Friday, October 9, 2015

ဆိုင်ကယ်ဖြင့်လက်ကိုင်ဖုန်းအား ဆွဲယူထွက်ပြေးသူနှစ်ဦးထဲမှ တစ်ဦးဖမ်းမိ

Leave a Comment



အောက်တိုဘာ(၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် မြို့ထဲမှဈေးဝယ်
ပြီးနေအိမ်သို့ ပြန်လာသူအမျိုးသမီး၏လက်ကိုင်ဖုန်းအား ဆွဲ
ယူလုယက်ထွက်ပြေးသွားသူ လူငယ်နှစ်ထဲမှတစ်ဦးအား ရဲ
တပ်ဖွဲ့က ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ(၈)ရက်နေ့ ည(၇)နာရီအချိန်ခန့်က
မအိအိချော၊ရွှေလင်းယုန်ကုမ္ပဏီစာရင်းကိုင်ဗိုလ်တစ်ထောင်
(၂)လမ်းထိပ်၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူသည် ပြည်မြို့ထဲ
မှဈေးဝယ်ပြီးနေအိမ်သို့ ဆိုင်ကယ်ဖြင့်တစ်ဦးတည်းမောင်းနှင်
လာစဉ်၊ပြည်မြို့ ရွာဘဲရပ်ကွက်၊ကနောင်မင်းသားကြီးလမ်း၊
လမင်းသာဆေးတိုက်ရှေ့အရောက်တွင်၎င်းအနောက်မှအ
သက်(၁၆)နှစ်ခန့်၊ခပ်သေးသေးလူငယ်တစ်ဦး မောင်းနှင်
လာသောနံပါတ်တပ်ဆင်ထားခြင်းမရှိသည့် smash-110
(အနက်ရောင်)ဆိုင်ကယ်သည် အနားသို့ကပ်၍ မောင်းနှာင်
လာပြီး ဆိုင်ကယ်နောက်တွင် အသက်(၁၉)နှစ်ခန့်ရှိ ခပ်ေ
တာင့်တောင့်လူငယ်တစ်ဦးမှ ၄င်း၏ဝဲဘက်လက်တွင်ကိုင်
ထားသော Huawei 630(အဖြူရောင်)ဟန်းဖုန်းအားဆွဲယူေ
မာင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းနှင့်မအိအိချောမှဟန်းဖုန်း
လုယက်ထွက်ပြေးသွားသူ နှစ်ဦးအားအရေးယူပေးပါရန်တိုင်
ခဲ့သဖြင့် ပြည်ြမို့မရဲစခန်(ပ)၈၂၉/၂၀၁၅ပြစ်မှုပုဒ်မ-၃၈၂ဖြင့်
အမှုဖွင့်ထားပြီး အမှုအား ရဲအုပ်သောင်းထွေးမှလက်ခံစစ်ဆေး
လျှက်ရှိသည် ဟုရဲမှတ်တမ်းအရသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီးပြည်မြို့မရဲစခန်းမှစခန်းမှူး
ဒုရဲမှူးမျိုးမြင့်၊နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းနိုင်၊အမှု
စစ်ရဲအုပ်သောင်းထွေးတို့အဖွဲ့သည် ဆံတော်ရပ်ကွက်ရာအိ
မ်မှူး ဦးတင်ဝင်း၊ဦးသန်းထူးတို့နှင့်အတူ လိုက်လံစုံစမ်းရာရွာ
ဘဲရပ်ကွက် ၊ ကနောင်မင်းသားကြီး လမ်းဘေးတွင် မသင်္ကာ
သူတစ်ဦးအား ဆိုင်ကယ်နံပါတ်တပ်ဆင်ထားခြင်းမရှိသည့်
smash-110(အနက်ရောင်)ဆိုင်ကယ်နှင့်တွေ့ရှိ၍ စစ်ဆေးခဲ့
သည်ဟု ပြည်မြို့မရဲစခန်းတာဝန်ရှိသူအရာရှိထံမှသိရသည်။

ထိုသို့ စစ်ဆေးခဲ့ရာ မအိအိချော၏ Huawei 630(အဖြူရောင်)
ဟန်းဖုန်းအားဆွဲယူထွက်ပြေးခဲ့သော ဆိုင်ကယ်နောက်တွင်
လိုက်ပါလာသူဇင်ကို(၁၉)နှစ်၊ကားဆေးမှုတ်လုပ်ငန်းလုပ်ကိုင်၊
မင်္ဂလာဦးရပ်၊ရွာဘဲရပ်ကွက်နေသူဖြစ်ကြောင်းနှင့်ဆိုင်ကယ်
မောင်းနှင်သူမှာ တရုတ်ကလေး(၁၆)နှစ်၊မင်္ဂလာဦးရပ်၊ရွာဘဲ
ရပ်ကွက်၊ပြည်မြို့နေသူဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသည်ဟု
သိရသည်။

ထို့ကြောင့် ဇင်ကို၏ဆိုင်ကယ်ဘောက်အတွင်းမှ မအိအိချော
၏ Huawei 630(အဖြူရောင်)လက်ကိုင်ဖုန်းအားရှာဖွေတွေ့
ရှိရသဖြင့်သက်သေများရှေ့တွင်သိမ်းဆည်းပြီး ဇင်ကိုအားအ
မှုဖြင့် ည(၁၀)နာရီ(၄၅)အချိန်ဖမ်းဆီးပြီး ထွက်ပြေးနေသော
တရုတ်ကလေးအား ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်
လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)
ပြည်​သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page