Tuesday, June 23, 2015

ပြည်မြို့ပထမဆုံးအကြိမ်မဲစာရင်းများထုတ်ပြန်ရာတွင် မွေးရက်မွေးလတစ်ခုတည်းဖြစ်နေသူ သောင်းချီပါဝင်နေ

Leave a Comment

ပြည်မြို့ပထမဆုံးအကြိမ်မဲစာရင်းများထုတ်ပြန်ရာတွင် မွေးရက်မွေးလတစ်ခုတည်းဖြစ်နေသူ သောင်းချီပါဝင်နေ

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ယခုဇွန်လ(၂၂)ရက်နေ့မှစတင်ကာ အခြေခံမဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ခဲ့ရာ မွေးရက် မွေးလ တစ်ခုတည်းဖြစ်နေသူ ၁၂၀၀၀ ကျော်ပါဝင်နေကြောင်း ပြည်မြို့မဲစာရင်းကပ်ရာနေရာများသို သွားရောက်ကြည့်ရှုခဲ့သူများကပြောဆိုသည်။
မဲစာရင်းများထုတ်ပြန်ရာတွင် ၃၀.၆…. ဆိုသည်မွေးရက်မွေးလများ မဲစာရင်းစာရွက်တွင် ထက်အောက် တန်းစီ၍ ပါလာခြင်းလည်းဖြစ်ပြီး ထိုကဲ့သိုဖြစ်နေခြင်းများကို ပြည်မြို့ရပ်ကွက်များထဲမှ ရွာဘဲ၊ ခေတ္တရာ ဆင်စုရပ်ကွက်များတွင် အများဆုံးတွေ့ရှိခဲ့ရခြင်းလည်းဖြစ်သည်။
“ မွေးရက်မွေးလတူနေတာတွေကို နာမည်တွေမှာတန်းစီပြီးပါလာတာ မွေးသက္ကသရာဇ်ကတော့ပြောင်းတယ် မဲစာရင်းကလည်း မှားတာတွေတွေ့နေရသေးတယ် ကိုယ်ကိုယ်တိုင်က မဲစာရင်းမှာမပါသေးဘူး ကျနော်အဖေသေပြီးသားကျတော့ မဲစာရင်းမှပါလာတယ်”ဟု ပြည်မြို့နယ်ခံသတင်းထောက် ကိုဝေလင်းကပြောသည်။
အဆိုပါမွေးနေ့မွေးလတူခြင်းများအပြင် အခြားပြည်နယ်နှင့်တိုင်းများတွင် ဖြစ်ပေါ်ခဲ့သည့်အတိုင်း သေဆုံးပြီးသားသူများပါလာခြင်း၊ ၁၈နှစ်ပြည့်ပြီးသူများမပါလာခြင်း၊ အချက်အလက်မှားခြင်းများကိုလည်း ကြုံတွေနေရသေးကြောင်းသိရသည်။
ထိုကဲ့သို့မွေးနေ့မွေးလတူနေရခြင်းများမှာ အိမ်ထောင်စုစာရင်းများတွင် မွေးသက္ကရာဇ်သာပါရှိပြီး မွေးရက်၊မွေးလမပါခြင်းများကို ၃၀.၆ ..ဆိုကာ အထက်ကော်မရှင်ကဖြည့်စွက်ခဲ့ခြင်းဖြစ်ပြီး မွေးသက္ကရာဇ်များမှာ မှန်ကန်ကြောင်း ရွာဘဲနယ်မြေရပ်ကျေးကော်မရှင်မှတာဝန်ရှိသူများကပြောဆိုသည်။
“အခြေခံမဲဆန္ဒရှင်စာရင်းဖြစ်ပါတယ် အမှန်ကိုတန်းမရောက်သေးပါဘူး
အမှားတွေပါမယ် လိုအပ်ချက်တွေရှိပါမယ်
ဒီအပေါ်မှာကျနော်တို့ပြင်ဆင်သွားမှာဖြစ်တယ်”
ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဥက္ကဌဦးကျော်ညွန့်က မဲစာရင်းမကပ်မှီရက်ပိုင်းအလိုတွင်ပြောသည်ကပြောသည်။
ယခုကပ်မည့်မဲစာရင်းမှာ အခြေခံမဲဆန္ဒရှင်စာရင်းဖြစ်ပြီး
မဲစာရင်းတွင်နာမည်မပါကပါ ပုံစံ(၃)ဖြင့်လျှောက်ထားနိုင်ကြောင်း၊
မဲစာရင်းတွင်မပါသင့်သည့်သူများ ဥပမာ(သေဆုံးပြီးသားသူ)များပါလာပါက
ပုံစံ(၄)ဖြင့်ကန့်ကွက်နိုင်ကြောင်း ၄င်းတို့ကဆိုသည်။
မဲစာရင်းတွင်အမည်ပါသော်လည်း အချက်အလက်မှားခြင်းနှင့်
စာလုံးပေါင်သတ်ပုံများခြင်းများကိုပါ
သတ်ပုံစံများနှင့်လျှောက်ထားပြင်ဆင်နိုင်ပြီး
အများပြင်ဆင်ချက်များကိုလည်း
နောက်တစ်ကြိမ်ထပ်ကပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်မြို့နယ်တွင် မဲဆန္ဒရှင် ၁၅၇၀၃၈ ဦးရှိကာ မဲစာရင်းစတင်ကပ်သည့်နေတွင် လာရောက်ကြည့်ရှု ၅ရာခိုင်နှုန်းခန့်သာရှိသေးပြီး စိတ်ဝင်စားသူနည်းနေသေးကြောင်း စောင့်ကြည့်သူများကပြောဆိုသည်။

သီဟလွင် ပြည်






0 comments:

Post a Comment

Facebook Like Page