Friday, November 7, 2014

ရွှေတောင်မြို့နယ်ပညာရေးအတွက်နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သောကျောင်းများအဆင့်မီရေးဆန္ဒထုတ်ဖော်

Leave a Comment


ရွှေတောင်မြို့နယ်ပညာရေးအတွက်နိုင်ငံတော်ဘတ်ဂျက်ဖြင့်
ဆောက်လုပ်သောကျောင်းများအဆင့်မီရေးဆန္ဒထုတ်ဖော်
----------
နိုဝင်ဘာ ၆ ။
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်းရှိ ကျောင်း များမှာ နိုင်ငံတော်မှ ဘတ်ဂျက်ချထားပေးပြီး ဆောက်လုပ်သော်လည်း ကျောင်းများမှာ အဆင့်မီသည့်ကျောင်းများမဖြစ်ခြင်း ကျောင်းများ ပြီးစီးမှုမရှိခြင်းတို့ကြောင်း ရွှေတောင်မြို့နယ်ဒေသခံများမှ ၅-၁၁-၂၀၁၄ ရက်နေ့ နံနက်(၉း၀၀)နာရီ အချိန်တွင် တရားဝင်ခွင့် ပြု ချက်ဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင်ပါဝင်သူတစ်ဦးက Oriental news သို့ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ရွှေတောင်မြို့ တည်ကုန်းရပ်မှ စတင်ထွက်ခွာပြီး ပြည်-ရန်ကုန်လမ်း၊ကြာနီကန်လမ်း၊ ယွန်းတန်းလမ်း၊မြောက်ဘုရားကြီးလမ်းတို့ကိုလှည့်လည်၍ (၁၀)နာရီဈေးအာဇာနည်ကျောက်တိုင်မှာ ရပ်တန့်ဆန္ဒထုတ်ဖော် ခဲ့ကြောင်း နှင့် ဒေသခံအင်အား(၁၅၀)တို့ပါဝင်ကာ ဗီနိုင်းများကိုင်ဆောင်လျှက် နိုင်ငံတော်ဘတ်ဂျက်နှိုက်စားသူ တိုင်းပြည်ရန်သူ၊မြို့နယ်ပညာရေးကိုဖျက်ဆီးသူ တိုင်းပြည်ရန်သူ၊သားနဲ့သမီးတို့ ပညာရေး ပျိုးထောင်ပေး၊ပျိုးထောင်ပေး စသည့် ကြွေးကြော်သံများကို ဟစ်အော်လျှက် စီတန်းလှည့်လည်ခဲ့ကြကြောင်း ၄င်းကဆိုသည်။
“ကျွန်တော်တို့ ဒီနေ့ ဆန္ဒထုတ်ဖော်ရတဲ့အကြောင်းကတော့ ပညာရေးဘတ်ဂျက်မှာ လာဘ်စားမှုတွေရှိနေ လို့ ပါ။ လက်ပံပုကျောင်းမှာဆိုရင်လည်း တကယ်တန်းပြီးစီးရမယ့် အချိန်မှာ မပြီးစီးပဲနဲ့ အခုအချိန်ထိ ကလေးတွေက အဲဒီကျောင်းပေါ်မှာ ပညာသင်ကြားခွင့်မရခဲ့ပဲနဲ့ ဘုန်းကြီးကျောင်းမှာ ပညာသင်ကြားနေရတယ်။ဒီအပေါ်မှာ ပညာရေးအဆင့် ခေတ်မီတိုးတက်အောင် နိုင်ငံတော်ကသွားနေတဲ့ အချိန်အခါမှာ ကျွန်တော်တို့ရဲ့ နိုင်ငံတော်သမ္မတကြီးပြောထားတဲ့ ကောင်းမွန်သောအစိုးရ၊သန့်ရှင်းသော အစိုးရရဲ့အောက်မှာ ဒီနေ့လုပ်နေတဲ့ တိုင်းဒေသကြီးအစိုးရရဲ့ အကျင့်ပျက်ချစားမှုတွေနဲ့ ကိုယ်ကျိုးအတ္တတွေနဲ့သုံးစွဲနေတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့ ပညာရေးဘက်မှာ နိမ့်ကျမှုတွေနဲ့ နစ်နာမှုတွေဖြစ်နေပါတယ်။အဲဒါကြောင့် ပြည်သူတွေရဲ့ နစ်နာမှုတွေ၊ဆုံးရှုံးမှုတွေနဲ့ အကျင့်ပျက် ချစားမှုတွေကို ပြည်သူတွေသိရှိပြီး ပူးပေါင်းပါဝင်လာဖို့အတွက် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်တယ်။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်သူ ဦးဝင်းနိုင်က ပြောသည်။
ဆ န္ဒဖော်ထုတ်သည့် ကိစ္စ နှင့် ပတ်သက်၍ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။
မင်းထက်(Oriental News )
PHOTO BY - MH

0 comments:

Post a Comment

Facebook Like Page