Wednesday, September 24, 2014

ပဲခူးတိုင်း၊ရွှေတောင်မြို့နယ်ကအင်တိုင်းတောကို လူတစ်စုက၀င်ရောက်ခုတ်ထွင်ရှင်းလင်းပြီး၊နေရာဝင်ယူနေတာကြောင့် ဘိုးစဉ်ဘောင်ဆက်မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ဒေသခံတွေ၊စိုးရိမ်နေကြပါတယ်။

Leave a Comment
ပဲခူးတိုင်း၊ရွှေတောင်မြို့နယ်ကအင်တိုင်းတောကို
လူတစ်စုက၀င်ရောက်ခုတ်ထွင်ရှင်းလင်းပြီး၊နေရာဝင်ယူနေတာကြောင့်
ဘိုးစဉ်ဘောင်ဆက်မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ဒေသခံတွေ၊စိုးရိမ်နေကြပါတယ်။

မိရိုးဖလာအစဉ်အဆက်က အဲဒီအင်တိုင်းတောလေးကထွက်ရှိတဲ့
သစ်ရွက်၊သစ်ဥ၊သစ်ဖု၊အင်ဥ၊မှို၊တိုင်းရင်းပလက် ဆေးမြစ်များ ကို အမှီသဟဲပြု၍
စားသောက်နေရသော ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ပြည်တောင်တန်း
ဒေသ ပေါင်းချုပ်ကျေးရွာအုပ်စု၊ဥာဏ်ကံကြီးကျေးရွာက ဒေသခံတွေမှာ ယခုအခါ
လူတစ်စုက အဲဒီ အင်တိုင်းတောကို ခုတ်ထွင်ပြီး
အကွက်ဖေါ်တဲ့ပုံစံပြုလုပ်နေတြာေ့ကာင်
ပေါင်းချုပ်၊ထန်းကုန်း၊တွင်းဗြဲ၊သရက်တပင်၊ဆင်ရွာ၊ညောင်စာရေး၊ဆင်သေ၊ဆင်ရွာ၊ဇီးကျွန်းအုပ်၊ရှားပင်ဇင်း၊တောဟိုင်၊ကန်သုံးဆင့်၊မကျီးပေါက်ကုံး၊အုပ်စုတွေက
အင်တိုင်းတောကိုမှီခိုစားသောက်နေတဲ့ ဒေသခံတွေစိုး၇ိမ်နေကြတာပါ။


“ကျွန်တော်တို့က ဒီတောလေးကနေပြီး အင်ဖက်သက်ငယ်ပြုလုပ်ရန်
အင်ဖက်တွေခူးရတယ်။ကျွန်တော်တို့ ရွာရဲ့ အိမ်ခြေ တော်တော်များများဟာ
ဆင်းရဲသားမိသားစု တွေဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့အိမ်တွေကို
ဒီအင်ဖက်သက်ကယ်နဲ့မိုးရတယ်။ အင်ဖက်သက်ကယ်နဲ့ပဲကာရတယ်။ပြီးတော့
ဒီတောလေးထဲကထွက်တဲ့ အင်ဥ၊မှို၊သစ်ဥသစ်ဖုနဲ့ မုန်တိုင်ပန်း၊သပြေပန်း၊
သစ်မင်းပန်းစတာတွေအပြင် ဒီတောလေးထဲကပဲ သဘာဝဆေးမြစ်ကလေးတွေကို
ရာသီအလိုက်မှီဝဲပြီးနေလာကြရတာပါ။ 


အခုကျေးရွာအုပ်ချုပ်ရေးမှုးအဖွဲ့တွေက
တောကိုဝင်ခုပ်ပြီးမြေစာရင်းမှာလျှောက်ယူပြီးကုပ္မဏီတွေ
ကိုရောင်းစားလိုက်ရင် လုပ်စားစရာနေရာမရှိတော့မှာကိုစိုးရိမ်နေတာပါလို့
ဒေသခံတွေကရှင်းပြပါတယ်။


သူတို့ဒေသက လယ်တွေကအလွန်ဆုံးထွက်တယ်ဆိုတဲ့ နှစ်တွေမှာတောင် တစ်ဧကကို
(၁၂)တင်းလောက် ပဲရကြတာဖြစ်ပြီး။မိုးမကောင်းတဲ့နှစ်တွေဆို တစ်ဧကကို
(၄/၅)တောင်းလောက်ထွက်တာကြောင့်လယ်လုပ်စားသူ နဲပြီး
အဲဒီအင်တိုင်းတောကြီးကိုပဲအမှီအခိုပြုနေကြတာဖြစ်ပါတယ်
“ဒီမြေဟာဆိုရင်
လယ်ယာမြေအမျိုးအစားမဟုတ်ဘူး။မြေလွတ်မြေရိုင်းတွေသာဖြစ်တယ်။အဲဒီအတွက်
မြေလွတ်မြေလပ် ဥပဒေအရသာ
လုပ်ကိုင်လို့ရမှာ။လယ်ယာမြေအမျိုးအစားမဟုတ်တဲ့အတွက် လယ်ယာမြေပုံစံဖြစ်တဲ့
ပုံစံ(၇)ထုတ်ပေးလို့ မရဘူး။ထုတ်ပေးမှာလည်းမဟုတ်ဘူး။အဲဒီမြေတွေကို
စီမံခန့်ခွဲဘို့ဆိုရင် မြေလွတ်မြေလပ်နဲ့ မြေရိုင်းများဥပဒေနဲ့အညီပဲ
တရားဝင်လျှောက်ထားပြီးမှ မြေလွတ်မြေလပ်လုပ်ပိုင်ခွင့်ရမယ်။အဲဒါတောင်မှ
ပိုင်ဆိုင်ခွင့်မရဘူး။ မြေလွတ်မြေရိုင်း
လုပ်ပိုင်ခွင့်ပဲရမှာ။အဲဒီလိုလုပ်ပြီးလို့ စိုက်ပျိုးပြီးလို့
တည်ငြိမ်ပြီဆိုမှ လယ်ယာမြေ ဥပဒေကို ပြောင်းလဲလျှောက်ထားလို့ရမယ်။


ကျွန်တော်တို့အနေနဲ့ လုပ်ပိုင်ခွင့်ပြုထားတာမရှိဘူး။သတင်းအရ
သိရတဲ့အတွက်လည်း အဲဒီမှာကျွန်တော်တို့ မြေလွတ်မြေရိုင်းတွေကို
ခွင့်ပြုချက်မရပဲနဲ့ ခုတ်ထွင်ရှင်းလင်းခြင်းမပြုဘို့ ကျွန်တော်တို့
၂၂-၈-၂၀၁၄ ရက်နေ့ နေ့စွဲပါစာအမှတ် (၀၅၈)လယ်/စီ(၀၇) နဲ့
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ
အကြောင်းကြားစာပေးပို့ထားပြီးဖြစ်ပါတယ်။ လို့ ရွှေတောင်မြို့နယ် မြေစာရင်းဦးစီးဋ္ဌာနမှူး
ဦးမြင့်သန်းအား
်ကအခုလိုရှင်းပြပါတယ်။


သတင်း နှင့် ဓါတ်ပုံ...ကိုမင်းညို(DVB)
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)



0 comments:

Post a Comment

Facebook Like Page