Sunday, November 2, 2014

ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မီးရထားစက်ခေါင်းဝန်းနေရာတွင်ဖြစ်ပွားခဲ့သော လူငယ်ရန်ပွဲ ပြည့်သဲမောင်(ပြည်)

Leave a Comment


ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မီးရထားစက်ခေါင်းဝန်းနေရာတွင်ဖြစ်ပွားခဲ့သော လူငယ်ရန်ပွဲ
ပြည့်သဲမောင်(ပြည်)
နိုဝင်ဘာလ (၁)ရက် (၉း၀၀)နာရီ အချိန်ခန့် ဆလိုင်းသက်ထွန်း (၂၁)နှစ်၊ (ဘ) ဦးေ
မာင်ထား၊ မပတ (မမှတ်မိ)၊ ချင်း/ခရစ်ယာန်၊ ကျဘမ်း၊ ကိုးသောင်းချင်းစုရပ်၊ ပြည်
သာယာရပ်ကွက် ၊ ပြည်မြို့နေ သူ ၄င်း၏ညီ ဆလိုင်းရဲမင်းနိုင် (၁၈)နှစ်၊ (ဘ) ဦးမော
င်ထား၊ မပတ (မမှတ်မိ)၊ ချင်း/ခရစ်ယာန်၊ ကျဘမ်း၊ ကိုးသောင်းချင်းစုရပ်၊ ပြည်သာ
ယာရပ်ကွက်၊ ပြည်မြို့နေသူ ၄င်းတို့၏ သူငယ်ချင်း ဖိုးဖြူ (ခ) ဖြိုးသူအောင် (၂၁)နှစ်၊
(ဘ) ဦးဝင်းကြိုင်၊ မပတ (မရှိ)၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ ကိုးသောင်းရှမ်းစု၊ ပြည်သာယာ ရပ်ကွက်၊ ပြည်မြို့နေသူ၊ ချစ်ထွန်း (၁၈)နှစ်၊ (ဘ) ဦးအောင်မောင်း၊ မပတ (မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ကိုးသောင်းရှမ်းစုရပ်၊ ပြည်သာယာရပ်ကွက်၊ပြည်မြို့နေသူ တိုးတ
က် (၁၈)နှစ်၊ (ဘ) ဦးသိန်းမြင့်၊မပမ(မရှိ)၊ဗမာ/ဗုဒ္ဓ၊ခြံလုပ်ငန်း၊ တောင်ကုန်းရွာ၊ ပြည်မြို့
နယ်နေသူတို့သည် ပြည်ရွှေဆံတော်ဘုရားပွဲတော်သို့ လမ်းလျှောက်လည် ပတ်ကြေ
ကြာင်း၊ ရဲစခန်းအနောက် (၆)ဖာလုံခန့်ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မီးရထားစက်ခေါင်း
ဝန်းနေရာ အရောက်တွင် လူ (၉)ယောက်ခန့်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံကြကြောင်း သိရှိရပါသည်။

ထိုသို့တွေ့ဆုံကြစဉ် လူ(၉)ယောက်ခန့်အဖွဲ့ထဲမှ အမည်မသိအမျိုးသားတစ်ဦးက ဖိုးဖြူ
(ခ) ဖြိုးသူအောင်ထံမှ ဆေးလိပ်တောင်းသောက်သဖြင့် ဖိုးဖြူ (ခ) ဖြိုးသူအောင်မှ '' အတိုမသောက်နဲ့ အရှည် သောက်" ဟုပြောဆိုသည်ကို ထို(၉)ယောက်ခန့်အဖွဲ့ထဲမှ အမည်မသိနောက်အမျိုးသားတစ်ဦးက အထင်အမြင်အယူအဆလွဲကာ ဖိုးဖြူ (ခ) ဖြိုးသူအောင် အား " မင်းဘာကောင်လဲ " ဟုပြောပြီး လက်သီးနှင့် စတင် ထိုးကြော
င်း၊ ထိုကိစ္စကြောင့်နှစ်ဖက်စကားများ ရန်ဖြစ်ကြကာ လူ (၉)ယောက်ခန့်အဖွဲ့ထဲမှ အမ
ည်မသိ အမျိုးသားတစ်ဦးက ဆလိုင်းသက်ထွန်း၏လည်ပင်းကို ဓါးဟုထင်ရ သော အရာနှင့်ထိုးခြစ်သဖြင် ဆလိုင်းသက်ထွန်း၏လည်ပင်းတည့်တည့်တွင် (၂)လက်မ
ခန့်အရှည်ရှိ ပြတ်ရှဒဏ်ရာ (၁)ချက်(အတွင်းလူနာ)ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်း တွင်ဖော်ပြထားရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အမည်မသိလူ (၉)ယောက်အဖွဲ့အား စုံစမ်းဖော်ထုတ်အရေးယူေ
ပးပါရန် ဒဏ်ရာ ရရှိသူ ဆလိုင်းသက်ထွန်း၏မိခင် ဒေါ်တင်တင်ဦး (၃၉)နှစ်၊ ချင်း/ခရစ်
ယာန်၊ မှီခို၊ ကိုးသောင်း ချင်းစုရပ်၊ ပြည်သာယာရပ်ကွက်၊နေသူမှ ရဲစခန်းသို့လာရောက်
တိုင်တန်းခဲ့သဖြင့်ပြည်မြို့ရဲစခန်း နိုဝင်ဘာလ(၂)ရက်နေ့နံနက်(၄း၁၅)အချိန်ခန့် ပြည်မြို
့မရဲခစန်း (ပ) ၉၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်
လျှက်ရှိပြီး အမှုကို ဒုရဲအုပ်ဝေဇော်အောင်မှလက်ခံစစ်ဆေး၍ ပြစ်မှုကျုးလွန်သူများပေါ်ေ
ပါက်ဖမ်းဆီးရမိရေးအတွက်နယ်ထိန်းတပ်ဖွဲ့ဝင်နှင့်အတူ လိုက်လံစုံစမ်းဖမ်းဆီး လျှက်ရှိ
ပါကြောင်း သတင်း ရရှိ သည်။
မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page