Thursday, December 11, 2014

စစ်မှန်သောဒီမိုကရေစီနှင့်တိုင်းရင်းသားများကိုယ်ပိုင်ပြဌာန်းခွင့်ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်မှသာ ပါတီနိုင်ငံရေးကို စဉ်းစားမည် ဟု UNDO ဗဟိုအဖွဲ့ပြောကြား

Leave a Comment

ပြည်၊ ဒီဇင်ဘာ ၃

စစ်မှန်သောဒီမိုကရေစီနှင့်တိုင်းရင်းသားများကိုယ်ပိုင်ပြဌာန်းခွင့်ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်မှသာ ပါတီနိုင်ငံရေးကို စဉ်းစားမည် ဟု UNDO ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များကပြောကြားခဲ့သည်။

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ၆ မြို့နယ်တွင်း ညီညွှတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့(UNDO) ၏ စည်းရုံးရေးအဖွဲ့များစတင်ဖွဲ့စည်းခြင်းနှင့် ဒေသခံများ၏ပြသာနာများတင်ပြဆွေးနွေးခြင်းအစီစဉ်တစ်ရပ်ကိုပြည်မြို့၊ ရုံးလမ်း တွင် ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီကစတင်ပြုလုပ်ခဲ့ပြီး UNDO ဗဟိုအလုပ်မှုဆောင်အဖွဲ့များ နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်)၊ အခြားနိုင်ငံရေးအင်အားစုများ၊ မြို့နယ်ကိုယ်စားပြုအဖွဲ့များတက်ရောက်ခဲ့ကြပြီး ဒေသတွင်းကြုံတွေ့နေရသည့် လယ်ယာမြေပြသာနာများ၊ အလုပ်သမားပြသာနာများ၊ နိုင်ငံရေးလှုပ်ရှားမှုများကို အပြန်လှန်ဆွေးနွေးခဲ့ပြီး ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီချိန်မှာတော့ကျွန်တ်ာတို့အဖွဲ့ကိုလွှတ်တော်ပြင်ပနိုင်ငံရေးကိုပဲလုပ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာပြည်သူလူထုအတွက်မဟုတ်ဘဲ လူတစ်စုအတွက်ရေးဆွဲထားတာဖြစ်လို့ ပါတီထောင်လွှတ်တော် ထဲဝင်မယ်ဆိုရင် ဒီဥပဒေကိုလေးစားလိုက်နာပါမယ်ဆိုတာကို ပေးရမှာပါ၊ ဒီအဖွဲ့ကိုထူထောင်တာမှာလည်း ၉၀ ရွှေးကောက်ပွဲလွှတ်တော်ကိုယ်စားလှယ်တွေလည်းပါပါတယ် ကျွန်တော်တို့နဲ့ ရည်ရွယ်ချက်တူတဲ့လူတွေ အဖွဲ့တွေနဲ့ လက်တွဲပြီးအားကောင်းတဲ့အဖွဲ့အဖြစ် အမျိုးသားနိုင်ငံရေးကိုထူထောင်သွားမယ်၊ ကျွန်တော်တို့ အဓိကရည်ရွယ်ချက်ထဲမှာတော့ စစ်မှန်တဲ့ဒီမိုကရေစီကိုအခြေခံပြီး တိုင်းရင်းလူမျိုးပေါင်းစုံပါဝင်တဲ့ ကိုယ်ပိုင် ပြဌာန်းနိုင်တဲ့၏ဖယ်ဒရယ်ပြည်ထောင်စု တစ်ရပ်ပေါ်ထွန်းလာရေး လုပ်ဆောင်သွားမယ် တိုင်းရင်းသားတွေ ဘက်ကလည်းသဘောတူညီမှုရရှိထားပါတယ်၊” ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဟုအတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်ကပြောသည်။

ယင်းအဖွဲ့အား ပြည်တွင်းပြည်ပနိုင်ငံရေးအင်အားစုများနှင့်ဖွဲ့စည်းထားပြီး ပြည်နယ်နှင့်တိုင်း၊ မြို့နယ်များတွင် လုပ်ငန်းအဖွဲ့များဆက်လက်ဖွဲ့စည်းကာ အခြားမဟာမိတ်နိုင်ငံရေးအဖွဲ့စည်များ၊ လူမှုရေးအဖွဲ့စည်းများ ဖြင့် ပူးပေါင်းလက်တွဲ ၍ အမျိုးသားညီညွှတ်ရေးအင်အားစု ထူထောင်ပြီးမြန်မာနိုင်ငံရေး၏ လိုအပ်သည့်အခန်း ကဏ္ဍများတွင်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားများဖြင့်လည်း ၂ ကြိမ်တိုင်ဆွေးနွေး သဘောတူညီမှုများပြုလုပ်ထားကြောင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များကပြောသည်။

"ကျွန်တော်တို့အနေနဲ့ ဒီအဖွဲ့ရည်ရွယ်ချက်ကိုထောက်ခံတယ် ကိုယ်စားပြုမဟုတ်ရင်တောင် တစ်ဦးတည်းအနေနဲ့ တတ်နိုင်သလောက်ကူညီသွားမယ်" ဟုရွှေတောင်မြို့မှဦးလှထွန်းကပြောသည်။

အခမ်းနားသို့ မြို့နယ်အသီးသီမှ နိုင်ငံရေးအင်အားစုများ အရက်ဘက်အဖွဲ့များ စုစုပေါင်း ၅၀ ခန့်တက်ရောက်ခဲ့ကြပြီး အဓိကပြသာနာများဖြစ်သည့် လူ့အခွင့်ရေးချိုးဖောက်ခံနေရမှုများ လယ်ယာမြေပြသာနာများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်းသိရသည်။

သရေခေတ္တရာ သတင်းမီဒီယာ

0 comments:

Post a Comment

Facebook Like Page