ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲတိုက်နယ်ရှိ ဆုတောင်းပြည့်စေတီတော် ဓမ္မာရုံအတွင်းတွင် စက်တင်ဘာလ ၂၇ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်၌ မိုးမေတ္တာနာရေးအသင်း (ပြည်)မှ ဦးစီး၍၊ ၂၀၁၅ ခု၊ နိုဝင်ဘာလ ရွေးကောက်ပွဲ၌ မဲပေးရမည့် နည်းလမ်းပုံစံများနှင့်ပတ်သက်ပြီး ပြည်သူများအားလက်တွေ့သရုပ်ပြခဲ့ရာ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူမှုကူညီရေး အသင်းသား/သူများနှင့် ကျေးလက်နေ ပြည်သူအင်အား ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း မိုးမေတ္တာနာ/ကူအသင်း (ပြည်) ဥက္ကဌထံမှ သိရသည်။
မဲပေးနည်းသရုပ်ပြပွဲတွင် တက်ရောက်လာကြသော လူမှုကူညီရေးအသင်းပေါင်း ၂၀ မှ အသင်း/သားသူများက တစ်ဦးချင်းမိတ်ဆက်စကားပြောဆိုပြီး၊ မိုးမေတ္တာနာ/ကူအသင်း (ပြည်)မှ အသင်းဝင်များက ဦးဆောင်လျက် တက်ရောက်လာသော ပြည်သူများအား မည်သည့်ပါတီကိုမဲပေးရမည်ဟူ၍ မဟုတ်ဘဲ၊ ပြည်သူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာပါတီကို မဲပေးရာတွင် လုပ်ကိုင်ရမည့် နည်းလမ်းပုံစံများအား ပယ်မဲမဖြစ်စေရေး အလေးထားပြီး ရှင်းလင်းသရုပ်ပြခဲ့ကြောင်း သိရသည်။
ကိုရဲ ( ပြည် )
Tomorrw Journal
Ph - 09 780 390179
0 comments:
Post a Comment