Monday, August 10, 2015

သစ်ပင်ရိပ်အောက်တွင် လမ်းခင်းအလုပ်မှထမင်းစားပြီးအိပ်နေသော စည်ပင်ဌာန လမ်းခင်းနေ့စားအလုပ်သမား စည်ပင်ကားဖြတ်ကြိတ်ခံရ

Leave a Comment

သစ်ပင်ရိပ်အောက်တွင် လမ်းခင်းအလုပ်မှထမင်းစားပြီးအိပ်နေသော
စည်ပင်ဌာန လမ်းခင်းနေ့စားအလုပ်သမား စည်ပင်ကားဖြတ်ကြိတ်ခံရ


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင်  သြဂုတ်လ(၈)ရက်နေ့
နေ့လည်(၁း၀၀) အချိန်ခန့် ရဲစခန်းရှေ့(၁)မိုင်ခန့်ရွာဘဲရပ် ကွက်၊
ရတနာမာန်အောင်လမ်း၊ စည်ပင်ဝန်းရှိ သစ်ပင်ရိပ်အောက်တွင်
လမ်းခင်းအလုပ်မှ ထမင်းစား နား၍ ထမင်းစားပြီးအိပ်နေသော
စည်ပင်ဌာန၏ လမ်းခင်းနေ့စားအလုပ်သမား ဒေါ်ခင်ချို(၄၈)နှစ်၊
(ဘ)ဦးစံမြင့်၊ မပတ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ အမှတ်(၁၄၆၄)၊ ၀ါရုံရပ်၊
န၀င်းရပ်ကွက်၊ ပြည်မြို့နေသူအား ထိုစည်ပင်ဝန်းအတွင်း စည်ပင်
ဝန်ထမ်းယာဉ်မောင်း ဝေယံထွန်းမောင်းနှင်သည့် ယာဉ်နံပါတ်
မမှတ်မိ၊ကန်ဒါအစိမ်းရောင်(၆)ဘီးကားမှ နောက်ဆုန်စဉ် ဒေါ်ခင်ချို
၏ခါးအား ကား၏နောက်ဘယ်ဘက်ဘီးဖြင့် ဖြတ်ကြိတ်မိခဲ့ကြောင်း
ရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့် ဒေါ်ခင်ချို၏ခင်ပွန်း ဦးကျော်သူမှ ဒေါ်ခင်ချိုအား သုံးဘီး
ဆိုင်ကယ်တစ်စီးငှား၍ ပြည်ဆေးရုံကြီးသို့ တင်ပို့ဆေးကုသမှုခံ
ယူစေခဲ့ရာ ဓါတ်မှန်ရိုက်စစ်ဆေးချက်အရ ဒေါ်ခင်ချိုဦး၏ဆီးခုံရိုးနှင့်
တင်ပါးဆုံရိုးတို့မှာ ကျိုးသွားကြောင်း၊ နှင့်ကားမောင်းသူ ဝေယံထွန်း
မှာ ဆေးကုသပေးခြင်းမရှိသဖြင့်ဝေယံထွန်းအား အရေးယူပေးရန်
ဒဏ်ရာရရှိသူ ဒေါ်ခင်ချို၏ခင်ပွန်း ဦးကျော်သူမပြည်မြို့မရဲစခန်း
သို့တိုင်တန်းခဲ့သည်ဆို၏။

ဦးကျော်သူ(၅၃)နှစ်၊ (ဘ)ဦးမောင်ဝ၊ဗမာ/ဗုဒ္ဓ၊ စည်ပင်ဌါန၏ လမ်း
ခင်းနေ့စားအလုပ်သမား၊ အမှတ်(၁၄၆၄)၊ ၀ါရုံရပ်၊ န၀င်းရပ်ကွက်၊
ပြည်မြို့နေသူ၏ တိုင်တန်းချက်အပေါ်ပြည်မြို့မရဲစခန်းယာဉ်(ပ)၆၀/
၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၃၈ အရအမှုဖွင့်အရေးယူဆောင် ရွက်လျှက်ရှိပြီး
အမှုအား ဒုရဲအုပ် ဇော်မင်းမှလက်ခံစစ်ဆေး၍ တရားခံ ဝေယံထွန်း
 စည်ပင်ဝန်ထမ်းယာဉ် မောင်း၊ (အချက်အလက် အပြည့်အစုံ စုံစမ်းဆဲ)၊
စည်ပင်သာယာဝန်း၊ မူယာပင်ရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူအား
လိုက်လံစုံစမ်း ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် ကန်ဒါအစိမ်းရောင်(၆)
ဘီးကား (ယာဉ်အမှတ် မမှတ်မိ)အား စုံစမ်းလျှက်ရှိကြောင်းသတင်းရရှိ
သည်။

ပိုင်ထူး(ပြည်)

0 comments:

Post a Comment

Facebook Like Page