Tuesday, December 16, 2014

ကွမ်းယာစားသုံးမှု လျှော့ချဖို့ အခွန်ကောက်မည်

Leave a Comment


မြန်မာနိုင်ငံမှာ ကွမ်းယာဆိုင်တွေကို အခွန်ကောက်ဖို့နဲ့ ကွမ်းယာသုံး ဆေးဝါးတွေကို ထပ်ဆောင်း အခွန်ကောက်ဖို့ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက တောင်းဆိုလိုက်ပါတယ်။

“ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ဆိုရင် အစိုးရက ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတင်သွင်းသူနဲ့ ထုတ်လုပ်သူတွေကို ကောက်တဲ့အပြင် ထပ်ဆောင်း အခွန်ဆိုပြီး ၂ ရာခိုင်နှုန်း ထပ်ကောက်တယ်။ ထိုင်းမှာ ဆိုရင်တော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးအပြင် အရက်၊ ဘီယာတွေကိုလည်း အဲဒီလို လုပ်တယ်။ စစ်တမ်းတွေအရ သူတို့ဆီမှာ သုံးစွဲမှုနှုန်းတွေ ကျတယ်။ ဒီမှာလည်း သုံစွဲမှုနှုန်းကျအောင် အဲ့လို လုပ်ရမယ်”လို့ အဲဒီဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာ သန်းစိန်က ပြောပါတယ်။

လက်ရှိမှာတော့ ကွမ်းယာဆိုင်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိုင်ခန်း အခွန်ကောက်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဆီကနေ သိရပါတယ်။

“ကွမ်းယာဆိုင်တွေကို အခွန်ကောက်ဖို့ စီစဉ်ထားတာ မရှိသေးဘူး။ ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းခြောက်မျိုး အပါအဝင် အထူးကုန်စည် ၁၈ မျိုးကို ဥပဒေ သက်သက်နဲ့ ကောက်ဖို့ ရေးနေတယ်”လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ဆိုပါတယ်။

ကွမ်းယာထုတ် ပစ္စည်းတွေဟာ ဘူး၊ ပုလင်းတို့နဲ့ မလုပ်ထားလို့ အခွန်အမှတ်တံဆိပ်နဲ့ ကောက်ဖို့ ခက်မယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကွမ်းယာ စားသုံးနေတာဟာ နှစ်တိုင်း တိုးတက်နေပြီး သတ္တမတန်းကနေ ဒသမတန်း ကျောင်းသား ငါးဦးမှာ တစ်ဦးဟာ ကွမ်းယာ စားသုံးလျက်ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ၂၀၁၁ ခုနှစ် လေ့လာချက်တွေအရ သိရပါတယ်။

ကွမ်းယာဆိုင်တစ်ဆိုင်ရဲ့ တစ်ရက်ရောင်းရငွေဟာ ကျပ်တစ်သောင်းခွဲကနေ ခြောက်သောင်းအထိ ရှိတယ်လို့လည်း ကွမ်းယာဆိုင်ရှင် တချို့ဆီကနေ သိရပါတယ်။

The Voice Weekly

ပြည်သတင်း - 09 430 47862

0 comments:

Post a Comment

Facebook Like Page