ပည်မြို့NLDပါတီအောင်နိုင်ရေး ဖျော်ဖြေရေးယာဉ်မြို့တွင်းလှည့်လည်စည်းရုံး အင်အား ငါးသောင်းခန့်ရှိ
ပြည် အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးဖျော်ဖြေရေးယာဉ်သည် ပြည်မြို့တွင်းသို့ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်မှ ပြည်မြို့ ရွာဘဲရပ် NLD ပါတီ အောင်နိုင်ရေးရုံးမှစတင်ထွက်ခွာလာခဲ့ကြောင်းသိရသည်။
ဒီနေ့က စည်းရုံးဖျော်ဖြေရေးလှည့်လည်တာဖြစ်ပါတယ်။ကျွန်မတို့က အမှန်တစ်ကယ် ဒီမိုကရေစီစနစ်ရရှိဖို့ ပြောင်းလည်ဖို့အတွက်လုပ်ဆောင်သွားမှာပါ။ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ဟာပြည်သူနဲ့လက်တွဲပြီးကျွန်မတို့ရဲ့ နိုင်ငံကို ဒီမိုကရေစီငံတော်သစ်ဆီကိုရောက်အောင်ချီတက်သွားမယ်လို့ပြောချင်ပါတယ်။ပြည်သူ့အင်အားကို ယူပြီးတော့ လုပ်ဆောင်ကြမှာဖြစ်တဲ့အတွက် ပြည်သူအားလုံးဝိုင်းဝန်းပါဝင်ပေးကြပါလို့ထပ်မံပြောကြားလိုပါတယ်။ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာခင်စိုးစိုးကြည် ကပြောသည်။
ယင်းဖျော်ဖြေရေးယ်ာတွင် ပြည်မြို့နယ်အတွင်းရှိ NLD ပါတီဝင်များနှင့်ပြည်သူများပါမကပဲ တခြားနီးစပ်ရာ မြို့နယ်များအပါဝင် မကွေးတိုင်းမှ ပါတီဝင်နှင့်ဒေသခံပြည်သူများပါဝင်လှည့်လည်ခဲ့သည်ဟုသိရသည်။
ကျွန်တော်တို့အင်တိုက်အားတိုက် ပြည်သူတွေပါဝင်လာမယ်လို့ အပြည့်အ၀ယုံကြည်ပါတယ်။ကျွန်တော်တို့ပါတီဟာ ပြည်သူကြားကနေပေါက်ဖွားလာတဲ့ပါတီဖြစ်လို့ ပြည်သူ့ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးမည့်ပါတီပါ။ ၂၇ နှစ်လုံးလုံးပြည်သူနဲ့လက်တွဲပြီးနိုင်ငံအတွက်ကြိုးစားခဲ့လို့ ပြည်သူတွေအပြည့်အ၀ပါဝင်မယ်လို့ယုံကြည်တယ်။ပြည်သူလူထုအားကိုယုံကြည်ပြီးတည်ဆောက်ထားတဲ့ပါတီဖြစ်လို့ ပြည်သူတွေနဲ့လက်တွဲပြီး ဒီမိုကရေစီနိုင်ံတော်သစ်ဖြစ်အောင်ကြိုးစားဆောင်ရွက်ဆောင်သွားမှာပါ။ကျွန်တော်တို့ပါတီမှာ ပြည်သူသာလျှင်အဓိကဖြစ်လို့ မဲထည့်ပေးကြပါလို့ပြောချင်ပါတယ်။ ဟု ပဲခူးတိုင်းဒေသကြီး အမှတ် ၈ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်ချစ် ကပြောသည်။
အဆိုပါဖျော်ဖြေရေးအစီစဉ်တွေ အနုပညာရှင်များအပါဝင် နေရာထိုင်ခင်း ပွဲပြုလုပ်မည့်အစီအစဉ်နေရာများတောင်းဆိုသည့်အခါ ဖျော်ဖြေရေးယာဉ်အား မှုလက ဗိုလ်ချုပ်မြင်းစီးကြေးရုပ်(ကျောက်ရုပ်)နေရာနှင့် အဝေးပြေးကားကြီးဝန်းအနီးများတောင်းဆိုသည့်အခါ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ လုံခြုံရေးအရအဆိုပါနေရာများတွင် ပြုလုပ်ဖျော်ဖြေခွင့်မပေးနိုင်ဘူးဟုညင်းဆိုခဲ့ကြောင်းသိရသည်။မှုလပထမ ရုပ်ရှင်သရုပ်ဆောင်များနှင့်အဆိုတော် များပါဖျော်ဖြေရေးအစီအစဉ်များတွင်ပါဝင်ခဲ့မည်ဟုစီစဉ်ထားသော်လည်း လမ်းပိတ်ဆို့မှု နှင့် လုံခြုံရေးအရ ညင်းဆိုချက်ကြောင့် အစီစဉ်ပြောင်းလည်းခဲ့ရကြောင်းသိရပြီး ယင်းအနုပညာရှင် ၁၅ ဦး၏ ဖျော်ဖြေရေးအစီစဉ်ကို ယနေ့ညနေ ၃နာရီတွင် ပြည်မြို့ မြို့သစ်ဘောလုံးကွင်းအနောက်ဘက် လေးထပ်ပြင်ကွင်းတွင် အနုပညာရှင် ၁၅ ဦး၏ သီဆိုဖျော်ဖြေမှုအစီစဉ်ပြုလုပ်ထားခဲ့ကြောင်းသိရသည်။ ပြည်မြို့အတွင်း NLDပါတီအောင်နိုင်ရေး စည်းရုံးရေးဖျော်ဖြေတင်ဆက်သည့်ယာဉ်တွင် ပြည်မြို့ဒေသခံများနှင့်ပါတီဝင် စုစုပေါင်း အင်အား ငါးသောင်းခန့်ရှိကြောင်း သိရသည်။
ပြည်သတင်း
www.facebook.com/pyaynews
K3(pyay)
0 comments:
Post a Comment