ကာတွန်းဆရာ နှင့် ပန်းချီဆရာများ ပုံတူဆွဲ၍ ရေဘေးသင့်ပြည်သူများထံလှူဒါန်းရန်အလှူခံ
ကာတွန်းဆရာ နှင့် ပန်းချီဆရာများ ပုံတူဆွဲ၍
ရေဘေးသင့်ပြည်သူများထံလှူဒါန်းရန်အလှူခံ
ပြည် သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ရေဘေးသင့်ပြည်သူတွေကိုကူညီပေးရန်အတွက်
ပြည်မြို့ပေါ်ရှိ ပန်းချီဆရာတွေနှင့်ကာတွန်းဆရာတွေက၊တီရှပ်
အင်္ကျီတွေပေါ်မှာ၊ကာတွန်းရုပ်ပြောင်အရုပ်များရေးစွဲပြီး၊ရံပုံငွေရှာဖွေနေခဲ့ကြောင်းသိရသည်။
အဆိုပါရံပုံငွေရှာဖွေပွဲကို၊ပြည်မြို့မှကာတွန်းဆရာတွေနဲ့ပန်းချီဆရာတွေကသြဂုတ်လ(၆)ရက်နေ့ကနေ(၈)ရက်နေ့အထိ၊(၃)ရက်တိတိပြုလုပ်သွားခဲ့တာဖြစ်ပြီး၊ပြည်မြို့အတွင်းလူစည်ကားရာနေရာတွေဖြစ်သည့်
ကမ်းနားလမ်း View Point နှင့် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီးစသည့် နေရာတွေမှာရွေ့လျှားစံနစ်နဲ့ပြုလုပ်သွားခဲ့ကြောင်းသိရသည်။
“ဒီအရပ်ဒေသမှာ ဘယ်အာဏာပိုင်မှ
အားကိုးလို့မရဘူး၊ပြည်သူတွေကပဲ ကိုယ်ပိုင်အသိတွေနဲ့၊၀ိုင်းဝန်းနေရတယ်၊ကြာလာရင်အစိုးရကသူတို့လုပ်ရမဲ့
အလုပ်တွေကို၊ပြည်သူတွေကပဲ လိုက်လိုက်လုပ်နေရသလိုဖြစ်နေပြီ၊ကြာလာရင်မကောင်းဘူး။ကိုယ်တတ်နိုင်တဲ့အနုပညာနဲ့၊တိုင်းပြည်ရဲ့လိုအပ်ချက်ကို၊၀င်ရောက်ဖြည့်စွပ်ပေးတာဖြစ်တယ်၊အုတ်တချပ်မဖြစ်ရင်တောင်သဲတပွင့်
တော့ဖြစ်နိုင်ပါတယ်။ ဆိုက်ကားနင်းရင်ချမ်းသာမယ်ဆိုတာလူပေါတွေပြောတာပါ၊အမှန်ကလှေဆွဲမှချမ်းသာမှာဆိုတာလေးကို၊သရော်ပြီး၊
ရောင်းမဲ့အင်္ကျီလေးကိုဆွဲထားပါတယ်။” ဟု ကာတွန်းဆရာ တာတီး(ပြည်) မှပြောသည်။
အဆိုပါအဖွဲ့သည် တီရှပ် အကျီတွေပေါ်မှာ၊ပုံတူဆွဲပေးခြင်း
၊ ရှုခင်းပုံဆွဲပေးခြင်း ၊ ကာတွန်းတွေရေးဆွဲပေးတာတွေပြုလုပ်ခဲ့ကြပါတယ်။ရေးစွဲထားတဲ့တီရှပ်အကျီတစ်ထည်ကို
ငွေကျပ်(သုံးထောင်)ဖြင့်ရောင်းချပြီးရံပုံငွေရှာဖွေခဲ့ကြကြောင်းသိရသည်။လက်ရှိ
ပြည်မြို့ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ် ၂၉၀၀-စင်တီမီတာအောက်သို့ အဆင့်ဆင့်
ဆက်လက်ကျဆင်းလျှက်ရရှိပြီး လာမည့် အောက်တိုဘာ နှင့် နိုဝင်ဘာလတွေမှာ
မြစ်ရေဆက်လက်တိုးလာနိုင်ကြောင်းသိရသည်။
“ရေက ရွံ့ပြစ်ပြစ်အရောင်ဖြစ်နေလို့
သောက်လို့မရဘူး။ကျန်းမာရေးကတော့လောလောဆယ်ဘာမှမဖြစ်သေးဘူး။ဌာနဆိုင်ရာကတော့လာမလှူဘူး။ပရဟိတအဖွဲ့တွေလာပါတယ်။အဓိကလိုနေတာ
စားစရာနဲ့သောက်ရေပါပဲ။ရေလယ်မှာရှိတဲ့ကျွန်းဆိုတော့ အလှူရှင်တွေအရောက်အပေါက်နည်းသလို
ဌာနဆိုင်ရာတွေလည်း သိပ်သိပုံမရဘူး။” ဟု ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့
ရေလယ်ကျွန်းကျေးရွာမှ ကိုဖိုးသား ကပြောသည်။
မြန်မာနိုင်ငံအတွင်း တိုင်းနှင်ပြည်နယ်(၁၁)ခုမှာ၊ရေကြီးနစ်မြုပ်နေခဲ့ပြီး၊အဆိုပါရေဘေးသင့်
ပြည်သူများအား ပြည်တွင်းပြည်ပရှိစေတနာရှင်များ၊ဌာနဆိုင်ရာများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊အနုပညာရှင်များ၊လူမှုရေးအသင်းဖွဲ့များ၊စသ်ည့နေရာဒေသအစုံနယ်ပယ်အသီးသီး
မှ ၊လူတန်းစားအစုံမှ မိမိတို့ တတ်နိုင်သည့် ဘက်ကနေ၊၀င်ရောက်ကူညီကယ်ဆယ်ရေးတွေ၊ပြုလုပ်ပေးခဲ့ကြပြီး၊တချို့ဝေးလံသီခေါင်တဲ့နေရာတွေမှာတော့၊ယနေ့အထိ၊ကူညီခံရမှုတွေအားနည်းနေသေးတာတွေကြုံတွေ့ခဲ့ရပါတယ်။နိုင်ငံတော်အစိုးရအနေဖြင့်လည်းကူညီမှု
တွေအားနည်းနေသေးကြောင်းဝေဖန်မှုတွေရှိနေကြောင်းသိရသည်။သြဂုတ်လအတွင်း
ရေကြီးရေလျှံရေနစ်မြုပ်မှုများ လျော့နည်းလာသော်လည်း ပြန်လည်ထူထောင်ရေးအတွက်
အရေးတကြီးလိုအပ်လျှက်ရှိနေကြကြောင်းသိရသည်။ပြည်မြို့အတွင်း
ယခုလိုရေဘေးသင့်ပြည်သူတွေအတွက် အလှူခံယူမှုများကို
ပြည်တက္ကသိုလ်ကျောင်းသား/သူများ၊ပြည်မြို့ရိုးရာခြင်းအလှခတ်ပညာရှင်များ၊လူမှုရေးအသင်းဖွဲ့များ၊ဂီတပညာရှင်များ၊ပြည်မြို့နေထိုင်သူ
နယ်သတင်းထောက်များ မှမိမိတို့တက်အားတရွေ့ မြို့တွင်းသို့
အလှူခံလျှက်ရှိကြောင်းသိရသည်။
K3(pyay) ဒီမိုကရေစီတူဒေးသတင်းစာ
0 comments:
Post a Comment