Friday, October 10, 2014

ဓာတ်အားပိတ်ပြီး GCB ပြောင်းလဲတပ်ဆင်ခြင်း လုပ် ငန်းအား ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူများထံ အသိပေးအကြောင်းကြားမေတ္တာရပ်ခံ ပြည့်သဲမောင်(ပြည်)

Leave a Comment


ဓာတ်အားပိတ်ပြီး GCB ပြောင်းလဲတပ်ဆင်ခြင်း လုပ်
ငန်းအား ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူများထံ
အသိပေးအကြောင်းကြားမေတ္တာရပ်ခံ
 ပြည့်သဲမောင်(ပြည်)
 ပြည်မြို့အတွင် အဓိကဓာတ်အားဖြန့်ဖြူပေးလျှက်ရှိသော ၆၆ ကေဗီပြည်
ဓာတ်အားခွဲရုံတွင်ယခင်က ၆၆/၁၁ ကေဗီ (၁၀) အမ်ဗီအေ (၂) လုံးဖြင့်် ဓာတ်
အားဖြန့်ဖြူးပေးထားရာမှ လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုများကြောင့် ထ
ရန်စဖော်မာ (၂)လုံးမှာ ၀န်အားနိုင်နင်းမှု မရှိတော့သဖြင့် (၁၀) အမ်ဗီအေ ထ
ရန်စဖော်မာ (၁) နေရာတွင် (၂၀) အမ်ဗီအေ ထရန်စဖော်မာ (၁) လုံးဖြင့် အစား
ထိုးတပ်ဆင်အသုံးပြုခဲ့ပါသည်။ 

ထရန်စဖော်မာ လဲလှယ်စဉ်က ဓာတ်အားပြတ်ကာလ ကြာမြင့်မည်ကို အလေး
ထား၍ G.C.B များလဲ လှယ်ခြင်းကို မပြုလုပ်ခဲ့ပါ။ ယခုအခါ လျှပ်စစ်ဓာတ်အား
သုံးစွဲမှု များလာသဖြင့် G.C.B များလဲလှယ်ရန် လိုအပ်လျှက်ရှိပါသည်။ G.C.B 
များလဲလှယ်ရန် အတွက် G.C.B အဟောင်း (၆)စုံအားခွဲရုံ ပြင်ပသို့ ဆွဲထုတ်၍ 
Cable Connection များဖြုတ်ခြင်း၊ Busbar Connection များဖြုတ်ခြင်း၊ G.C.B များ
ဆွဲထုတ် ပြီးနောက် V.C.B အသစ် (၆)စုံအားခွဲရုံအတွင်း ပြန်လည်ခထည့်သွင်းခြင်း
၊ Busbar & Cable Connection များပြုလုပ်ခြင်း၊ On-Off စမ်းသပ်ခြင်းများကို အဆင့်
ဆင့်ဆောင်ရွက်ရ မည်ဖြစ်သဖြင့် အချိန်ကြာမြင့်မည် ဖြစ်ပါသည်။ တဖန် (၁၀)အမ်
ဗွီအေ ထရန်စဖော်မာ၏ Main Cable ကိုလည်း ပြောင်းလဲတပ်ဆင်မည် ဖြစ်ကြောင်း
ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှသိရသည်။


ထို့ကြောင့် ( ၁၂.၁၀.၂၀၁၄ ) ရက်နေ့ ည ( ၁၂း၀၀ ) နာရီမှစ၍ ဓာတ်အားပြတ်ေ
တာက်မည့် ဓာတ်အားလိုင်းများ ပြည်(၂)လိုင်းနှင့် ပြည်(၃)လိုင်း ( မြို့တွင်းလိုင်းများ )
၊ က.ပ.စ(၇)၊ ၀က်ထီးကန်၊ မှော်ဇာလိုင်းများဖြစ်ရာ က.ပ.စ(၇)နှင့် ဓာတ်အားပိတ်ရန် 
ညှိနှိုင်းပြီးဖြစ်ပါသည်။ အရေးကြီး မြို့တွင်းလိုင်းများဖြစ်သော ပြည်(၁) လိုင်း၊ PTU 
လိုင်းနှင့်ခွဲရုံတို့အား (၁၀)အမ်ဗွီအေ ထရန်စဖော်မာ၏ Main Cable ပြောင်းလဲတပ်
ဆင်မည့် နံနက် ( ၇း၀၀ )မှ ( ၁၀း၀၀ )နာရီခန့် အတွင်းဓာတ်အား ခေတ္တပြတ်တောက်
မည် ဖြစ်ကြောင်း အများပြည်သူများကို အသိပေးအကြောင်းကြားထားခြင်းဖြစ်ကြောင်း
သိရသည်။


သို့ဖြစ်ပါ၍ ( ၁၂.၁၀.၂၀၁၄ ) ရက်နေ့ ည(၁၂း၀၀ )နာရီမှ ညနေ ( ၆း၀၀ )နာရီထိ
(၂၀)အမ်ဗွီ အေထရန်စဖော်မာအား ဓာတ်အားပိတ်ပြီး GCB ပြောင်းလဲတပ်ဆင်ခြင်း 
လုပ်ငန်းအား ဆောင်ရွက်ခွင့်ပြု ပါရန်နှင့် ဓာတ်အားပြတ်တောက်မည့် အခြေအနေ
အား မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ အသံချဲ့စက်ဖြင့် ပြည်သူများအားအသိပေး
အကြောင်းကြားမေတ္တာရပ်ခံထားပါကြောင်း ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ
သိရပါသည်။
မှတ်ချက်။            ။သတင်းစာမူနဲ့ပက်သက်ပြီးဝေဖန်နိုင်ပါသည်။သို့ပါသော်လည်းမိမိရေး
                            သောစာသည် မိမိ၏အဆင့်အတန်းအားဖေါ်ပြပါသည်။အကယ်၍ မကျေ
                            နပ်တာရှိရင်လဲရုံးသို့ဖုန်းဆက်၍ တိုက်ရိုက်ပြောနိုင်ပါသည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page