Sunday, March 15, 2015

ဘုန်းမော် ၂၇နှစ်ပြည့်နှင့် ကျောင်းသားသပိတ်အတွက်ဆုတောင်း တစ်ကိုယ်တော် ရှေ့နေကြီးပြုလုပ်ခဲ့

Leave a Comment
ဘုန်းမော် ၂၇နှစ်ပြည့်နှင့် ကျောင်းသားသပိတ်အတွက်ဆုတောင်း တစ်ကိုယ်တော် ရှေ့နေကြီးပြုလုပ်ခဲ့
ပြည်- မတ်- ၁၃
ကျောင်းသားဘုန်းမော် သေဆုံးခြင်း ၂၇နှစ်မြောက်အနေဖြင့်၎င်း၊ပြီးခဲ့တဲ့ မတ်လ ၁၀-ရက် ၁၀-နာရီတွင် လက်ပံတန်းရှိ ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းအား
အကြမ်းဖက်ဖြိုခွဲခံရမှု့များကြောင့် အစိုးရအားပြစ်တင်ရှံ့ချသောအနေဖြင့် အကျီအနက်ရောင် ၇-ရက်ဝတ်ဆင်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ဦးကျော်သူတို့ အစိုးရ
အားပြစ်တင်ရှံ့ချသောအနေဖြင့် Black Campain ပြုလုပ်သည့်အတိုင်းပြုလုပ်ခြင်း တစ်ကိုယ်တော်ဆုတောင်းမှုများကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ကျောင်းကြီး
အိုးတန်းရပ် တပ်လမ်းနေထိုင်သူ ဦးမြင့်အေး(တရားလွှတ်တော်ရှေ့နေ)သည် နေအိမ်မှ တစ်ကိုယ်တော်ဆုတောင်းခြင်းပြုလုပ်ရန်အတွက် ပန်းစီးများ/အောင်သပြေပန်းများ
ကိုင်ဆောင်ကာ မတ်-လ ၁၃-ရက်နေ့ ညနေ ၅း၃၀ မိနစ်အချိန်ခန့်တွင်စတင်ထွက်ခွာလာခဲ့ကြောင်းသိရသည်။

" တက္ကသိုလ်ကျောင်းသား ဘုန်းမော်ဆိုတဲ့ကျောင်းသားလေး စစ်အာဏာရှင်တွေကြောင့်သေဆုံးတာ အခု ၂၇-နှစ်ပြည့်မြောက်ခဲ့ပြီ မတ်လ ၁၀-ရက် ၁၀-နာရီမှာလည်း
လက်ပံတန်းက ကျောင်းသားခေါင်းဆောင်တွေ၊ကျောင်းသား/သူတွေ၊ သူတို့ကိုဝန်းရံပေးတဲ့ ပြည်သူတွေ၊လယ်သမားတွေကို အကြမ်းဖက်ဖြိုခွဲခံရတယ် ကျွန်တော့အသက်
၇၄-နှစ်ပါ ဦးသန့်အရေးအခင်းကတည်းက ယနေ့အထိမကောင်းတဲ့အစိုးရနဲ့ ယခုဘ၀တင်မက နောင်ဘ၀အဆက်ဆက်အတွက် မကြုံတွေ့ဖို့ရယ် ဘုန်းမော်ဆိုတဲ့တက္ကသိုလ်
ကျောင်းသားလေး ကောင်းရာမွန်ရာရောက်နိုင်ဖို့ရယ်၊မတ်လ ၁၀-ရက် ၁၀-နာရီမှာလည်းလက်ပံတန်းက ကျောင်းသားခေါင်းဆောင်တွေ၊ကျောင်းသား/သူတွေ၊ သူတို့ကိုဝန်း
ရံပေးတဲ့ ပြည်သူတွေ၊လယ်သမားတွေကို အကြမ်းဖက်ဖြိုခွဲခံရပြီး ထောင်ကျနေတဲ့သူတွေ အမြန်ဆုံးလွတ်ဖို့အတွက်အခုလို ဘုရားမှာဆုလာတောင်းတာဖြစ်ပါတယ်" ဟု
ဦးမြင့်အေး(တရားလွှတ်တော်ရှေ့နေ)မှ ပြောသည်။
တစ်ကိုယ်တော် ဆုတောင်းမှုပြုလုပ်ရန် ပန်းစည်းကိုင် လမ်းလျှောက်လာတဲ့ ဦးမြင့်အေး ကိစ္စနှင့်ပတ်သက်၍ အရေးယူမှုတစ်စုံတစ်ရာရှိမရှိ ဆက်သွယ်မေးမြန်းရာ မြန်သည့်
အရေးယူမှုမျိုးမှ မပြုလုပ်ပါကြောင်း ပြည်မြို့မှစခန်းမှသိရသည်။
အဆိုပါတစ်ကိုယ်တော် ဗလပ်ကင်ပိန်းနှင့်ဆုတောင်းခြင်းပြုလုပ်မည့်အကြောင်းကို သက်ဆိုင်ရာဌာနသို့ သတင်းပေးပို့ခဲ့ပြီှး ပြည်ရွှေဆံတော်ဘုရားကြီးရင်ပြင်တော်ပေါ်ရှိ ဒုတိယ
(အတွင်း)အောင်မြေတွင် မတ်လ-၁၃-ရက်နေ့ ဆုတောင်းခြင်းများပြုလုပ်ခဲ့သည်။ နေအိမ်မှ ရွှေဆံတော်ဘုရားသို့ လမ်းလျှောက်လာခဲ့ပြီး ဆုတောင်းခြင်းများပြီးဆုံးပြီးနေအိမ်အထိ
ပြန်အရောက် ၆-နာရီတိတိမှပြီးဆုံးခဲ့ပြီး လမ်းခရီးတစ်လျှောက် တားဆီးမှုတစ်စုံတရာမရှိကြောင်း သိရသည်။
k3(pyay)
ဒီမိုကရေစီတူဒေး
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page