Sunday, March 15, 2015

တိမ်ကောပျောက်ကွယ်တော့မည့်ဖက်သက္ကယ်လုပ်ငန်း

Leave a Comment
တိမ်ကောပျောက်ကွယ်တော့မည့်ဖက်သက္ကယ်လုပ်ငန်း
ပြည် - မတ် -၁၂
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ်အတွင်း မှော်ဇာအုပ်စု/ရွှေကြို့ပင်ကျေးရွာတွင် ဖက်သက္ကယ်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုလုပ်သူများလုပ်ငန်းနှောင့်နှေးလျှက်
ရှိသည်။ အဆိုပါကျေးရွာလေးတွင် အိမ်ခြေ ၇၀-ခန့်ရှိရာ ဖက်သက္ကယ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ၁၀-အိမ်ခန့်သာရှိကြောင်းသိရပြီး ကျန်အိမ်များမှာ တောင်/ယာ
ခြံ စိုက်ပျိုးရေးလုပ်ငန်းများတွင် သူရင်းငှား(နေ့စား)ဖြင့် လုပ်ကိုင်ကြောင်းသိရသည်။

"ဖက်သက္ကယ်လုပ်ငန်းက အရင်ကနဲ့မတူတော့ဘူး အရမ်းတိမ်ကောနေပြီ ၀ါးသက္ကယ် တွေတောင် သိပ်မသုံးကြတော့ဘူး သွပ်မိုးတဲ့အိမ်တွေအရမ်းများလာတော့ အမေတို့လုပ်ငန်း
ကကြာရင်တိမ်ကောတော့မယ် ခုချိန်ထိတော့ တနေ့ သုံးထောင်ကျပ်လောက်တော့ဝင်ငွေရတယ် မိသားစုက ငါးယောက်ရှိတယ်မလုံလောက်ပေမယ့် ဖြစ်သလိုစားရတာပေါ့ အဲဒိကြား
ထဲ ရေကပါရှားပါးလာတော့ အခက်ခဲမျိုးစုံနဲ့ရင်ဆိုင်နေရတာပေါ့" ဟု ဖက်သက္ကယ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်သူ ဒေါ်တင်မြင့်စိန် မှပြောကြားသည်။
ဖက်သက္ကယ်တပျစ်ရဖို့အတွက် နံနက်ပိုင်း ၄-နာရီခန့်မှာ မိမိတို့နေအိမ်မှ ၃-မိုင်ကျော်ကွာဝေးတဲ့တောလမ်းခရီးကို ခြေလျှင်ခရီးဖြင့် သွားရောက်ကာ ဖက်ကောက်ခြင်း၊ဖက်စီးခြင်း၊
များပြုလုပ်ကာ မိမိတို့နေထိုင်ရာ ကျေးရွာများသို့ ရရှိထားတဲ့ဖက်များကိုသယ်ယူလာခဲ့ကြရသည်။ ထို့နောက် နေအိမ်ရောက်တော့ ဖက်များအားရေဖြန်း၍ ဖက်ချိုးခြင်း၊ဖက်ထပ်ခြင်း
များပြုလုပ်ထားရှိကာ ခေတ္တခဏစောင့်ဆိုင်းပြီး သက္ကယ်တံ(တုတ်ချောင်းအသေး)ပေါ်တွင် စနစ်တကျ စီတန်းကာ နှီးဖြင့် သက္ကယ်ရက်လုပ်ခြင်းများကိုပြုလုပ်ခဲ့ကြသည်။
" တချိန်တုန်းက ဖက်ကောက်တာကို သစ်တောကခွင့်မပြုခဲ့ဘူး ခိုးကောက်ရတယ် မိရင်သစ်တောစောင့်တဲ့ ရဲ တွေက ဖမ်းပြီး မြက်တွေကို သန့်ရှင်းရေးလုပ်ခိုင်းတယ် အပင်တွေ
စိုက်ခိုင်းတယ် တောထဲဓားယူခွင့်မပြုဘူး သူတို့အပင်တွေကိုခုတ်မျာဆိုးလို့တဲ့ အခုတော့အဲလိုမဟုတ်တော့ဘူး ဖက်ကောက်ခွင့်ရတယ်ပဲဆိုပါတော့ ဓားကတော့ယူခွင့်မရသေးဘူး
ဝမ်းရေးအဆင်ပြေအောင် အားလုံးနဲ့တည့်အောင်နေရတယ် ဖက်လုပ်ငန်းမလုပ်တတ်သူတွေကတော့ သူများခြံတွေထဲမှာ သူရင်းငှားလုပ်ကြပါတယ်"ဟု ဒေသခံဖက်ကောက်သူ
တစ်ဦးမှ ပြောကြားသည်။
လတ်တလော ဖက်သက္ကယ်တစ်ပျစ်(တချောင်း)ကို သုံးဆယ်ကျပ်ဖြင့် ဖက်သက္ကယ်ဒိုင်များတွင် ပေးသွင်းရပြီး ဖတ်သက္ကယ်ဒိုင်များမှာ ဖက်သက္ကယ်တစ်ပျစ်လျှင် ၄၀-ကျပ်အထိ
ရောင်းချလျှက်ရှိကြောင်းသိရသည်။မြန်မာနိုင်ငံရှိ တော/ရွာဒေသအနှံ့အပြားတွင် ၂၀၀၀-ခုနှစ်နောက်ပိုင်းမှ စ၍ အိမ်တိုင်းလိုလို အနည်းဆုံး နှီးသက္ကယ်(၀ါးသက္ကယ်)များကိုအိမ်အ
မိုးဖြင့်တည်ဆောက်လာခဲ့ကြရာ ငွေကြေးအနည်းငယ်ပြည်စုံသူများမှာ သွပ်ဖြင့်သာအိမ်မိုးခြင်းများကို ဆောက်လုပ်ကြခဲ့သည်။ တိမ်ကောပျောက်ကွယ်လုဖြစ်နေသော ဖက်သက္ကယ်
လုပ်ငန်းများ၊ဖက်သက္ကယ်များမှာ ၂၀၁၅-ခုနှစ် ကျော်လျှင် မြင်နိုင်ဖွယ်ရာမရှိတော့ပေ။
k3(pyay)
ဒီမိုကရေစီတူဒေး
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page