Thursday, October 1, 2015

N.L.D နိုင်ရင်ဘာရမှာလဲ

Leave a Comment



သရ၀ဏ်(ပြည်)

ယခုတလော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးသောကားများ ၊ လူတန်းများကိုမကြာခနတွေ.ရသည် ။ အချို.ကားများမှာ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်(ခေါ်) NLD ပါတီ ၏ရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံးလှုံ.ဆော်သည်.ကားများဖြစ်သည် ။ အချို.ကားများ ၊ အချို.လူများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှဖြစ်သည် ။ အချို.မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ မှ စည်းရုံးရေးဆင်းလာခြင်းဖြစ်သည် ။ အချို.လူများကတော. ကိုယ်နှစ်သောသောပါတီမှလူများမဟုတ်လျှင်နှာခေါင်းရှုံ.သည် ၊ မကြားတကြားဆဲသည် ၊ လှောင်ပြောင်ဟားတိုက်သည် ၊ တုတ်ဖြင်.ထွက်ရိုက်ချင်သူများပင်ရှိသည် ။ ခဲနှင်.ပေါက်ချင်သူ ၊ ခွေးနှင်.ရှူးတိုက်ချင်သူများလဲမရှားပေ ။ ကိုယ်နှင်.မတူကိုယ်.ရန်သူဆိုသော သဘောကိုကျင်.သုံးကြသည် ။ အချို.အိမ်များကခြံဝတွင်စာရေးထားသည်
“ ဤအိမ်သည် NLD ကိုသာ ၊ မဲပေးမည်ဖြစ်ပါသဖြင်. မည်သည်.ပါတီမှလာရောက်စည်းရုံးရန်မလိုပါ “ တဲ. ။ အတော်ပြတ်သားသောအိမ်ဖြစ်သည် ။ အချို.ကလည်းကြေငြာချက်ထုတ်သည် ။ “ ပြည်ခိုင်ဖြိုးကျေးရွာ “ ဟူသတည်း ။ ပြည်ခိုင်ဖြိုးကျေးရွာဟူသဖြင်.အခြား နိုင်ငံရေးပါတီများ ၀င်ရထွက်ရခက်သွားသည် ။ တစ်ရွာလုံးသည် တပါတီစနစ်ဖြစ်သွားသည် ။ တကယ်တရွာလုံး ကြံ.ခိုင်ရေးပါတီတွေချည်းပဲလား၊အခြားပါတီဝင်တွေ ၊ ဘယ်ပါတီမှမယုံသူတွေကောမရှိနိုင်ဘူးလား ဟုတွေးနေမိသည် ။ဧရာဝတီတိုင်းဘက်တွင်ရေဘေးကယ်ဆယ်ရေး လုပ်စဉ်ကကြုံခဲ.ရတာကိုသွားသတိရမိသည် ။ ရေမြုပ်နေသောကျေးရွာတစ်ရွာသည် ပြည်ခိုင်ဖြိုးရွာ ဟုဆိုင်းဘုတ်တပ်ထား၏ ။ ထိုရွာသည်လည်းရေမြုပ်နေသည် ။ သို.သော် အလှူရှင်များသည် စက်လှေများဖြင်.ထိုရွာဘေးမှဖြတ်သွားကြသော်လည်း ထိုရွာထဲသို.မ၀င်ရောက်ပဲအခြားရွာများသို.သာသွားရောက်လှူဒါန်းတာများသည် ။ အပြန်ခရီးတွင်စက်လှေမောင်းဆရာကသူတို.ရွာကိုအလှူရှင်မရောက်သဖြင်. ဘာမှမရပါ ၊၀င်ရောက်လှူပါဦးဟုပြောသည် ။ခင်ဗျားတို.ရွာကဘယ်ရွာလဲပြပါဆိုသဖြင်. စက်လှေဆရာကပြရာ အလာခရီးတွင်တွေ.ခဲ.ရသောပြည်ခိုင်ဖြိုးရွာဖြစ်နေသည် ။ ထိုအခါလာရောက်လှူသူများက “ ခင်ဗျားတို.ကပြည်ခိုင်ဖြိုးရွာလို. ဆိုင်းဘုတ်ချိတ်ထားတော. ဒုက္ခဖြစ်ရင်ပြည်ခိုင်ဖြိုးပါတီကလာကယ်လိမ်.မယ်ထင်ပြီးလူတွေက ဘာမှဝင်မလှူကြတာနေမှာပေါ. “ ဟုဝိုင်းပြောကြသည် ။ ထိုအခါစက်လှေမောင်းသူက
“ ဆရာတို.ရယ် ဒီဆိုင်းဘုတ်က ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးကပ်ခိုင်းလို.ကျုပ်တို.ကလည်း ဘာမှန်းညာမှန်းမသိပဲကပ်ထားတာပါ ၊ အလှူရှင်တွေအဲဒိဆိုင်းဘုတ်ကြောင်. မလာဘူးဆိုရင် ရွာပြန်ရောက်တဲ.အခါ ပြန်ခွာခိုင်းလိုက်ပါ.မယ်ဗျာ “ ဟုရိုးသားစွာဖွင်.ဟလေ၏ ။ ရွာတရွာတွင်ပါတီတခု၏တံဆိပ်ကပ်ခံရခြင်းဖြင်. ကောင်းကွက်ရောဆိုးကွက်ရောရှိပေမည် ။
ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီကရွေးကောက်ပွဲတွင် ပြည်သူလူထုကို တအိမ်တက်ဆင်း လိုက်လံစည်းရုံးနေသောမြင်ကွင်းကိုတွေ.သောအခါ အခြားလူများဘယ်လိုနေမည်မသိသော်လည်း ကျွန်တော်ကတော.အလွန်သဘောကျနှစ်ခြိုက်မိသည် ။ အဘယ်.ကြောင်.နည်း ။ မည်သည်.နိုင်ငံရေးပါတီမဆို ၊မည်သည်.အဖွဲ.အစည်းမဆိုပြည်သူလူထုကိုလေးလေးစားစားနှင်. လူရာသွင်း၍စည်းရုံးသောစနစ်ဟူသမျှသည် လူထုကိုအနိုင်.အထက်ပြုမူ၍ မလာမနေရ မထောက်ခံမနေရ ခေါ်ယူခဲ.သောအစည်းအဝေးကြီးများထက်စာလျှင်သာလွန်ကောင်းမွန်သောကြောင်.ဖြစ်သည် ။

မှတ်မိကြပါဦးမည် ၁၉၈၈ နှင်. ၂၀၁၀ ကြားကာလများတွင် ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်းကြီး ခေတ်က လူထုအစည်းအဝေးများကိုနိုင်ငံတော်စားရိတ်နှင်.မကြာခနကျင်းပပြုလုပ်ခဲ.ကြသည် ။ထိုအစည်းအဝေးများတွင် တအိမ်တယောက်မလာမနေရစနစ်ကိုကျင်.သုံးကြသည် ။ အစည်းအဝေးပွဲ၏အကြောင်းအရာမှာ ပြည်ပအားကိုးပုဆိန်ရိုး၊အဆိုးမြင်ဝါဒီများဖြစ်သော NLD ပါတီနှင်. ၎င်းပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားကြောင်းရှုတ်ချပြောဆိုကြခြင်းဖြစ်သည် ။ နှုတ်သီးကောင်းလျှာပါး မိန်းမ ယောက်ကျားအချို.သည် အဆိုတင်သူကတင် ၊ထောက်ခံသူကထောက်ခံ ၊ လူထုကိုကြွေးကြော်သံများတိုင်ပေးသူကတိုင် စသည်ဖြင်. ထင်သလိုပြုမူခဲ.ကြသည် ။ပြည်သူလူထု၏ သဘောထားနှင်.အမြင်ဆိုသည်ကို တပြားသားမှဂရုစိုက်ခဲ.သူများမဟုတ် ။ ပြည်သူလူထုကလမ်းပေါ်ထွက်၍ ဒီမိုကရေစီရေးဆန္ဒပြတောင်းဆိုမှုများဖြစ်လာလျှင်လည်း လူဆိုးလူမိုက်များကို လက်ပါတ်နီများပါတ်ပေးကာစွမ်းအားရှင် ဟုအမည်တပ်လျက်ရက်ရက်စက်စက်နှိပ်ကွက်ခဲ.ဖူးသည် ။ ဤကဲ.သို.မယဉ်ကျေးသောနိုင်ငံရေးရာသီဥတုမှ ပြည်သူလူထုကို အနုနည်းဖြင်.စည်းရုံးရမှန်းသိသည်.ခေတ်သို.ရောက်လာတာကိုကျွန်တော်သဘောကျသည် ၊၀မ်းသာသည် ။ လူတို.ယဉ်ကျေးလာခြင်းကို ၀မ်းသာခြင်း၊ထောက်ခံခြင်းဖြစ်သည် ။ ပါတီကိုထောက်ခံခြင်းကားမဟုတ်ပေ ။ပြည်သူလူထုကိုမျက်နှာချိုသွေးကာမဲတောင်းရကောင်းမှန်းသိလာသည်.လုပ်ရပ်ကိုထောက်ခံခြင်းဖြစ်သည် ။

သို.သော် ယခင်အကျင်.ဟောင်းများပြန်ပေါ်လာသောလုပ်ရပ်များကိုလည်းတွေ.နေရဆဲဖြစ်သည် ။ သာပေါင်းမြို.တွင် ဒီချုပ်ပါတီ ၏မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ် ဖျက်ဆီးခံရသည် ။ နန်.စန်မြို.နယ်တွင် ဒီချုပ်ဆိုင်းဘုတ် ၂၆ ခု ဖျက်ဆီးခံရမှုသည် နှစ်လကျော်ကြာသည်.တိုင်လက်သည်မပေါ်သေးပေ ။ မြောင်းမြတွင်တော. NLD ပါတီ၏မဲဆွယ်စည်းရုံးရေးခရီးစဉ်သို.လိုက်ပါသော လူငယ်တဦးကို လူသုံးဦးကရိုက်နှက်ပြီး သုသာန်အတွင်းပစ်ထားမှုဖြစ်ပွားခဲ.သည် ။ ဆားလင်းကြီး၌ ပြည်ခိုင်ဖြိုးပါတီဝင်တဦးနှောက်ယှက်၍ ဒီချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေးအခမ်းအနား ရုပ်သိမ်းခဲ.ရ ဟူသောသတင်းများထွက်လာသည်။ခင်ဦးမြို.နယ်NLDကိုယ်စားလှယ်လောင်းဒေါက်တာဝင်းအောင်မဲဆွယ်စည်းရုံးရေးဆင်းလာသောကားကိုကြံ.ခိုင်ရေးအလံများလွှင်.ထူထားသောနေအိမ်အတွင်းမှလူနှစ်ဦထွက်လာပြီး တစ်ဦးကကားကိုတားကာ၊နောက်တစ်ဦးက ပုဆိုးလှန် ဖင်ကုန်းပြီးကပြသည်.သတင်းFacebook မှာတက်လာသည် ။ ပြည်ခိုင်ဖြိုး ၊ NDF ပါတီရွေးကောက်ပွဲဆိုင်းဘုတ်များဖျက်ဆီးခံရသည်.သတင်းများလည်းကြားရသည် ။ မည်သူကလုပ်သည်ဖြစ်စေ လူကြီးလူကောင်းမဆန်သော ဥပဒေမဲ.လုပ်ရပ်များကို ဥပဒေဘက်တော်သားဟုခေါ်သော ရွေးကောက်ပွဲကော်မရှင် နှင်. ပြည်သူ.ရဲများကထိထိရောက်ရောက်တားဆီးဖို.လိုသည် ။ ထိုသို.မဟုတ်ပါက မြန်မာ.နိုင်ငံရေးသမိုင်းတွင်အရုပ်ဆိုးအကျည်းတန်ခဲ.ရသော ၁၉၅၆ မင်းလှ၊လေးလောင်းပြိုင်လူသတ်မှု ၊ ရှမ်းပြည်နယ်မှလွှတ်တော်အမတ်ဦးအောင်သာသတ်ဖြတ်ခံရမှု ၊ ၁၉၆၀ ရွေးကောက်ပွဲတွင် ငန်းဇွန်မြို.နယ်၌တရားခံမပေါ်သောလူသတ်မှုများကဲ.သို. ရွေးကောက်ပွဲနှင်.ဆက်နွယ်သော ရာဇ၀တ်မှုများထပ်မံဖြစ်ပွားအောင်ထိုင်စောင်.နေသလိုရှိမည် ။ ဥပဒေအထက်တွင်မည်သူမျှမရှိဘူးဆိုလျှင် အစိုးရသည်ပြတ်ပြတ်သားသားအရေးယူဖို.လိုပါသည် ။

ရပ်ကွက်ထဲတွင် NLD ပါတီဝင်လူငယ်များတအိမ်ဝင်တအိမ်ထွက် မဲစာရင်းပညာပေးလုပ်ငန်းများလုပ်နေကြတာတွေ.တော. ဆိုက္ကားဆရာတဦးကပြောသည် ။
“ NLD နိုင်တော. ငါတို.ကဘာရမှာလဲ ၊ ဆန်ရမှာလား ၊ဆီရမှာလား ၊ ဘာပေးမှာလဲ၊ ငါကတော. တန်ဖိုးရှိတဲ.ငါ.မဲတပြားကိုအလကားမပေးနိုင်ဘူး ၊ ပိုက်ဆံပေးတဲ.ပါတီကိုပဲထည်.မယ် “ ဟုကြုံးဝါးသည် ။ ထိုမေးခွန်းသည်ကျွန်တော်.နားထဲကမထွက်နိုင်ပဲ လက်ဖက်ရည်ဆိုင်မှအိမ်အထိပြန်ပါလာသည် ။ သူမေးသောမေးခွန်းဖြစ်သည်. NLD နိုင်ရင် ဘာရမှာလဲဆိုတာလူတွေ မေးသင်.သည် ။မေးထိုက်သည်.မေးခွန်းဖြစ်သည် ။ အမေးရှိမှအဖြေရှိမည် ။အဖြေရှိမှ အမြင်ရှင်းမည်ဖြစ်သည် ။ ကျွန်တော်လည်း NLD ပါတီဝင်မဟုတ်သဖြင်. သူတို.ကိုယ်စားဖြေစရာမလို ၊ ကိုယ်.အဖြစ်ကိုသာကိုယ်ချိန်ထိုး၍အဖြေထုတ်မိပေ၏ ။

ရွေးကောက်ပွဲတွင် NLD နိုင်သောအခါ ကျွန်တော်.အိမ်သို. ဆန်တအိပ်လည်းရောက်လာမည်မဟုတ်ပါ ၊ အမေထွားပဲဆီသန်.တပုံးလည်း လက်ဆောင်အဖြစ် ရောက်လာမည်မဟုတ်ပါ ၊ ကျွန်တော်တို.နေထိုင်ရန်အတွက် တက္ကသိုလ်ရိပ်သာလမ်းအိမ်ကြီးထဲမှမြေများကို ၁၀ ပေခန်.ပိုင်းဖဲ.၍လည်းပေးကမ်းကြမည်မဟုတ်ပါ ။ မဲဆန္ဒရှင်တဦးလျှင် ဒေါ်လာငွေမျိုးမျိုးမြက်မြက်လည်း ရကြမည်မဟုတ်ပါ ။ မဲထည်.သောနေ.ညနေစာအတွက် ဘဲကင်များလည်း အိမ်တိုင်းအိမ်တိုင်းသို.ရောက်လာနိုင်မည်မဟုတ်ပါ ။ ထိုအရာများသည် ခနတာရရှိလိုက်မည်. ရုပ်ဝတ္တုပစ္စည်းများဖြစ်သည် ။မည်သည်.ပါတီကမျှလည်း မြန်မာတပြည်လုံးရှိမဲဆန္ဒရှင်အားလုံးကို စားမကုန်သောက်မကုန်သောစည်းစိမ်ကိုပေးစွမ်းနိုင်မည်မဟုတ်ပါ ။ NLD သည်ပို၍ပင်ထိုသို.ပေးနိုင်စွမ်းဓနဥစ္စာရှိမည်မဟုတ်ပါ ။ သို.သော် ပြည်သူလူထုရနိုင်မည်.အရာဝတ္တုတခုရှိသည် ။ ထိုအရာသည် ကျွန်တော်တို.နိုင်ငံ ၊ကျွန်တော်တို.လူမျိုးတွင် နှစ်ပေါင်းများစွာပျောက်ကွယ်မှေးမှိန်နေသည်. “ မျှောလင်.ချက် “ ဆိုသော အရာဖြစ်သည် ။ NLD နိုင်၍အစိုးရဖွဲ.နိုင်ခဲ.လျှင် မြန်မာတပြည်လုံးတွင်သာမက နိုင်ငံခြားသို.ရောက်နေသောမြန်မာနိုင်ငံသားအားလုံး နှစ်ပေါင်းများစွာပျောက်ဆုံးနေသော မျှော်လင်.ခြင်းများအားလုံးရင်ထဲတွင်အသီးသီးပြန်လည်ထွန်းလင်းလာပါလိမ်.မည် ။ ကျွန်တော်သည် NLD ခရေဇီမဟုတ် ၊ အမေစုဘာလုပ်လုပ်မှန်သည်ဟုမျက်စေ.မှိတ်ထောက်ခံသူတဦးမဟုတ် ၊ NLD တက်လာလျှင် ဒေးဗစ်ကော.ပါးဖီးလ်းမျက်လှည်.ပြလိုက်သလို ဥုံဖွဆိုပြီး ပဒေသာပင်မြေကပေါက်လိမ်.မည်ဟုမိုက်မိုက်မဲမဲမျှော်ကိုးနေသူတယောက်မဟုတ် ။ သို.သော် Frozen ဆိုသောကာတွန်းရုပ်ရှင်ထဲကလို တနိုင်ငံလုံးရေခဲဖြစ်ကာအေးခဲနေသောအရာအားလုံးကျိန်စာပျယ်သဖြင်. ပြန်လည် အရည်ပျော်ကာ မူလအတိုင်းစိမ်းစိမ်းစိုစိုဖြစ်လာသကဲ.သို. မြန်မာနိုင်ငံသားတိုင်း ၏ရင်ထဲအသည်းထဲ၌ မျှော်လင်.ချက် ရောင်ခြည်များပြန်လည်ရှင်သန်လာပေတော.မည် ။ နိုင်ငံခြားတွင်ကျွန်ခံနေရသောမြန်မာအလုပ်သမားများ ၊ သယံဇာတကျိန်စာမိနေရသော တောသူတောင်သားများ ၊ မြေသိမ်းယာသိမ်းခံ ယာသမား လယ်သမားများ ၊အကျဉ်းစံနေရရှာသောနိုင်ငံရေးအကျဉ်းသမားများ၏မိသားစုများ ၊ ချွတ်ခြုံကျနေသော ပညာရေးစနစ်တွင်ကျင်လည်နေရသူများ ၊ ဥပဒေစိုးမိုးရေးကိုမျှော်လင်.နေသူများ ၊အဂတိလိုက်စားမှုတိုက်ဖျက်စေချင်သူများ တိုင်းသူပြည်သားအားလုံးတွင်တိုင်းပြည်ဒီထက်ကောင်းတော.မည်ဟူသော မျှော်လင်.ခြင်းတွေဝေစည်လာတော.မည် ။
ထိုအရာအားလုံးဖြစ်ရမည်ဟုမဆိုလို ၊ ဖြစ်ချင်လဲဖြစ်မည် ။ ဖြစ်ချင်မှလည်းဖြစ်မည် ။ သို.သော် ယခင်အစိုးရအဆက်ဆက် လုံးဝမဖြစ်ခဲ.သောအရာများ သည်ယခုအခါ ဖြစ်ကောင်းဖြစ်လာတော.မည်ဆိုသောမျှော်လင်.ချက်ကိုတော. မြန်မာပြည်သူပြည်သားအားလုံးမလွဲမသွေရရှိမည်ဖြစ်သည် ။ ခေတ်အဆက်ဆက်လစ်လျူရှုခံခဲ.ရသော ပြည်သူလူထု၏ရပိုင်ခွင်.များမျှော်လင်.ခွင်.ရရှိလာမည်ဖြစ်သည် ။ မိမိအမျိုးထဲတွင် စစ်ဗိုလ်ချုပ်တဦးဦးမရှိသည်နှင်.အရာရာမျက်နှာငယ်ရကာ အောက်ကျနောက်ကျဖြစ်ခဲ.ရသော နိုင်ငံရေးစနစ်တခုနိဂုံးချုပ်ခြင်းကပင် ပြည်သူလူထုအတွက်အကြီးမားဆုံးရရှိလိုက်သောလက်ဆောင်ထူးကြီးဖြစ်တော.မည် ။ ဒါသည် ရွှေတွေငွေတွေ မရလိုက်သော်လည်း ပြည်သူလူထုကလိုလားနေသောအရာများဖြစ်သည် ။ လူကိုလူလိုဆက်ဆံသော စနစ်တခုကိုပြည်သူလူထုကလိုလားနေခြင်းဖြစ်သည် ။ ထိုစနစ်ကိုပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီကအုပ်ချုပ်သော ၂၀၁၀ -၂၀၁၅ ငါးနှစ်တာကာလကလည်းမပေးစွမ်းနိုင် ၊၁၉၇၄ မှ ၁၉၈၈ အထိအုပ်ချုပ်ခဲ.သောမြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီ (ယခုအခါ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ )လည်းမပေးစွမ်းနိုင် ၊ ၁၉၈၈ မှ ၂၀၁၀ အထိအုပ်ချုပ်ခဲ.သော န.၀.တ ၊ န.အ.ဖ စစ်အစိုးရအဖွဲ.များလည်းမစွမ်းဆောင်နိုင် ။ ၁၉၆၂ မှ ၁၉၇၄ အထိအုပ်ချုပ်ခဲ.သောတော်လှန်ရေးကောင်စီကလည်းမတတ်နိုင် ။ သူတို.စွမ်းဆောင်နိုင်ခဲ.သည်မှာ အာဏာရအသိုင်းအ၀ိုင်းဘက်မှအဘက်ဘက်အသာစီးရပြီးတိုင်းသူပြည်သား၊ ရဟန်းရှင်လူ ကျောင်းသားများဘက်မှ အရာရာ နိမ်.ကျခဲ.ရသောစနစ်ဖြစ်သည်။ ကွန်မြူနစ်စနစ်လိုလူတိုင်းချမ်းသာရမည်ဆိုသော မဖြစ်နိုင်သည်.မက်လုံးမျိုးကိုမျှော်လင်.သည်မဟုတ် ။ လူကိုလူချင်း လေးလေးစားစား ဂုဏ်သိက္ခာရှိရှိဆက်ဆံတတ်သော ပြည်သူနှင်.တသားတည်းရှိမည်.အစိုးရမျိုးကိုလူထုကလိုလားနေခြင်းဖြစ်သည် ။ ပြောင်းလဲချိန်တန်ပြီ ဆိုတာတော.ဟုတ်ပြီ ဘာကိုပြောင်းလဲချင်တာလဲ ဟုမေးခဲ.သော လက်ရှိအစိုးရအဖွဲ.၀င်ဟောင်းအမတ်လောင်းတစ်ဦး၏မေးခွန်းကို ကြည်.ခြင်းဖြင်. သူတို.အဖွဲ.သည်ပြည်သူလူထု၏ခံစားချက်ကိုယခုအထိနားမလည်သေးကြောင်းထင်ရှားသည် ။ကျွန်တော်တို.လိုချင်သည်မှာ သနားသဖြင်.စွန်.ကြဲသော ထမင်းတလုပ်မဟုတ် ၊ ငါးမျှားချိတ်မှငါးစာလို လိုချင်တာရှိသဖြင်.ထိုးကျွေးသောလက်ဆောင်များမဟုတ် ၊ ယာဂုထမနဲအိုးကြီးကွဲကာမှ စွန်.ကြဲလေသောဒါနမဟုတ်၊ လူထုကလိုချင်သောအပြောင်းအလဲမှာ ခေါင်းဆောင်များ၏မောက်မာသောစိတ်ဓါတ်များအဆုံးသတ်ရေးဖြစ်သည် ။ နှစ်ပေါင်းများစွာပျောက်ဆုံးခဲ.သောလူ.ဂုဏ်သိက္ခာကိုပြန်လည်ရယူလိုရေးဖြစ်သည် ။ စစ်သားမှတိုင်းပြည်ကိုချစ်သည်အရပ်သားများသည်အလကားဖြစ်သည်ဆိုသော စိတ်ဓါတအယူအဆမျိုးကိုဖျက်သိမ်းလိုခြင်းဖြစ်သည် ။ ဤသည်ကားပြည်သူလူထုလိုလားနေသော အပြောင်းအလဲဖြစ်သည် ။ ထိုမျှော်လင်.ချက်ကို NLD ကသယ်ဆောင်လာမည်ဟု ကျွန်တော်တို.ယုံကြည်သည် ။
ငါးနှစ်ကြာသောအခါ NLD ကလူထုလိုလားမှုကိုအကောင်အထည်မဖော်နိုင်လျှင်အကောင်အထည်ဖော်နိုင်မည်.ပါတီကိုပြောင်းလဲရွေးချယ်ရုံပဲဖြစ်သည် ။ နှစ်ပေါင်းများစွာခေါက်ရိုးကျိုးနေသော ပုံစံခွက်ထဲမှ ရုန်းထွက်လိုခြင်းသည် မြန်မာမဲဆန္ဒရှင်အတော်များများ၏ဆန္ဒဖြစ်သည် ။ ပြည်သူလူထုလိုလားသောပါတီတက်လာလျှင်ပြည်သူ.အစိုးရ၊ပြည်သူ.အုပ်ချုပ်ရေးဖြစ်မည် ၊ ထိုအခါ ပြည်သူလူထုမလိုလားသောကိစ္စများကိုတားဆီးနိုင်ပေမည် ၊ ပြည်သူလိုလားသောကိစ္စများကိုအကောင်အထည်ဖော်နိုင်ပေမည် ။ ကာကွယ်ရေး ၊ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန်.အပ်တာဝန်ပေးထားသည်.စနစ်ဖြစ်သဖြင်. NLD သည်စင်းလုံးချောတော. လုပ်နိုင်ချင်မှလုပ်နိုင်မည် ။သို.သော် သူတတ်နိုင်သလောက်အကောင်းဆုံးလုပ်မည်ဟု မျှော်လင်.ရပေသည် ။ အဓိကအကျဆုံးအချက်မှာ ၀န်ကြီးချုပ်ဦးနုလက်ထဲမှ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းလိုက်သည်. ၁၉၆၂ မတ်လ ၂ ရက်နေ.မှစ၍ မြန်မာနိုင်ငံတွင်ပျောက်ကွယ်ခဲ.သည်. အရပ်သားအစိုးရစစ်စစ်ကိုပြည်သူလူထုကမျှော်လင်.နေခြင်းပင်ဖြစ်သည် ။ ထိုမျှော်လင်.ချက်ပြည်.၀ဖို. အခွင်.အရေးသည် လာမည်.၂၀၁၅ နိုဝင်ဘာ (၈)ရက် ရွေးကောက်ပွဲတွင် မည်သူနိုင်မလဲဟူသော အဆုံးအဖြတ်သည်အဓိကကျပါသည် ။ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီကနိုင်လျှင် စစ်ဗိုလ်ချုပ်ဟောင်းများဆက်လက်အုပ်ချုပ်ပါလိမ်.မည် ။ယခင်ပုံစံ အုပ်ချုပ်ရေး၊ယခင်ပုံစံဥပဒေပြုရေး၊ယခင်ပုံစံတရားစီရင်ရေးများကိုပြန်မြင်ရဖို.ရှိပါသည် ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကနိုင်၍အစိုးရဖွဲ.လျှင် စစ်ဗိုလ်ချုပ်ဟောင်းများ၊ မ.ဆ.လ အဖွဲ.၀င်ဟောင်းများ အုပ်ချုပ်ကြပါလိမ်.မည် ။ N.L.D နှင်.တိုင်းရင်းသားပါတီများနိုင်လျှင် အရပ်သားအများစုပါဝင်သောအစိုးရအဖွဲ.သည် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်ပေါ်ပေါက်လာနိုင်ပါသည် ။ထိုအခါ အရပ်သားပညာတတ်များသည် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သည်.ပညာတွင် စစ်ဗိုလ်ချုပ်များထက်သာမသာကို မျက်ဝါးထင်ထင်အကဲခတ်ခွင်.ငါးနှစ်တိတိရပါလိမ်.မည် ။ တပ်မတော်၏ပူးပေါင်းဆောင်ရွက်မှုသာရရှိပါက NLDသည်တိုင်းပြည်ကောင်းအောင်လုပ်နိုင်မည်ဟုပြည်သူလူထုကမျှော်လင်.နေပါသည် ။

ထို.ကြောင်. NLD ပါတီလာမည်.ရွေးကောက်ပွဲတွင်အနိုင်ရရှိပါက မည်သူမျှ ရွှေတွေ ၊ငွေတွေ ၊ဆီတွေ ၊ဆန်တွေ တော. ရရှိလာမည်မဟုတ်ပါ ။ထိုအရာများသည် ဘယ်အစိုးရတက်တက်မိမိလုံ.လ၊ ၀ီရိယအစွမ်းဖြင်.ရှာဖွေစားသောက်ရမည်.အရာတွေဖြစ်သည် ။ ထိုအရာများကိုတိုင်းသူပြည်သားများသည် ခံစားသုံးဆောင်ဖူးပါ၏ ။ အားလုံးပျောက်ဆုံးနေသော အရာတခုကိုတော. ကျွန်တော်တို.ရနိုင်ပါလိမ်.မည် ။ထိုအရာမှာ မျှော်လင်.ခြင်းနှင်.လူ.ဂုဏ်သိက္ခာဖြစ်ပေသည် ။ ဥပမာအားဖြင်.တဖက်ပိတ် ( Dead End ) လမ်းထဲတွင် နှစ်ပေါင်းများစွာချောင်ပိတ်မိနေရာမှ Y ပုံသဏ္ဍန်လမ်းဆုံလမ်းခွတခုကိုမြင်ခွင်.ရလိုက်ခြင်းဖြစ်ပေ၏ ။ ထိုလမ်းခွဆုံနှစ်ခုတွင် ပို၍ကောင်းသောလမ်းကြောင်းတခုတော.သေချာပေါက်ရှိပေလိမ်.မည် ။ လမ်းပိတ်ထဲတွင်ထိုင်နေတာထက်စာလျှင် မျှော်လင်.ခြင်းလမ်းသစ်ဆီသို. လျှောက်လှမ်းလိုက်တာကပို၍လူပီသမည်ဟုကျွန်တော်ထင်ပါသည် ။ဒါသည်ကျွန်တော်တို.အားလုံးရရှိမည်.အမြတ်ဖြစ်ပါသည် ။

သရ၀ဏ်(ပြည်)

စောင်.ကြည်. News Watch ဂျာနယ်
သောကြာ


0 comments:

Post a Comment

Facebook Like Page