မိုးမေတ္တာ နာ/ကူအသင်း (ပြည်)မှ ဦးစီး၍ ရွှေတောင်မြို့ ပရဟိတလူငယ်များ၊ ကျီးသဲ ပရဟိတအဖွဲ့များနှင့် ကျောက်မြင့် ပရဟိတအဖွဲ့များ ပူးပေါင်းပါဝင်ပြီး ရွှေတောင်မြို့နယ်ရှိ ကံသုံးဆင့်ကျေးရွာနှင့် သခွပ်ကုန်းကျေးရွာတို့တွင် မဲပေးပုံအဆင့်ဆင့်ကို ဒေသခံများနှင့် စုပေါင်း၍ မဲအသိပညာပေးနှင့် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရပါသည်။
" မဲပေးပုံအဆင့်ဆင့် လက်တွေ့ပြတာကို နယ်ခံကျေးရွာသားတွေ တော်တော်စိတ်ဝင်စားကြတယ်ဗျ။ ကျွန်တော်တို့အဖွဲ့က အရင်လက်တွေ့လုပ်ပြပြီးမှ ဒေသခံတွေကို အစမ်းပေးခိုင်းကြည့်တာ (၁၀) မဲမှာ (၅) မဲလောက်က ပယ်မဲဖြစ်နေတာကိုတွေ့ရပါတယ် " ဟု မိုးမေတ္တာ နာကူအသင်း (ပြည်) မှ ဦးညီညီအောင်မှ ပြည်သတင်းသို့ ပြောကြားခဲ့ပါတယ်။
အဆိုပါပွဲတွင်
" မဲရုံမှာလူများတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်တယ်၊ မဲပေးသူတစ်ယောက်ရဲ့ မဲပေးချိန်က အနည်းဆုံး ၂ မိနစ်လောက်ကြာနေတယ်၊ မဲပေးချိန်က နံနက် ၆ နာရီကနေ ညနေ ၄ နာရီအထိဆိုတော့ စုစုပေါင်း မိနစ် ၆၀၀ ပဲအချိန်ရတော့ မဲရုံတစ်ရုံကို လူ ၃၀၀ ပဲမဲပေးနိုင်သလိုဖြစ်နေတယ်။ အကယ်၍ မဲပေးသူဦးရေ ၁၀၀၀ ဆို တပြိုင်နက် ၃ ယောက် မဲပေးနိုင်မှ အဆင်ပြေမယ့် အခြေအနေရှိပါတယ်။
တစ်ချို့ လာမေးကြတာတွေရှိပါတယ် မဲပေးချိန် ညနေ ၄ နာရီကျော်သွားရင် ဘယ်လိုလုပ်မလဲတဲ့၊ အဲ့လိုအခြေအနေမျိုးဆိုရင်တော့ ၄ နာရီမတိုင်မီ လုံခြုံရေးစည်း ဂိုက် ၅၀၀ အတွင်း ရောက်ရှိနေဖို့ လိုအပ်ပါလိမ့်မယ် "
နောက်တစ်ချက် သတိထားစေချင်တာက မိမိအရမ်းနှစ်သက်လို့ပဲဖြစ်ဖြစ် မည်သည့်ပါတီ၏ အမှတ်တံဆိပ်၊ အကျီ၊ ဦးထုပ်၊ ရင်ထိုးနှင့် အလံတို့ကို လုံးဝ လုံးဝ ယူဆောင်မသွားကြပါနဲ့ "
ဟု အဆိုပါ မဲပေးမှုအဆင့်ဆင့် လက်တွေ့သရုပ်ပြပွဲတွင် မိုးမေတ္တာ နာကူအသင်း (ပြည်) မှ ဦးညီညီအောင်မှ ပြောကြားခဲ့ကြောင်း သိရပါသည်။
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment