နောက်ဆုံးရသတင်းပါ
##############
ပေါင်မှာအင်းကွက်တွေပါတယ်တဲ့
ကတုံးကြီးနဲ့တဲ့
ခုမြင်ခုပျောက် ဘာဆေးတွေပေါက်ပြီး
စွမ်းနေလည်းတော့မသိဘူး ထူးခြား
တာတော့အမှန်ပါပဲ ပညာတခုကို
မကောင်းတဲ့ဘက်မှာ အသုံးချသလိုဖြစ်
နေတယ်စဉ်းစားရခက်နေတဲ့ အရပ်ထဲက
စကားသံတွေ ကျတော်မမြင်ရပေမယ့်
မြင်ရတဲ့သူတွေမေးကြည့်တော့လည်း
တစ်ရပ်ကွက်လုံးမကဘူး
သတင်းတော့သတင်းပဲ ထူးဆန်းနေတဲ့သတင်း
အတည်ပြုလို့မရသေးတဲ့သတင်း မျက်ဝါးထင်ထင်
မြင်ရတဲ့သူတွေလည်းရှိနေတယ် အရမ်းရှုပ်နေတဲ့
သတင်းပါ အဲဒါတွေမဖြစ်ခင် အရပ်စကားအရပြော
တာတွေဒီလိုရှိနေတယ် မန္တလေးဘက်မှာလည်းသိပ်
မကြာခင် လပိုင်းလောက်က ဒီလိုအဖြစ်တွေဖြစ်နေ
ခဲ့တယ် ယခုပြည်မြို့ ခေတ္တရာမြို့သစ်
ရွှေတံခါးဘက်မှာ လပိုင်းလောက်က
ဒီလိုမျိုးဖြစ်ခဲ့တယ် ယခု ရတနာထီးဖြူ
စကားတောင် ဆင်စု ပုထိုးကြီး ပွင့်လှသိပ်ကုန်းဘက်
မှာ အခုလိုလေးတွေဖြစ်နေတယ် အာဏာပိုင်နဲ့
ပြည်သူပူးပေါင်းရှာလည်းမရဘူးဖြစ်နေတယ်
နှာဘူးသူခိုးပါ ပစ္စည်းမခိုးဘူး ကတုံးနဲ့ဆေးမှင်ကြောင်တွေပါတယ်
အမျိုးသမီးအိမ်တွေကိုပဲကပ်တာ ခြင်ထောင်လှန်တယ်
ပွင့်လှသိမ်ကုန်း ရယ် စကားတောင်ရယ် ပုထိုးကြီးရယ်
ဆင်စုနယ်မြေတစ်ဝိုက် ၅ရက်လောက်ရှိနေပြီ
သူခိုးဖမ်းသူတွေက မိန်းခလေးယောက်ကျား
လေးစုံရော ကလေးလူကြီး တုတ်ဓားအစုံ
ပါပဲ အခုလေးတင်မိလိုက်ရိုက်မယ်ပြင်တော့
ပျောက်သွားလိုက် အုတ်တံတိုင်း မမြင့်တွေလည်း
လွှားကနဲခုန်ပျံလိုက်နဲ့ ခုချိန်ထိ ဖမ်းမမိသေးဘူး
ညဆိုရင် ၈နာရီလောက်ဆိုစပြီ လမ်းတိုင်းလိုလို
စည်းကားလိုက်တာဗျာ အဲသူခိုးကလည်း
မိန်းကလေးရှိတဲ့အိမ်မှကပ်တာ ရိုးရိုးပြောရရင်
ခြင်ထောင်လန် ဟိုနိုက်ဒီနိုက်ပေါ့
ခုမြင် ခုပျောက်နဲ့ ဘာမှန်းကိုမသိရတာ လောလော
ဆယ် ဆင်စုနယ်မြေတခုလုံး ပွဲတော်ကြီးအလား
စည်းကားစွားနဲ့ သူခိုးဖမ်းပွဲ ကျင်းပနေကြောင်း
သိရပါတယ် :) အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ယနေ့
ညနေ ၄း၀၀ အချိန်တွင် ပြည်မြို့မ ရဲစခန်းတွင်
သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟုသိရပါတယ်
ဘာပဲဖြစ်ဖြစ် အနားက ကလေးတွေနဲ့ မိမိနေရာလေး
အတွက်ကင်းစောင့်နေရပါပြီ
ပြည်သတင်းလူငယ်(ပြည်သတင်)
09253311019
0 comments:
Post a Comment