Sunday, June 7, 2015

ကျောင်းနေကလေးများကို အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းမှုပြုလုပ်နေတဲ့ ပြည်မြို့က ပရဟိတလူငယ်တစ်ချို့ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment



ကျောင်းနေကလေးများကို အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းမှုပြုလုပ်နေတဲ့
ပြည်မြို့က ပရဟိတလူငယ်တစ်ချို့

ပြည့်သဲမောင်(ပြည်) 09 4236 71883

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင်ရှိသော တူညီစိတ်ထားညီအကိုများ(ပြည်)၊
ဖြူဖြူစင်စင်ကုသိုလ်ရှင် ဘုရားကြီးသန့်ရှင်းရေးအဖွဲ့နှင့် စေတနာရှင် onlineမှမိတ်ဆွေ
သူငယ်ချင်းများ စုပေါင်းပြီး ကျောင်းနေအရွယ်ကလေးများကို အိမ်တိုင်ရာရောက် လိုက်လံ
လှူဒါန်းမှုပြုလုပ်နေသူ ပရဟိတလူငယ်များအားတွေ့ဆုံမေးမြန်းဖြစ်ပါတယ်။

“ကျွန်တော်တို့ အဖွဲ့က တကယ်ဆင်းရဲနွမ်းပါးပြီး ကျောင်းနေချင်တဲ့ကလေးတွေကို 
အိမ်တိုင်ရာရောက်လိုက်လံလှူဒါန်းမှုတွေပြုလုပ်နေတဲ့အဖွဲ့တွေပါ။ တချို့ကလေးတွေ
ဆိုရင် တော်တော်လေးစိတ်မကောင်းစရာဘ၀အဖြစ်ဆိုးကလေးတွေကို ကျွန်တော်တို့
လှူဒါန်းနေရင်း မြင်တွေ့ရပါတယ်။ အမေကဆုံးသွားပြီးအဖေဖြစ်တဲ့သူက နောက်အိမ်ထောင်နဲ့ 
တစ်ခြားတစ်မြို့ကနေ နှစ်ရက်ခြားတစ်ခါလောက်ပဲငွေလေးတစ်ထောင် ထောင့်ငါးရာလောက်ကို
 ပေးပို့ပါတယ်။ မပို့တဲ့ရက်တွေလည်းရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ ငါးတန်းအရွယ်အမအကြီးဆုံးလေး
က ကျောင်းထွက်ပြီး ငရုတ်သီးခြွေတဲ့ ပွဲရုံမှာ နေ့စားအလုပ်ဝင်လုပ်ပြီး ကျန်တဲ့မောင်လေးနှစ်ယောက်
ကိုကျောင်းထားပေးနေတဲ့အဖြစ်ကလေးတွေကို စိတ်မကောင်းစွာနဲ့တွေ့ရပါတယ်’’ဟု ပရဟိတ
လုပ်ဆောင်နေတဲ့အဖွဲ့သားတွေကပြောသည်။

ပြီးခဲ့တဲ့စနေနေ့က ကျွန်တော်တို့တတွေ ကျူးတဲလေးတွေက ကလေးငယ်လေးတွေ ဆီကိုသွားလှူတော့
ကလေးငယ်လေးတစ်ယောက်ဆို ကျနော်တို့ကိုမြင်တာနဲ့ ငိုပါတယ်။ ငိုတဲ့အကြောင်းအရင်းလေးကတော့
တော်တော်လေးစိတ်မကောင်းစရာလေးဗျာ။ ဖေဖေသားတို့ဒီနေရာကနေ ပြောင်းရဦးမှာလားတဲ့ဗျာ။
အဲဒီလိုမျိုး စိတ်မကောင်းစရာ ကောင်းတဲ့ဘ၀အခြေအနေကကလေးငယ် လေးတွေကိုကျွန်တော်တို့
တတ်နိုင်သလောက်ငွေလေးတွေရယ် စေတနာရှင်တွေရဲ့လှူဒါန်းတဲ့ငွေလေးတွေနဲ့ကျွန်တော်တို့
တတွေ တတ်စွမ်းသလောက်လေး ကူညီလှူဒါန်းနေတာပါ ဟု၎င်းအဖွဲ့သားများကဆက်လက်ပြော
သည်။


အဆိုပါအဖွဲ့သည် ကလေးများအား ကျောင်ဝတ်စုံ ၊ကျောပိုးလွယ်အိတ် ၊ ကျောင်းသုံး
ပစ္စည်းအစုံနှင့်ထီးကအစလှူဒါန်းပြီး ကျောင်းသူ/ကျောင်းသားလေးများ၏ မိသားစုအတွက်
ဆန်တို့ကိုတက်နိုင်သလောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က အခုလက်ရှိလုပ်နေတဲ့ စာနာကူညီမှု လုပ်ငန်းလေးတွေကို လက်တွေကပြပြီး
ကိုယ့်သူငယ်ချင်း တွေကိုအလှူခံရပါတယ်။ကျွန်တော်တို့ရဲ့မှတ်တမ်း ဓါတ်ပုံလေးတွေကိုကြည့်ပြီး သူငယ်ချင်းများက စာနာမှုနဲ့ကူညီ လှူဒါန်းကြပါတယ်’’ဟု အလှူခံရရှိမှု အခြေအနေလေးကိုလဲ
ပြောပြခဲ့သည်။
 
“ကျမတို့က ဒီလိုလှူဒါန်းနေတဲ့ လူတွေနဲ့ အွန်လိုင်းမှာခင်ခွင့်ရပြီး ကလေးတွေရဲ့ပညာရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီချင်စိတ်တွေဖြစ်လာတယ်။ဒါကြောင့် ကျမတို့သား သမီးလေးတွေရဲ့
 ကျောင်းဝတ်စုံလေးတွေ ကျောင်းသုံးပစ္စည်းလေးတွေ စိတ်စေတနာသန့်သန့်နဲ့လှူဒါန်းခဲ့တာပါ’’
ဟုအွန်လိုင်းမှ အလှူရှင်တစ်ဦးကပြောသည်။

အဆိုပါအဖွဲ့သို့ တက်နိုင်သလောက်လှူဒါန်းလိုပါက ကိုကျော်ဇေယျ ၀၉ ၉၇၂၇၆၈၁၁၃ ၊ကိုနန္ဒာ ၀၉ ၂၅၃၅၇၇၇၅၇၊ ကိုးမိုးစက်(ခ)စိုးပိုင် ၀၉ ၂၅၄၇၃၁၅၅၄၊ ကျော်ဇေယျ(ခ)ပွကြီး ၀၉ ၂၅၃၀၇၄၀၈၀ ၊ ကိုအောင်မျိုးလင်း ၀၉ ၇၈၈၈၈၆၆၈ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

သတင်း ပြည့်သဲမောင်(ပြည်) 09 4236 71883
ဓါတ်ပုံ ပရဟိတအဖွဲ့သားများ














0 comments:

Post a Comment

Facebook Like Page