မကြာသေး မီအချိန်က ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်ဒေသစာရင်းဝင်အဖြစ် သတ် မှတ်ခြင်းခံခဲ့ရသည့် ပြည်မြို့ သရေ ခေတ္တရာပျူမြို့ဟောင်းကို ခုတုံးလုပ် ကာ စီးပွားရေးလုပ်ငန်းရှင်အချို့က မြေကွက်ဈေးကစားမှုတစ်ခုကို ပြုလုပ် ခဲ့ကြောင်း သိရသည်။
သရေခေတ္တရာပျူမြို့ဟောင်းမှော်ဇာကျေးရွာအနီး မြေကွက်များ မှာ ယခင်က မြေကွက်အရောင်းအ ဝယ်နည်းပါးခဲ့ပြီး၊ အဆိုပါမြေကွက် အရောင်းအဝယ်ဈေးနှုန်းများမှာ လည်း ပေ ၄ဝxပေ ၈ဝမြေတစ်ကွက် လျှင် ကျပ်ငါးသိန်းသာရှိခဲ့ရာမှ အ မွေအနှစ်ဒေသစာရင်းဝင်အဖြစ် သတ် မှတ်ခံရပြီးနောက်ပိုင်းတွင်မူ ယင်း မြေကွက်များမှာ ကျပ်သိန်း ၅ဝထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ပြည်မြို့ရှိသရေခေတ္တရာ ပျူမြို့ ဟောင်းကို ယူနက်စကိုမှ ကမ္ဘာ့ယဉ် ကျေးမှုအမွေအနှစ်ဒေသစာရင်း ဝင်အဖြစ် အသိမှတ်ပြုသတ်မှတ်ခဲ့ ပြီးနောက်ပိုင်းတွင် ယင်းပတ်ဝန်းကျင် တွင်ရှိသောမြေကွက်များကို စီးပွား ရေးသမားအချို့နှင့်ပွဲစားအချို့က စီးပွားရေးလှည့်ကွက်တစ်ခုဖြစ်သည့် မြေကွက်ဈေးကစားခြင်းနှင့်မြေဈေး ကစားမှုများကို မှော်ဇာကျေးရွာအ နီးနှင့်ပြည်ရွှေတံခါးရပ်ကွက်အနီး တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
''ကမ္ဘာ့အမွေအနှစ်စာရင်းဝင် တာဂုဏ်ယူစရာပါ။ ဒါပေမဲ့ပွဲစားတွေ နဲ့စီးပွားရေးသမားတွေက ဝင်နှောက် ကြတယ်။ ဒီနေရာမှာရင်းနှီးရင် အကျိုး အမြတ်ရမယ်။ မြေကွက်တွေမ ရောင်းရောင်းအောင် ညွှန်းကြတယ်။ မသိတဲ့သူတွေကလဲ ဝယ်ကြတယ်။အရောင်းအဝယ်မဖြစ်တာတွေလဲ ရှိတယ်။ ဒေသခံတွေနားလည်အောင် လို့တော့ ရှေးဟောင်းဇုန်ဥပဒေနဲ့ပတ် သက်ပြီးရှင်းပြတယ်။ ခုတော့ယခင် ထက် ၁ဝဆခန့်မြင့်တက်ခဲ့တဲ့ ဒီအနီး အနားက မြေဈေးနှုန်းတွေတော့ ပုံမှန်အခြေအနေတစ်ခုကို ရောက်ရှိ သွားပါပြီ''ဟု သရေခေတ္တရာအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ဦးဇင်သိန်းက ဆိုသည်။
သရေခေတ္တရာပျူမြို့ဟောင်း အနီး ဟိုတယ်၊ မိုတယ်နှင့်တည်းခို ခန်းများဆောက်လုပ်ခွင့်ကို တား မြစ်ထားသော်လည်းစီးပွားရေးလုပ် ငန်းရှင်များ၊ မြေယာပွဲစားအချို့သည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသစာရင်းဝင်မှုကို အခွင့်ကောင်းယူ ကာ စီးပွားရေး လှည့်ကွက်တစ်ခုအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ သို့သော်ယခု အခါ ယင်းရှေးဟောင်းအမွေအနှစ် များနှင့်ပတ်သက်သော စည်းကမ်းများ ကို ပြည်သူအချို့ကသိရှိနားလည်ခဲ့ ပြီဖြစ်သည့်အတွက် ယခုအချိန်တွင် မြေကွက်ဈေးနှုန်းများ ပုံမှန်အခြေ အနေသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း ဒေသခံများ၏ပြောပြ ချက်အရ သိရသည်။
မြေဈေးနှုန်းမြင့်တက်ခြင်းနှင့် ပတ်သက်ပြီး ပြည်မြို့မှရှေးဟောင်း သုတေသနပညာလေ့လာသူတစ်ဦး က''ရှေးဟောင်းဇုန်လို့ သတ်မှတ် လိုက်တာနဲ့သူနဲ့ပတ်သက်တဲ့ စည်း ကမ်းတွေ ဥပဒေတွေကသတ်မှတ်ပြီး သားပါ။ ဥပဒေနဲ့ငြိစွန်းရင် ဥပဒေ အရအရေးယူမှာပဲ။ တကယ်မသိ လို့ပဲဝယ်လားတော့မသိဘူး။ ဟိုတယ် ဆောက်ဖို့မြေကွက်လာဝယ်တဲ့သူ တွေလဲ ရှိတယ်။ လေရောင်းလေ ဝယ်လုပ်နေတဲ့သူတွေလဲ ရှိတယ်။ ဒါပေမဲ့ လုပ်လို့မရမှန်းလဲ သိသွား ရော ခုဆိုဝယ်မယ့်မေးမယ့်သူတောင် မရှိတော့တဲ့အတွက် မြေဈေးကလဲ ပြန်ငြိမ်သွားတဲ့အခြေအနေမှာရှိပါ တယ်''ဟု ဆိုသည်။
လက်ရှိတွင် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အ ဖြစ်သတ်မှတ်ခံထားရသော ပျူမြို့ ဟောင်းနေရာများအပြင် ရှေးဟောင်း ဇုန် ၄၆ဇုန်နေရာများတွင် ရှေးဟောင်း အဆောက်အအုံမြင်ကွင်းကို ဖုံးကွယ် စေနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပိတ်ပင်ထားကြောင်း သိရသည်။
''ယဉ်ကျေးမှုဇုန်းအတွင်းမှာ အ ထပ်မြင့်တွေ ဆောက်လို့မရဘူး။ ဟို တယ်တွေ၊ မိုတယ်တွေ၊ တည်းခိုခန်း တွေလဲ ဆောက်ခွင့်မရှိဘူး၊ ဆောက် မယ်ဆိုရင် ရှေးဟောင်းဥပဒေနဲ့ငြိ စွန်းတယ်။ မြေကွက်ဈေးနှုန်းအဆ မတန်ပေးဝယ်လဲ ဘာမှလုပ်လို့မရ ဘူး။ စီးပွားရေးသမားတွေ သူတို့အ ချင်းချင်း ကစားကြတာပဲဖြစ်ဖို့များ တယ်''ဟု သရေခေတ္တရာပျူမြို့ ဟောင်းယဉ်ကျေးမှုဇုန်မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
သရေခေတ္တရာပျူမြို့ဟောင်း အပါအဝင်၊ ဗိဿနိုးမြို့ဟောင်း၊ ဟန် လင်းမြို့ဟောင်းတို့ကို ၂ဝ၁၄ခုနှစ် ဇူလိုင် ၂၂ရက်၌ ယူနက်စကိုမှ ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသစာရင်း ဝင်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TGT
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
ပြည်သတင်း - 09 430 47862
0 comments:
Post a Comment