Wednesday, August 5, 2015

မြစ်ရေသတိပေးချက်.. သြဂုတ်လ-၅-ရက်နေ့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့အတွင်း ကောလဟာလများအင်မတန်ထွက်ပေါ်လျှက်ရှိနေပါသည်။ထိုသို့ထွက်ပေါ်လာသည့် ကောလဟာလ များမှာ တောင်န၀င်းဆည်ကျိုးပြီ ဟူ၍၄င်း၊မြောက်န၀င်းဆည်ကျိုးပြီဟူ၍၄င်း၊န၀င်းတာကျိုးပြီဟူ၍၄င်း သတင်းအမှားများထွက်ပေါ်လျှက်ရှိနေသည်။ ထိုသို့ထွက်ပေါ်လာသည့် ကောလဟာလ များကို မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ မည်သို့မှ ပြည်သူတွေထံသတင်းအမှန်မတင်ပြခဲ့တာ ယခုစာရေးနေချိန်အထိပါပဲ။ မျြို့နယ်ဆည်မြောင်းဦးစီးဌာနအနေဖြင့် ထွက်ပေါ်လျှက်ရှိသော ကောလဟာလသတင်းများကို မည်ကဲ့သို့ ပြန်လည်ဖြေရှင်းပေးမည်ဆိုတာ ပြည်မြို့သူ/သားတွေမသိရသေးသဖြင့် စိုးရိမ်လျှက်ရှိနေသည်။ မြို့နယ်ဆည်မြောင်းဌာနအနေဖြင့် ဆည်များတခုခုဖြစ်ပေါ်လာမည်ဆိုပါက မည်ကဲ့သို့ ပြည်သူတွေကို သတိပေးသွားမည်နည်း။ ဆည်ရေလွှတ်မည်ဆိုလျှင်ရော မည်ကဲ့သို့ သတိပေးချက်များထုတ်ပြန်သွားမည်နည်း။ ယခုလက်ရှိ ပြည်မြို့ပေါ်ရပ်ကွက်တချို့တွေမှာ ဆည်ရေလွှတ်မယ်ပြောတယ်၊ဆည်ကျိုးမယ်ကြားတယ်၊ဟိုတာရိုးကအခြေအနေမကောင်းဘူး ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုသည့် ကောလဟာလတွေကို သတင်းထုတ်ပြန်ပေးစေချင်ပါတယ်။ ဆည်မြောင်းဌာနက လူကြီးတွေ နားထိုင်းနေသလား။မျက်စိကန်းနေသလားမဖြစ်ရလေအောင် ယခုလို ပြည်သတင်းမှရေးသားအပ်ပါသည်။ ပြည်သူတွေသတင်းအမှန်ထုတ်ပေးပါ။ ပြည်သူတွေကို အရေးပေါ်သတိပေးချက်တွေဘယ်လိုပြုလုပ်သွားမည်ဆိုတာကိုလည်း သိရအောင်ကြေငြာသတင်းထုတ်ပေးပါရန်တောင်းဆိုအပ်ပါသည်။ ပြည်မြို့သူ/သားများခင်ဗျာ.... ကျွန်တော်တို့ ပြည်မြို့သည် ၁၉၇၄-ခုနှစ်တွင် ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး ခြင်္သေ့ကြီးနှစ်ကောင်ခြေထောက်အထိ အကြီးမားဆုံးရေးတက် ရေကြီး ရေလျှံမှု့များဖြစ်ပေါ်ခဲ့ပြီးပါပြီ။ ပြည်မြို့နယ် မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနရုံး ဦးစီးအရာရှိအား ယနေ့ သြဂုတ်လ-၅-ရက်နေ့ နေ့လည်တစ်နာရီမေးမြန်းခဲ့ပါသည်။ ပြည်မြို့အနေဖြင့် နောက်ထပ်(၃)ရက် မြစ်ရေဆက်လက်တက်နိုင်ပါသည်။ ပြည်မြို့၏ စိုးရိမ်ရေအမှတ် ၂၉၀၀-စင်တီမီတာပါ။လက်ရှိ စိုးရိမ်ရေအမှတ်၏အထက်မှာတည်ရှိနေပါတယ်။ ပြည်တစ်မြို့လုံး ၁၉၇၄-ခုနှစ်ကရေကြီးခဲ့စဉ်မှတ်သားထားခဲ့သည့် ရေအမှတ်သို့ ရောက်ရှိရန် (၂)ပေကျော်ကျော်ခန့်ပဲလိုပါတယ်။ပြည်မြို့ န၀င်းတာရိုး အား သေချာဂရုစိုက်ဖို့လိုပါတယ်။...ထိုစကားများကို ပြည်သတင်းမှမေးမြန်းခဲ့ရာ ပြည်မြို့ မိုးဇလ ဦးစီးအရာရှိမှစိတ်ရှည်လက်ရှည်အစအဆုံးရှင်းပြခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိထွက်ပေါ်နေသော ဆည်ကျိုးခြင်း၊တာကျိုးခြင်း၊ဆည်ရေလွှတ်ခြင်း သတင်းများမှာ လုံးဝ(လုံးဝ) မဟုတ်ပါကြောင်း။သတင်းအမှားများသာဖြစ်ကြောင်းလေ့လာသိရှိရပါတယ်။ ခိုင်မာသောသတင်းရရှိရန် ပြည်မြို့ ဆည်မြောင်းဦးစီးဌာန အလုပ် လုပ်ပါမှ သတင်းထုတ်ပြန်ပါမှ တိကျခိုင်မာသော သတင်းများရရှိမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်။ ပြည်မြို့သူ/သားများ စိတ်ချမ်းသာနိုင်ကြပါစေ.... ပြည်သတင်းလူငယ်...09253311019

Leave a Comment


မြစ်ရေသတိပေးချက်..
သြဂုတ်လ-၅-ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့အတွင်း ကောလဟာလများအင်မတန်ထွက်ပေါ်လျှက်ရှိနေပါသည်။ထိုသို့ထွက်ပေါ်လာသည့် ကောလဟာလ များမှာ တောင်န၀င်းဆည်ကျိုးပြီ ဟူ၍၄င်း၊မြောက်န၀င်းဆည်ကျိုးပြီဟူ၍၄င်း၊န၀င်းတာကျိုးပြီဟူ၍၄င်း သတင်းအမှားများထွက်ပေါ်လျှက်ရှိနေသည်။ ထိုသို့ထွက်ပေါ်လာသည့် ကောလဟာလ များကို မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ မည်သို့မှ ပြည်သူတွေထံသတင်းအမှန်မတင်ပြခဲ့တာ ယခုစာရေးနေချိန်အထိပါပဲ။ မျြို့နယ်ဆည်မြောင်းဦးစီးဌာနအနေဖြင့် ထွက်ပေါ်လျှက်ရှိသော ကောလဟာလသတင်းများကို မည်ကဲ့သို့ ပြန်လည်ဖြေရှင်းပေးမည်ဆိုတာ ပြည်မြို့သူ/သားတွေမသိရသေးသဖြင့် စိုးရိမ်လျှက်ရှိနေသည်။ မြို့နယ်ဆည်မြောင်းဌာနအနေဖြင့် ဆည်များတခုခုဖြစ်ပေါ်လာမည်ဆိုပါက မည်ကဲ့သို့ ပြည်သူတွေကို သတိပေးသွားမည်နည်း။ ဆည်ရေလွှတ်မည်ဆိုလျှင်ရော မည်ကဲ့သို့ သတိပေးချက်များထုတ်ပြန်သွားမည်နည်း။ ယခုလက်ရှိ ပြည်မြို့ပေါ်ရပ်ကွက်တချို့တွေမှာ ဆည်ရေလွှတ်မယ်ပြောတယ်၊ဆည်ကျိုးမယ်ကြားတယ်၊ဟိုတာရိုးကအခြေအနေမကောင်းဘူး ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုသည့် ကောလဟာလတွေကို သတင်းထုတ်ပြန်ပေးစေချင်ပါတယ်။ ဆည်မြောင်းဌာနက လူကြီးတွေ နားထိုင်းနေသလား။မျက်စိကန်းနေသလားမဖြစ်ရလေအောင် ယခုလို ပြည်သတင်းမှရေးသားအပ်ပါသည်။ ပြည်သူတွေသတင်းအမှန်ထုတ်ပေးပါ။ ပြည်သူတွေကို အရေးပေါ်သတိပေးချက်တွေဘယ်လိုပြုလုပ်သွားမည်ဆိုတာကိုလည်း သိရအောင်ကြေငြာသတင်းထုတ်ပေးပါရန်တောင်းဆိုအပ်ပါသည်။
ပြည်မြို့သူ/သားများခင်ဗျာ....
ကျွန်တော်တို့ ပြည်မြို့သည် ၁၉၇၄-ခုနှစ်တွင် ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး ခြင်္သေ့ကြီးနှစ်ကောင်ခြေထောက်အထိ အကြီးမားဆုံးရေးတက် ရေကြီး ရေလျှံမှု့များဖြစ်ပေါ်ခဲ့ပြီးပါပြီ။ ပြည်မြို့နယ် မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနရုံး ဦးစီးအရာရှိအား ယနေ့ သြဂုတ်လ-၅-ရက်နေ့ နေ့လည်တစ်နာရီမေးမြန်းခဲ့ပါသည်။ ပြည်မြို့အနေဖြင့် နောက်ထပ်(၃)ရက် မြစ်ရေဆက်လက်တက်နိုင်ပါသည်။ ပြည်မြို့၏ စိုးရိမ်ရေအမှတ် ၂၉၀၀-စင်တီမီတာပါ။လက်ရှိ စိုးရိမ်ရေအမှတ်၏အထက်မှာတည်ရှိနေပါတယ်။ ပြည်တစ်မြို့လုံး ၁၉၇၄-ခုနှစ်ကရေကြီးခဲ့စဉ်မှတ်သားထားခဲ့သည့် ရေအမှတ်သို့ ရောက်ရှိရန် (၂)ပေကျော်ကျော်ခန့်ပဲလိုပါတယ်။ပြည်မြို့ န၀င်းတာရိုး အား သေချာဂရုစိုက်ဖို့လိုပါတယ်။...ထိုစကားများကို ပြည်သတင်းမှမေးမြန်းခဲ့ရာ ပြည်မြို့ မိုးဇလ ဦးစီးအရာရှိမှစိတ်ရှည်လက်ရှည်အစအဆုံးရှင်းပြခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိထွက်ပေါ်နေသော ဆည်ကျိုးခြင်း၊တာကျိုးခြင်း၊ဆည်ရေလွှတ်ခြင်း သတင်းများမှာ လုံးဝ(လုံးဝ) မဟုတ်ပါကြောင်း။သတင်းအမှားများသာဖြစ်ကြောင်းလေ့လာသိရှိရပါတယ်။ ခိုင်မာသောသတင်းရရှိရန် ပြည်မြို့ ဆည်မြောင်းဦးစီးဌာန အလုပ် လုပ်ပါမှ သတင်းထုတ်ပြန်ပါမှ တိကျခိုင်မာသော သတင်းများရရှိမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်။ ပြည်မြို့သူ/သားများ စိတ်ချမ်းသာနိုင်ကြပါစေ....
ပြည်သတင်းလူငယ်...09253311019

0 comments:

Post a Comment

Facebook Like Page