Thursday, September 17, 2015

(၆၃)ကြိမ်မြာက် ပြည်မြို့ဝန်ချတောင်စေတီတော်မြတ်ကြီး တောင်တော်မြတ်ပေါ် အဘဘိုးတော်အောင်မင်းခေါင် ထွက်ပွဲ၊အောင်ပွဲ၊ပှုဇော်ပွဲ နှင့် အဘ အံသွားတော် ပှုဇော်ပွဲဖိတ်ကြားခြင်း

Leave a Comment




(၆၃)ကြိမ်မြာက်   ပြည်မြို့ဝန်ချတောင်စေတီတော်မြတ်ကြီး တောင်တော်မြတ်ပေါ် အဘဘိုးတော်အောင်မင်းခေါင် ထွက်ပွဲ၊အောင်ပွဲ၊ပှုဇော်ပွဲ နှင့် အဘ အံသွားတော် ပှုဇော်ပွဲဖိတ်ကြားခြင်း

နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော အဘဘိုးတော်အောင်မင်းခေါင်၏ ထွက်ရပ်စခန်းကြွမြန်းသည့်နေ့ကို အထိမ်းအမှတ်ပြု၍ အဘထွက်ပွဲ၊အောင်ပွဲ၊ပှုဇော်ပွဲကြီးနှင့်ပုပ္ပားတောင်ကလပ်မှ ပင့်ဆောင်လာသည့် အဘဘိုးတော်အောင်မင်းခေါင်၏ အံသွားတော်(အပွား)ပှုဇော်ပွဲကြီးကို ကျင်းပလာခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် အဘ၏ ပဋ္ဌာန်းဆက် သားသမီးများမှ စတုဒိသာမုန့်ဟင်းခါး အလှူတော်မင်္ဂလာ နှင့် ကန်တော့ပွဲများစည်ကားသိုက်မြိုက်စွာ ၀န်ချတောင်ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဆရာဦးဥာဏ်ထွန်း၊၀န်ချတောင်အဘဓါတ်နန်း နန်းထိန်း ကိုအာကာလင်း နှင့် ပဋ္ဌာန်းဆက်(၇)ရက်သားသမီးအပေါင်းတို့ကျင်းပမည်ဖြစ်ရာ အဘ၏သားသမီးများ အနေဖြင့် ဘုရားအမှူးပြု၍ ရဟန္တာအရှင်သူမြတ်များ၊သာသနာစောင့်နတ်မင်းများ၊ထွက်ရပ်ပေါက်မဟာသက်တော်ရှည်ဝိဇ္ဇာများနှင့်အဘ ဘိုးမင်းခေါင် အမှူးထား၍ မဟိဒ္ဓိရှင်၊သိဒ္ဓိရှင် ပုဂ္ဂိုလ်တို့အား သက်သက်လွတ်ဆွမ်းကပ်လှူခြင်း၊ခင်ပွန်းကြီး(၁၀)ပါး ဆွမ်းကန်တော့ပွဲများကပ်လှူ၍ “ရွှေတောင် ဖြိုးမောင်မောင်” မင်္ဂလာဆိုင်း နှင့် ၀န်ချတောင်အောင်သိဒ္ဓိကုသိုလ်ဖြစ် သာသနာပြုရှမ်းအိုးစည်အဖွဲ့တို့မှ သိုက်ဆက်၊ပဋ္ဌာန်းဆက်အသီးသီးများကို ၀န်ချတောင် တောင်ပေါ်တွင် အဘထွက်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ရပ်ဝေး/ရပ်နီးမှ အဘပဋ္ဌာန်းဆက်များကြွရောက်ပှုဇော်နိုင်ပါရန် လေးစားစွာနှိုးဆော်တိုက်တွန်းအပ်ပါသည်။

ကျင်းပမည့် အခမ်းအနား အစီအစဉ်များ….

၁၃၇၇-ခုနှစ်၊တော်သလင်းလပြည့်နေ့(၂၈-၉-၂၀၁၅) တနင်္လာနေ့ နံနက်(၉း၀၀)နာရီအချိန်တွင် ကိုအာကာလင်းနေအိမ်ဓါတ်နန်းတွင် ကိန်းဝပ်သော အဘအံသွားတော်အပွားအား ၀န်ချတောင်အဘဓါတ်နန်းသို့ ပင့်ဆောင်၍ဖွင့်လှစ်ပှုဇော်ပွဲကျင်းပပြုလုပ်သွားပါမည်။

၁၃၇၇-ခုနှစ်၊တော်သလင်းလပြည့်ကျော်(၁)ရက်နေ့(၂၉-၉-၂၀၁၅)အင်္ဂါနေ့ နံနက်(၉း၀၀)နာရီ မှ ည (၉း၀၀)နာရီအထိ မင်္ဂလာဆိုင်းတော်ဖြင့် အဘကြိုပွဲကြီးကျင်းပသွားပါမည်။

၁၃၇၇-ခုနှစ်၊တော်သလင်းလပြည့်ကျော်(၂)ရက်နေ့(၃၀-၉-၂၀၁၅)ဗုဒ္ဓဟူးနေ့ နံနက်အာရုဏ်တက်ချိန်တွင် ဘုရားအမှူးပြု၍ ရဟန္တာများ၊သာသနာစောင့်နတ်မင်းများ၊အဘဘိုးတော်အောင်မင်းခေါင် အမှူးထား၍ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ထူးများ (၁၁၁)ပါးသော နတ်မင်းများ၊ဘုမ္မိယသိုက်နန်းရှင်များ သက်သက်လွတ်ဆွမ်းကပ်လှူခြင်းများပြုလုပ်မှာဖြစ်ပြီး ထိုနေ့ နေ့လည် (၂း၀၀)နာရီအချိန်တိတိတွင် ၀န်ချတောင်စေတီတော်မြတ်ကြီးပေါ်တွင် အဘအံသွားတော် နှင့် ကန်တော့ပွဲများဖြင့် ရင်ပြင်တော်ပေါ်သို့ လက်ယာရစ်(၉)ပတ်လှည့်လည်ပှုဇော်သွားပါမည်။ ထိုနေ့ညနေ (၄း၂၀)မိနစ်အချိန်တိတိတွင် အလှူရှင်များလှူဒါန်းထားသော ကန်တော့ပွဲများ အပ်နှံလှူဒါန်းပြီး ရေစက်ချ သာဓုအနုမောဒနာအောင်ပွဲနှင့် ရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးကာ သိုက်ဆက်၊ပဋ္ဌာန်းဆက်၊ဆွေတော်ရှစ်သောင်း၊မျိုးတော်အပေါင်းတို့အား “ရွာစားကျော် ရွှေတောင်ဖြိုးမောင်မောင်” မင်္ဂလာဆိုင်းတော်နှင့်ရှမ်းအိုးစည်အဖွဲ့မှ ဓါတ်၊နတ်၊သိုက်အပေါင်းတို့အား အထူးပှုဇော်၍ ပဋ္ဌာန်းဆက်များကို ချော့ဆိုင်းများနှင့်စည်ကားသိုက်မြိုက်စွာကျင်းပသွားပါမည်။

ပဋ္ဌာန်းဆက်များအနေဖြင့် အဘထွက်ပွဲကြီးကိုလှူဒါန်းလိုပါက…
ဝန်ချတောင်ဖုန်း - 093121688 နှင့် ၀န်ချတောင်အဘဓါတ်နန်း နန်းထိန်းကိုအာကာလင်း 09 31 21 60 89 -သို့ ကြိုတင်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အဘပဋ္ဌာန်းဆက်ပါရမီရှင် ကုသိုလ်ရှင်များထံသို့လေးစားစွာ ဖိတ်ကြားအပ်ပါသည်။








0 comments:

Post a Comment

Facebook Like Page