Sunday, March 15, 2015

ဖွံ့ဖြိုးတိုးတက်လာသော IT ၊ Accounting နှင့် Finance အခန်းကဏ္ဍများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ

Leave a Comment

“IT၊ Accounting နှင့် Finance အခန်းကဏ္ဍများသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်အရေးပါပြီး မြန်မာနိုင်ငံသားများ အနေဖြင့် အဆိုပါအခန်းကဏ္ဍ အသီးသီးတွင် ကျွမ်းကျင်ပညာရှင်များ အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် လေ့လာမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။”
IT၊ Accounting နှင့် Finance ဘာသာရပ်များကို သြစတေးလျအဆင့်မြင့် တက္ကသိုလ်များထဲတွင် ပါဝင်ပြီး ကမ္ဘာ့တက္ကသိုလ်အဆင့် ၄% တွင်ရှိသော James Cook University (JCU) ၏ စင်ကာပူ Campus တွင်လေ့လာသင်ယူနှိင်ပါသည်။ 





တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး၊ စီးပွားရေးနှင့် အိုင်တီဘာသာရပ်ကိုစိတ်ဝင်စားသူများသည် Pre-University Foundation Program ကို ၈လကြာတက်ရောက်ရမည်ဖြစ်သည်။ Pre-University Foundation Program ပြီးဆုံးပြီး အိုင်တီဘာသာရပ်ကိုတက်ရောက် လေ့လာလိုသူများ သည် Bachelor of Information Technology (Computing and Networking, Interactive Technologies and Games Design) ကို နှစ်နှစ်ကြာတက်ရောက်ရမည်ဖြစ်သည်။ တက်ရောက် အောင်မြင်သူများသည် ကွန်ပြူတာ ဆိုင်ရာလုပ်ငန်းများ၊ web designer ၊ ပရောဂျက်မန်နေဂျာ၊ network designer နှင့် IT researcher တို့အဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်သည်။ 


အဆိုပါ Pre-University Foundation Program ပြီးဆုံးပါက Bachelor of Business (Accounting/Finance) ကို အထူးပြုဘာသာရပ်များအဖြစ် နှစ်နှစ်ကြာတက်ရောက်ရမည်ဖြစ်ပြီး၊ အောင်မြင်ပြီးဆုံးပါက စာရင်းအင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုနယ်ပယ်များတွင် public accounting practice ၊ financial and management accounting ၊system accountant ၊financial officer ၊ management consulting၊ auditor နှင့် policy advisor များအဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်မည်ဖြစ်သည်။
အထက်ဖော်ပြပါ ဘွဲ့ကြိုတန်းတွင် သြစတေးလျနိုင်ငံရှိ JCU Campus သို့ Semester ၂ ခု အထိ အပိုကြေးပေးရန်မလိုအပ်ပဲ သွားရောက်သင်ယူနိုင်ရန်လဲ စီစဉ်ထားပါသည်။
မြန်မာနိုင်ငံမှ အသိအမှတ်ပြု ဘွဲ့တစ်ခုရရှိထားပြီး အဆင့်မြင့်စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို ထပ်မံတက်ရောက်လိုသူများသည် Master of Business Administration၊ စာရင်းအင်း စိတ်ဝင်စားသူများအတွက် Master of Professional Accounting ၊ စာရင်းအင်းနှင့် စီမံခန့်ခွဲမှုဘာသာရပ်ကို ပူးတွဲလေ့လာလိုသူများအတွက် Master of Professional Accounting & Business Administration တို့ကို ၁၆လအတွင်းလေ့လာ ရယူနိုင်မည် ဖြစ်သည်။
အထက်ဖော်ပြပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲအား မတ်လ ၂၁ ရက် ပြည်မြို့ရှိ ဧရာဦးခန်းမ တွင် ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပသွားမှာဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ရန် SR Worldwide Education ဖုန်း ၀၉-၅၄၂၈၈၄၈ နှင့် ၀၉-၅၄၃၈၈၄၈ တို့ကို ဆက်သွယ်စုံးစမ်းနိုင်ပါတယ်။

0 comments:

Post a Comment

Facebook Like Page