Thursday, December 4, 2014

ပြည်မြို့၊ န၀ဒေးသကြားစက်မှ စက်ရုံကတ္တားအလေးချိန်မှားယွင်းချိန်ခဲ့သည့်အတွက် စက်ရုံတာဝန်ရှိသူမှ တောင်သူများနှင့်ကားသမားများအားတောင်းပန် ပြည့်သဲမောင်(ပြည်)

Leave a Comment


ပြည်မြို့၊ န၀ဒေးသကြားစက်မှ စက်ရုံကတ္တားအလေးချိန်မှားယွင်းချိန်ခဲ့သည့်အတွက်
စက်ရုံတာဝန်ရှိသူမှ တောင်သူများနှင့်ကားသမားများအားတောင်းပန်

 ပြည့်သဲမောင်(ပြည်)




ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ၊ န၀ဒေးသကြားစက်သို့ ကြံလာရောက်ရောင်း
ချသော ကားများကို သတ်မှတ်ထားသည့် ရောင်းချရမည့်ရက်ထက် တစ်ရက်စောနေ
သဖြင့် ပေါက်ခေါင်းမြို့နယ်ရှိ ကားများအား  ကြံစိုက်ပျိုး ရေးတာဝန်ခံ မင်းကျော်ဦးဆိုသူမှ ကြံကားတစ်စီးလျှင် ဒဏ်ငွေ (၁၀၀၀၀ိ/-) ပေးဆောင်ရန် ကြံကား(၆)စီးကို တောင်းခဲ့ သည်။
ထိုသို့ကြံကား (၆)စီးအား ဒဏ်ငွေ (၁၀၀၀၀ိ/-)တောင်းခဲ့သည့်အတွက် ကားသမားများမှ မပေးနိုင်ကြောင်းပြောဆို ရာတွင် မင်းကျော်ဦးဆိုသူမှ ပိုက်ဆံမပေးနိုင်သောကားများကို
ပြန်ခိုင်းခဲ့သည်။ ထိုသို့ပြန်ခိုင်းရာ အခြားကြံကားများပါ စက်ရုံသို့ကြံမရောင်းချတော့ဘဲ 
ကား (၉)စီးပြန်ထွက်စဉ် ကြံဝယ်အရာရှိဦးကြည်ဝင်းနှင့် ဒိုင်မှူးအချို့မှ မပြန်ရန်ပြောဆိုပြီး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ကြံတောင်သူများနှင့် ကားသမားများထံမှ ကြားသိရသည်။
ကြံဝယ်အရာရှိ ဦးကြည်ဝင်းနှင့် ဒိုင်မှူးအချို့မှ မိမိတို့စက်ရုံတွင်သာ ကြံရောင်းချရန်ပြော
ခဲ့သဖြင့် ကားသမားများ နှင့် ကြံတောင်သူအချို့က ကတ္တားအလေးချိန်မမှန်ကြောင်းထပ်မံ
ပြောခဲ့ပြီး ကတ္တားအလေးချိန်မှန်မှသာ ကြံရောင်းချမည် ဟု ပြောဆိုခဲ့သဖြင့် န၀ဒေးသကြား
စက်တာဝန်ရှိသူမစ္စတာအမွန်လတ်မှ ၄င်း၏ကားဖြင့် သကြားအိတ်များတင်ဆောင်ပြီးကတ္တား
အလေးချိန်အား တိကျမှုရှိ/မရှိ၊ စမ်းသပ်ကြည့်ရာတွင် ကတ္တားအလေးချိန်မှားယွင်းနေကြောင်း
တွေ့ရှိရသည့် အတွက် မစ္စတာအမွန်လတ်မှ မိမိတို့ကတ္တားအလေးချိန်သည် မှားယွင်းနေကြောင်း
ဝန်ခံပြောဆိုပြီး နောက်နောင် ယခုကဲ့ သို့သော အလေးချိန်မမှန်ခြင်း၊ ကတ္တားကွာခြားမှုမရှိစေ
ရန် ကြံတောင်သူများနှင့် ကားသမားများထံသို့ ကတိပြုခဲ့ကြောင်း ကြံတောင်သူများနှင့် ကားသ
မားများထံမှ သတင်းစကားကြားသိရသည်။
    

 သတင်း ပြည့်သဲမောင် (ပြည်)
                                                                             

                                                                                                         

0 comments:

Post a Comment

Facebook Like Page