Sunday, May 17, 2015

နိုင်ငံတကာ ယောဂကျင့်စဉ်နေ့အတွက်မေခင်ချော ယောဂကျင့်စဉ်သင်တန်း (ပြည်)တွင်ကြိုတင်ပြင်ဆင်လေ့ကျင့်မှုအဖြစ် အခမဲ့လာရောက်လေ့ကျင့်နိုင် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

နိုင်ငံတကာ ယောဂကျင့်စဉ်နေ့အတွက်မေခင်ချော ယောဂကျင့်စဉ်သင်တန်း
(ပြည်)တွင်ကြိုတင်ပြင်ဆင်လေ့ကျင့်မှုအဖြစ် အခမဲ့လာရောက်လေ့ကျင့်နိုင်
ပြည့်သဲမောင်(ပြည်)09 4236 71883
ဇွန်လ၂၁ရက်နေ့တွင်ကျရောက်သောpreparing for
international yogadayနိုင်ငံတကာယောဂကျင့်စဉ်
နေ့ အတွက်ကြိုတင်ပြင်ဆင်လေ့ကျင့်မှုအဖြစ်မည်သူ
မဆို အခမဲ့(အခမဲ့)လာရောက်ကျေ့င့်နိုင်ကြောင်းသိရ
သည်။
အဆိုပါ နိုင်ငံတကာ ယောဂကျင့်စဉ်နေ့အတွက် မေခင်ချော
ယောဂကျင့်စဉ်သင်တန်း(ပြည်)မှ အပတ်စဉ် တနင်္လာ
နေ့ အင်္ဂါနေ့ ဗုဒ္ဓဟူးနေ့ များတွင် မေလ (၁၈)ရက်နေ့
နံနက် (၅)နာရီ မှ(၇)နာရီအထိ ပြည်မြို့view point
အဆင်း နဝဒေးတံတားအောက် တိုင်အမှတ် ၂ နှင့်၃
အကြားလေကောင်းလေသန့်ရသော ဧရာဝတီမြစ်
ကမ်းနံဘေး သဲသောင်ပြင်တွင် အခမဲ့သင်ကြားပေး
မည်ဖြစ်သည်။
ယောဂကျင့်စဉ်ကိုကျင့်ခြင်းအားဖြင့် အာရုံကျောအား
ကောင်းခြင်းသွေးသားလည်ပတ်မှုကောင်းခြင်း ဝမ်း
တွင်းရှိကလီစာများသန့်လာခြင်း သွေးတိုး ဆီးချို
လေးဘက်နာရောဂါများသက်သာပျောက်ကင်းခြင်း
အမြင်အာရုံအားနည်းသူများအတွက်အထူးကောင်း
မွန်ခြင်းအမျိုးသားများအတွက် ခွန်အားကိုပိုမိုအား
ကောင်းစေပြီးအမျိုးသမီးများအတွက်သွေးလေလည်
်ပတ်မှုရှိကာ စိတ်ပျိုကိုယ်နုသာအကျိုးကျေးဇူးများ
ရရှိကြောင်း လာရောက်လေ့ကျင့်စဉ်မိမိတစ်ကိုယ်စာ
အခင်းယူလာရန်နှင့် သင်တန်းထပ်မံတက်ရောက်လို
သူများအနေဖြင့် ၀၉ ၅၃၆၃၅၉၅ သို့လည်းကောင်း
၀၉ ၉၇၇၃၆၉၉၂၁ သို့ဆက်သွယ်တက်ရောက်
နိုင်ကြောင်းလဲသိရသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883



0 comments:

Post a Comment

Facebook Like Page