ညွှန်ကြားမှုများ ၊သတိပေးခြိမ်းခြောက်မှုများ၊မလွန်ဆန်သာသောဖိအားများနှင်.သာ ဆန္ဒမဲပေးရခြင်း ဖြစ်နိုင်စရာရှိပါသည် ။ ဘယ်သူ.ကိုထည်.ပါ ၊ဘယ်ဝါ.ကိုထည်.ပါ ၊ ဘယ်ပါတီကိုမထည်.နှင်. ၊ဘယ်ပါတီကိုထည်.ပါဟူသောလျှို.၀ှက် ညွှန်ကြားချက်များကိုလည်း လက်ခံရရှိကောင်းရရှိထားနိုင်ပြီးဖြစ်ပါသည် ။ မိမိဘ၀တက်လမ်းနှင်.ယှဉ်သောခြိမ်းခြောက်အကြပ်ကိုင်မှုများ ၊ မိမိခင်ပွန်း ၊ဇနီး ၊သားသမီးများ၏ ရာထူးအာဏာ စည်းစိမ်တည်မြဲရေးအတွက်သွယ်ဝိုက်ခြိမ်းခြောက်မှုများလည်းရှိကောင်းရှိနိုင်ပါသည် ။အကြောက်တရားများလည်းရှိနိုင်ပါသည် ။ အချို.၀န်ထမ်းများကတော.မိမိတို.သည် အစိုးရကပေးသောရိက္ခာလစာကိုယူထားသဖြင်. အစိုးရကျွေးသောထမင်းကိုစားသဖြင်. အစိုးရလိုလားသောပါတီကိုသာမဲပေးမည်ဟု လွဲမှားစွာနားလည်ထားသူများလည်းရှိပါသည် ။ ဤနေရာတွင်ရှင်းလင်းစရာလိုလာသည်မှာ ၀န်ထမ်းများကိုဘယ်သူက လုပ်ခလစာပေးနေသနည်းဟူသော အဖြေဖြစ်သည် ။ တနည်းဆိုရလျှင် ၀န်ထမ်းသည် အစိုးရ၀န်ထမ်းလော ၊ပြည်သူ.၀န်ထမ်းလောဟူသည်.ပြသနာဖြစ်သည် ။ဝန်ထမ်းဆိုသည်မှာရဲတပ်ဖွဲ.၀င်များနှင်.တပ်မတော်သားများလဲပါဝင်ပါသည် ။ 
မျက်စေ.တဆုံးသေသေချာချာမကြည်.ပဲ ကိုယ်မြင်တာကွက်ကွက်ကြည်.ပြောမည်ဆိုလျှင် လခထုတ်သောနေ.တွင် ပိုက်ဆံများထုတ်ပေးသည်မှာ အစိုးရဖြစ်သည် ။ အစိုးရဘဏ်များမှပိုက်ဆံကို မိမိဌာနမှအကြီးအကဲကသွား၍ထုတ်ရသည် ။ ထိုအကြီးအကဲကမှ လကုန်ရက်တွင်ဝန်ထမ်းများကို လုပ်ခလစာများအသီးသီးဝေငှပေးပါသည် ။ ထို.ကြောင်. အစိုးရသည်မိမိတို.အလုပ်ရှင် ။ ကျေးဇူးရှင် ၊ထမင်းရှင် ဟုတွေးသော်တွေးနိုင်ပါ၏ ။သို.သော်ထို.ထက်အလွန်စဉ်းစားကြည်.ဖို.လိုသေးသည် ။ အစိုးရသည်ထိုငွေများကိုမည်သို.ရသနည်း ။ မည်သူတွေ၏ငွေများနည်း ။ ထိုငွေများသည်အစိုးရ၀န်ကြီးများအာဏာစရသောနေ.တွင်တယောက်ဘယ်လောက်ထည်.၀င်ကြမည်ဟုညီညာဖျဖျတိုင်ပင်ကာ စေတနာအလျောက်အချိုးကျလှူဒါန်းထည်.၀င်ကြသည်.ငွေများပေလော ။ မဟုတ်ရေးချမဟုတ်ပါပေ ။ နိုင်ငံတော်ဘဏ္ဍာတိုက်အတွင်းရောက်ရှိလည်ပါတ်သုံးစွဲနေသောငွေများမှာ ပြည်သူလူထု၏ငွေများဖြစ်ပါသည် ။ တိုင်းသူပြည်သားများမှ အစိုးရသို.ပေးဆောင်ရသော ရေခွန် ၊မီးခွန် ၊အမှိုက်ခွန် ၊စည်ပင်သာယာခွန် ၊ဆိုင်းဘုတ်ခွန် ၊ ကုန်သွယ်ခွန် ၊အမြတ်ခွန် ၊ ပ၇ီမီယံကြေး ၊ဈေးဆိုင်ခွန် ၊ မြေဂရန်ခွန် ၊ ၀ယ်ခွန် ၊ရောင်းခွန် ၊အမြတ်ခွန် ၊ ဈေးကောက်ကြေး ၊ လေလံကြေး ၊ လိုင်စင်ကြေး ၊ သတ္တုတူးဖော်ရေးလုပ်ကွက်ငှားရမ်းကြေး ၊ ကမ်းလွန်သဘာဝဓါတ်ငွေ.တူးဖော်ခွင်. လုပ်ကွက်ငှားရမ်းကြေး ၊ ဝေဟင်ပိုင်နက်အသုံးပြုခများ ၊ တိုင်းသူပြည်သားများပိုင်ဆိုင်သော သစ်တော ၊ ကျောက်မျက် ၊ ရေထွက်ပစ္စည်း၊ စိုက်ပျိုးရေးကုန်စည်များ ၊ ရေထွက်ပစ္စည်းများ၊ဓါတ်သတ္တုများ နိုင်ငံခြားသို.တင်ပို.ရောင်းချခြင်း စသော ကဏ္ဍအသီးသီးမှပြည်သူပိုင်ငွေများဖြင်. ဘတ်ဂျက်ခွဲဝေကာ ပြည်သူ.ငွေကိုဝန်ထမ်းများအတွက်သုံးနေခြင်းဖြစ်သည် ။ ထို.ကြောင်.၀န်ထမ်းများသည် အစိုးရငွေကိုစားနေခြင်းမဟုတ် ၊ ပြည်သူလူထု၏ထမင်းကိုစားနေခြင်းဖြစ်သည် ။ ၀န်ထမ်း၏ကျေးဇူးရှင်အစစ်မှာ အစိုးရမဟုတ်ပြည်သူလူထုသာဖြစ်သည် ။ ထို.ကြောင်. ၀န်ထမ်းသည် နိုင်ငံဝန်ထမ်း ၊ပြည်သူ.၀န်ထမ်းသာဖြစ်၍ ပြည်သူလူထုကသဘောတူကြည်ဖြူသောပါတီကိုသာ မဲပေးရွေးချယ်ရမည်ဖြစ်သည် ။ အစိုးရသည်ဝန်ထမ်း၏ကျေးဇူးရှင်ဆိုသော အယူအဆမှာ ပြည်သူလူထု၏ကျေးဇူးကို အစိုးရက ၀င်ပြီး အချောင်နာမည်ခံသောအယူအဆဖြစ်သည် ။ နားမလည်သောဝန်ထမ်းများကို အစိုးရအဆက်ဆက်မျက်လှည်.ပြခဲ.ခြင်းဖြစ်သည် ။ နိုင်ငံတော်ကတင်နေသောပြည်ပချေးတွေဒေါ်လာသန်းပေါင်းများစွာကိုဆပ်ရမည်.သူများမှာ ပြည်သူများဖြစ်၍ ဆင်းသွားသောအစိုးရကဆပ်မည်မဟုတ်ချေ။
အမှန်စင်စစ် အစိုးရသည် အိမ်ငှားနှင်.တူ၏ ။ ပြည်သူမှာ အိမ်ရှင်နှင်.တူပါသည် ။ ဒီမိုကရေစီနိုင်ငံများတွင် အိမ်ငှားနှင်.တူသောအစိုးရသည် လေးနှစ်တကြိမ် ၊ ငါးနှစ်တကြိမ်အမြဲပြောင်းလဲနေ၏ ။ အစိုးရဟူသော စကားသည်ပင်လျှင် အမှန်တရားနှင်. ဗုဒ္စဘာသာတရားဓမ္မနှင်.ဆန်.ကျင်နေသောစကားလုံးဖြစ်သည် ။အစိုးရဟူသည် တည်သည် မြဲသည် မပျက်မစီးအမြဲတည်နေသည.် ( Permanent ) ဟူသည်. အတ္တ သဘောဖြစ်သည် ။ဗုဒ္စဘုရားရှင်ကဟောကြားခဲ.သည်.မည်သည်.အရာမှအမြဲမတည်တန်.နိုင် ( Nothing is permanent ) ဟူသည် အနတ္တ၀ါဒ ။ ထို.ကြောင်. ငါးနှစ်တကြိမ်ဆင်းသွားရတတ်၊ တက်လာရတတ်သည်.အုပ်ချုပ်သူအဖွဲ.တဖွဲ.ကို အစိုးရဟု နာမည်တပ်လိုက်ခြင်းကပင် အမှားကြီးမှားတော.သည် ။ နိုင်ငံတကာတွင်လည်း အုပ်ချုပ်သူအာဏာပိုင်အဖွဲ.ကို Government ဟုပင်ခေါ်သည် ။ Govern ဟူသည်မှာ အုပ်ချုပ်သည်ဟုအဓိပ္ဖါယ်ရသဖြင်. Government မှာ အုပ်ချုပ်သူ ၊ အုပ်စိုးသူဖြစ်ရမည် ။ထိုအဖွဲ.ကို ပြည်သူလူထုကမဲပေးရွေးချယ်ခြင်းဖြစ်သဖြင်. တက်လာလိုက်ဆင်းသွားလိုက်ဖြစ်နေမည်ဆိုခြင်းကြောင်. ထာဝရတည်မြဲခြင်း (အစိုးရခြင်း) ဟူ၍ဖြစ်နိုင်မည်မဟုတ်ပါ ။ အစိုးရဟူသောစာလုံးသည်မြန်မာနိုင်ငံသို.မည်သို.မည်ပုံရောက်လာသလဲမသိပါ ။မည်သည်.ပညာရှိက သုံးခဲ.သည်လဲမသိပါ ။မြန်မာဘုရင်များလက်ထက်က အစိုးရဟူသော စာလုံးကိုမသုံးပါ ။ မင်းတုန်းမင်းအစိုးရဟူ၍ မသုံးပါ ၊အန်ာရထာအစိုးရဟူ၍မသုံးပါ ။ လက်ထက်တော်ကြီး ၊ မင်းတရားကြီး နိုင်ငံတော် ၊ရွှေဖ၀ါးတော်အောက်စသည်ဖြင်.သာသုံးပါသည် ။ အင်္ဂလိပ်တို.မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးမှ British Administration /British Government ကို ဗြိတိသျှ သည် ထာဝရတည်တန်.မည်.သဘောမျိုး ဗြိတိသျှအစိုးရဟူ၍ဗြိတိသျှကို(အစိုးရခြင်း)ဆိုသည်နှင်.တွဲချလိုက်ခြင်းဖြစ်ဟန်တူသည် ။ နယ်ချဲ.အလိုတော်ရိတချို.က ဤစကားလုံးကို မျက်နှာလိုမျက်နှာရ ရှာဖွေပေးကြခြင်းဖြစ်ပုံရသည် ။ထိုအချိန်မှစကာ Government သည် မြန်မာနိုင်ငံဝယ် အစိုးရ ဟူ၍ဖြစ်လာခဲ.သည်.လက္ခဏာရှိပေသည် ။ အစိုးရဟူသည်မှာမပျက်စီးနိုင်သည်.သဘော ၊ မပြောင်းလဲတော.သည်.သဘောဆောင်နေပါသည် ။ အာဏာရှင်များအတွက်တော. မှန်ပေသည် ။ မြန်မာနိုင်ငံတွင်လည်း ၁၉၆၂ မှစကာ ဗိုလ်ချုပ်နေ၀င်းနိုင်ငံတော်အာဏာကိုလက်နက်ဖြင်.သိမ်းပိုက်လိုက်သည်မှစကာ ၁၉၈၈ အထိ ၂၆ နှစ်တာ နည်းအမျိုးမျိုးဖြင်. မဆင်းတော.ပဲ အုပ်ချုပ်ခဲ.ပေသဖြင်. သူတို.သည် အနိစ္စ၏ ပြောင်းပြန် နိစ္စ (အစိုးရ)ဖြစ်ပေတော.သည် ။ ၁၉၈၈ မှစကာ အာဏာသိမ်းတပ်မတော်အစိုးရသည်လည်း နိစ္စ လမ်းစဉ်ကိုသာလိုက်လျက် ၁၉၈၈ မှ ၂၀၁၀ အထိ ၂၂ နှစ်တိတိ စိုးမိုးအုပ်ချုပ်ခဲ.ပြန်သည် ။ထိုအဖွဲ.ပင် ပါတီထောင်လျက် ၂၀၁၀ မှစကာအုပ်ချုပ်ခဲ.ပြီး ၂၀၁၅ တွင်လည်းအလျှော.မပေး ပဲအနာဂါတ်တွင်ဆက်လက်၍ အစိုးရချင်ပြန်ပါသည် ။ ထို.ကြောင်.မျက်စေ.လည်သူများကိုလည်းအဆိုးမဆိုသာ ၊မြန်မာနိုင်ငံတွင် နိုင်ငံတော်အာဏာကိုရသည်.အဖွဲ.သည် မဆင်းတော.ပဲ အမြဲကုတ်ကပ်နေသဖြင်. ထိုလူများကိုအစိုးရ (၀ါ)အမြဲရှိနေမည်.သူများ ဟုဝန်ထမ်းများထင်မှတ်လာကာ သူတို.ကိုယ်သူတို. ပြည်သူ.၀န်ထမ်းဟူ၍ မမှတ်ယူကြတော.ပဲ အစိုးရ၀န်ထမ်းဟုသာထင်ယောင်လာကြခြင်းဖြစ်သည် ။ အဓိကလက်သည်တရားခံကတော. ငါးနှစ်တကြိမ်ရွေးကောက်ပွဲမလုပ် ၊ အာဏာလွှဲမပေးပဲ နှစ်ပေါင်း များစွာ ကုလားထိုင်ပေါ်တက်နေခဲ.ကြခြင်းဖြစ်သည် ။ ထို.ကြောင်.အချို.သောသူများ၏အမြင်တွင်ငါတို.၏ထမင်းရှင် အလုပ်ရှင်မှာ ပြည်သူလူထုဆိုသည်ထက် ကုလားထိုင်ပေါ်မှလူများဖြစ်သည်ဟုလွဲမှားစွာမှတ်ယူလာခဲ.ကြခြင်းဖြစ်သည် ။ အမှန်စင်စစ် ဒီမိုကရေစီစနစ်တွင် ကုလားထိုင်ပေါ်မှလူများသည် ငါးနှစ်တကြိမ် (သို.မဟုတ်) လေးနှစ်တကြိမ်ပြောင်းကြရမြဲဖြစ်ပြီး မပြောင်းမလဲ (အစိုးရ)နေသည်မှာ ပြည်သူလူထုကြီးဖြစ်သည် ။
ထိုသို.စဉ်းစားပြီးသော် ၀န်ထမ်များသည် မည်သည်.ဘက်တွင် ရပ်ရမည် ၊ မည်သူ.အပေါ်တွင်သစ္စာရှိရမည်ဟူသည်.အချက်မှာ အထူးအထွေ ရှင်းပြစရာလိုတော.မည်မဟုတ်ပေ ။ ထမင်းရှင်သည် ပြည်သူလူထုဖြစ်သဖြင်. ပြည်သူလူထု၏ဘ၀ကို ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်နိုင်မည်ဟုယူဆသော ပါတီ ၊ ယူဆသော ပုဂ္ဂိုလ်ကို မဲပေးရွေးချယ်ရမည်ဖြစ်သည် ။ ယခင်ကလို အစိုးရ၀န်ထမ်းမို.အစိုးရ ပါတီကိုပဲမဲထည်.ရမယ်ဟူသောတလမ်းသွားစိတ်ထားများထားစရာမလိုတော.ပေ ။ 
အချို.၀န်ထမ်းများကား ယခုထက်တိုင်ကြောက်စိတ်များမကုန်နိုင်သေး ။မန်နေဂျာ ၊ ညွှန်မှူး ၊ညွှန်ချုပ် ၊ ၀န်ကလေး ၊၀န်ကြီး ၊ အစိုးရ ၊ ဗိုလ်ချုပ်ကြီးများ ၊အဘ စသည်.စကားလုံးများကိုကြားသည်နှင်. ဒူးဆတ်ဆတ်တုန်အောင်ရိုကျိုးကြောက်လန်.ကြ၏ ။ ဘ၀ပေးအခြေအနေအရ ကြောက်လန်.ကြသည်ကိုအပြစ်မဆိုပါ ။ ကြောက်အောင်လုပ်၍ကြောက်ရခြင်းဖြစ်ကောင်းဖြစ်ပါမည် ။ သို.သော် တနင်္ဂနွေနေ.တွင်ကျရောက်တော.မည်. ရွေးကောက်ပွဲမဲပေးရာတွင်မကြောက်ပါနှင်. ။ မည်သူမဆိုမဲရုံအတွင်း မဲပေးကြရာတွင် မဲလက်မှတ်ပေါ်၌ တံဆိပ်တုံးထုချိန်ဝယ် မိမိအပါး၌ မည်သူမှစောင်.ကြည်.နေမည်မဟုတ်ပါ ။ ကိုယ်တယောက်တည်းလွတ်လွတ်လပ်လပ်လုပ်နိုင်ပါသည် ။ မိမိစေတနာရှိသောပါတီကိုမဲပေးခြင်းအတွက်မည်သူကမှ သိနိုင်မည်မဟုတ်ပါ ။ မဲလက်မှတ်တွင် နံပါတ် အမှတ်အသား ၊နာမည်များပါသည်မဟုတ်သဖြင်. သင်.ကိုမည်သူကမျှ ဘယ်ပါတီကိုမဲပေးသည်ဟုခြေရာခံနိုင်မည်မဟုတ်ပါ ။ ထိုအချက်သည်အရေးကြီးပါသည် ။ထပ်ပြောပါမည် ။ သင်ဘယ်ပါတီကိုမဲပေးခဲ.သည်ဆိုခြင်းကိုမည်သူမျှမသိနိုင်ပါ ။ ငါတို.ကမင်းဘယ်ကိုမဲပေးလဲသိတယ် ဟုပြောလျှင် ထိုလူသည် လိမ်ညာခြင်းဖြစ်သည် ။အကြီးစားမုသာဝါဒ ခြိမ်းခြောက်မှုဖြစ်သည် ။ မလျော်သြဇာသုံးခြင်းဖြစ်၍ ရွေးကောက်ပွဲဥပဒေနှင်.ငြိစွန်းပါသည် ။ အစိုးရ၀န်ထမ်းမဟုတ်သော်လည်း စက်ရုံအလုပ်ရုံဝန်ထမ်းများ ၊ ကုမ္မဏီ ၀န်ထမ်းများ ၊ လည်းထိုနည်းနှင်နှင်ဖြစ်သည် ။ သင်တို.ဘယ်ပါတီကိုမဲပေးသည်ဆိုခြင်းကိုမည်သူမျှမသိနိုင်ပါ ။ မဲပြားအားလုံးမှာ တပုံစံတည်း ဖြစ်ပြီး အမှတ်အသားမပါသဖြင်. မည်သူပေးသောမဲလက်မှတ်ဆိုသည်ကို လိုချင်၍တမင်ပြန်ရှာသော်မှတွေ.တော.မည်မဟုတ်ပါ ။ ထို.ကြောင်. မဲလက်မှတ်ဆန္ဒပြုခန်းတွင်မည်သူမှမမြင်နိုင်သဖြင်. မိမိနှစ်သက်ရာပါတီကို ရဲရဲဝံ.၀ံ.မဲပေးကြပါ ။ အလုပ်ရှင်ကဘာပဲပြောသည်ဖြစ်စေ ။ အထက်လူကြီးကဘာပဲညွှန်ကြားသည်ဖြစ်စေ မိမိဘ၀ရှေ.ရေး ၊မိမိသားသမီးများနောင်ရေးအတွက် မြန်မာနိုင်ငံကို ဒိထက်ကောင်းအောင်လုပ်နိုင်မည်.အဖွဲ.၏ တံဆိပ်ဘေးတွင်သာ တံဆိပ်တုံး တကြိမ်နှိပ်လိုက်ပါ ။ တကြိမ်သာနှိပ်ပါ ။ပိုမနှိပ်ပါနှင်. ။ပါယ်မဲဖြစ်တတ်သည် ။ ဤတကြိမ် တမိနစ်လောက်သတ္တိရှိလိုက်လျှင် တိုင်းပြည်တွင်ကြီးစွာသောအပြောင်းအလဲ စတင်မည်ဖြစ်သည် ။ 
ပထမဆုံးအနေနှင်. သင်တို.ကို အမြဲထာဝရ အကြောက်တရားဖြင်.ခြိမ်းချောက်နေသော ထိပ်ဆုံးမှပုဂ္ဂိုလ်များအားလုံး အစိုးရအဖွဲ.သစ်တွင်ပြန်ပါလာမည်မဟုတ်တော.ပါ ။ သူတို.ပြုတ်ပါလိမ်.မည် ။ ထိုသူများနေရာတွင် လူမှန်နေရာမှန်ဝါဒဖြင်. တကယ်တတ်ကျွမ်းသူပညာရှင်များ ၀န်ကြီးဌာနအသီးသီးသို.ရောက်လာပါလိမ်.မည် ။ မတတ်ပဲနှင်.တတ်ယောင်ကားလုပ်နေသူများ ၊ နေရာတကာပါနေသူများကိုတားဆီးနိုင်ပါလိမ်.မည် ။ အမြဲရှုံးနေသောဘောလုံးသင်းတသင်းအတွက် အရင်ဆုံးလုပ်ရမည်မှာ နည်းပြပြောင်းရပါမည် ။ ထို.အပြင် စွမ်းဆောင်ရည်နိမ်.ကျနေသော ဘောလုံးသမားအားလုံးကို စွမ်းဆောင်ရည်မြင်.သောမျိုးဆက်သစ်ဘောလုံးသမားများနှင်.အစားထိုးရပါမည် ။ ထိုသို.လုပ်သောအခါအောင်မြင်သောသာဓကရှိခဲ.ပြီးဖြစ်ကြောင်း ပြီးခဲ.သော စင်္ကာပူဆီးဂိမ်းတွင်မြန်မာ ယူ၂၃ အသင်းဖိုင်နယ်အထိတက်ကာ ငွေတံဆိပ်ရခဲ.ခြင်း ၊ နယူးဇီလန် ယူ ၂၀ ကမ္ဘာ.ဖလားတွင်မြန်မာအသင်းပါဝင်ခွင်.ရခဲ.ခြင်းတို.က သက်သေခံနေပါသည် ။ လူအိုခြေကျတို.ဖြင်.ဆက်ကန်လျှင် ဘယ်လိုမှနိုင်ပွဲရမည်မဟုတ်တော.ပါ ။ ပြောင်းလဲချိန်တန်ပါပြီ ။
ဘာကိုပြောင်းလဲမလဲဟုဆိုလျှင် ကွန်မြူနစ်စနစ်ကိုလဲမဟုတ် ၊ဆိုရှယ်လစ်စနစ်ကိုလဲမဟုတ် ၊ လူဟောင်းမျာခြေစွမ်းမပြနိုင်ပဲ ကွင်းထဲမှာပေကပ်ပြီးဆက်ကစားနေသောစနစ်ကိုပြောင်းလဲလိုခြင်းဖြစ်သည် ။ အာဏာတခါရလျှင်ဘယ်တော.မှဆင်းမပေးချင်တော.ပဲ ပေကပ်ကာထိုင်ချင်နေသောစနစ်ကိုပြောင်းလဲလိုခြင်းဖြစ်သည် ။ လူတော်လူကောင်းများကိုနေရာမပေးပဲ တပ်မတော်သားအရာရှိဟောင်းများသာ နိုင်ငံရေးနှင်.အုပ်ချုပ်ရေးကိုလွှမ်းမိုးထားချင်သောစနစ်ကိုပြောင်းလဲလိုခြင်းဖြစ်သည် ။ ကမ္ဘာတွင် အဘက်ဘက်မှမျက်နှာငယ်နေရသော မြန်မာတို.၏ဘ၀ကိုပြောင်းလဲလိုခြင်းဖြစ်သည် ။ 
ထိုသို.ပြောင်းလဲဖို.အတွက် ကျွန်ုပ်တို.ဘက်ကလုပ်ရမည်.အချက်တခုပဲရှိသည် ။ တသက်လုံးကြောက်လာသောအကြောက်တရားကို စက္ကန်.ပိုင်းမျှဘေးဖယ်၍ မိမိလိုလားသောပါတီတံဆိပ်၏နဘေး စက္ကူအဖြူကွက်ပေါ်တွင် တံဆိပ်ကလေးနှိပ်လိုက်ဖို.သာဖြစ်သည် ။ လူထုလိုလားသောပါတီတွင်သင်ကတံဆိပ်နှိပ်ပြီးမဲပေးလိုက်ပါ ။ ကျန်တာကိုတော. နိုင်ငံရေးသမားများကဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည် ။ အကြောက်တရားကင်းသော ဘ၀တခုကိုရဖို.ဆိုလျှင် စက္ကန်.ပိုင်း မိနစ်ပိုင်းမျှလောက် ရဲရဲဝံ.၀ံ.သတ္တိမွေးကြပါ ။ ၀န်ထမ်းဟူသည် ပြည်သူလူထုကကျွေးသောထမင်းကိုတသက်လုံးစားခဲ.သူများဖြစ်သည် ။ သင်တို.၏လစာငွေမှာ အစိုးရငွေမဟုတ် ၊ ပြည်သူလူထု၏ငွေဖြစ်သည် ။ ပြည်သူသာအမိ ပြည်သူသာအဖဖြစ်သည် ။ သင်.လက်ထဲမှမဲတပြားသည် အာဏာရှင်သက်ဆိုးရှည်ရေးမဖြစ်ပါစေနှင်. ။ မဲတပြားသည် ကျည်ဆန်တတောင်.နှင်.တူပါသည် ။ သင်.ကိုပစ်မည်.သေနတ်ထဲသို.ကျည်ဆန်ကိုထည်.မပေးမိပါစေနှင်. ။ 
သရ၀ဏ်(ပြည်) 
စောင်.ကြည်.ဂျာနယ် 
၆.၁၁.၂၀၁၅


0 comments:

Post a Comment

Facebook Like Page