Thursday, August 21, 2014

စင်ပေါ်တက် လွမ်းမပြကြခင် (ထူးအိမ်သင်)အုတ်ဂူလေးတော့ ပြင်စေချင်

Leave a Comment
စင်ပေါ်တက် လွမ်းမပြကြခင် (ထူးအိမ်သင်)အုတ်ဂူလေးတော့ ပြင်စေချင်
==========================================
ဒီနေ့ ကျွန်တော့် ဆရာမောင်ဝံသ ကွယ်လွန်တာ ၁ နှစ်ပြည်တဲ့ နေ့မို့လို့ ရေဝေးမှာရှိတဲ့ ဆရာအရိုးအိုးအုတ်ဂူမှာ ဂါရ၀ သွားပြုဖြစ်တယ်။ ပြီးတော့ ကျွန်တော့် ဘ၀ရဲ့ ဟီးရိုး တစ်ယောက်ဖြစ်တဲ့၊ နာရီရဲ့ သီချင်း ထဲက စာသားတွေကို ဂါထာတစ်ပုဒ်လို ရွတ်ဖတ် ဖြစ်တဲ့ ကျွန်တော်က ကိုငှက်ကြီး (ထူးအိမ်သင်) အုတ်ဂူရှိရာကို သွားရောက် ဂါရ၀ပြု ဖြစ်တယ်။
သိပ်မကြာခင် ...ဂီတလောကသားတွေ စင်ပေါ်တက်ပြီး ကိုငှက်ကိုလွမ်းပြကြတော့မယ်.....
ဒါပေမယ့် ကိုငှက်ရဲ့ ထာဝရလဲလျှောင်းနားခိုရာနေရာလေးကတော့ ပုံမှာမြင်တဲ့ အတိုင်း အမှိုက်တွေ လည်း လှဲကျင်းမဲ့သူမရှိ ၊ ချုံနွယ်တွေကိုလည်း ဖယ်ရှားရှင်းလင်းမဲ့သူ မရှိ ၊ မြန်မာ့ ဂီတလောကရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း အသိအမှတ်ပြုရာ စာသား မရှိနဲ့ အလွန်
ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကျွန်တော် သတိထားမိသလောက် မနှစ်က ကတည်းက မရှိတာပါ။
ကျွန်တော်က စာအုပ်ထဲမှာ ကိုငှက်ကို ဆရာကြီး မင်းသုဝဏ်ဘေးမှာ ဂူသွင်းတယ်လို့ ဖတ်ဖူးလို့
ရအောင်သွားရှာကတည်းက အုတ်ဂူလေးမှာ စာရေးထားတဲ့ အထိမ်းအမှတ် သချိုင်္င်းစာ( ကျောက်ပြား / ကြေးပြား ) ဘာတစ်ခု မှ မရှိခဲ့တာပါ။ အဲဒီကတည်းက သချိုီင်းထဲက အစောင့်ကို သေချာအောင်မေးကြည့်လို့ ကိုငှက် အုတ်ဂူမှန်းသိရတာပါ။ အစောင့် ပြောတာတော့ ကြာပြီတဲ့ ..ဘယ်သူမှ မလာတာတဲ့။အရင်ကတော့ ကြေးပြားရှိတယ် ..အခု အဲဒီ ကြေးပြားမရှိတော့တာတောင် ၃ နှစ်ကျော်လောက် ရှိပြီတဲ့။
.
ကျွန်တော်တို့ မျိုးဆက်အပေါ်မှာ ကိုငှက် ရဲ့ ကျေးဇူးတရားတွေ အများကြီး ရှိခဲ့ပါတယ်။သူသီချင်းတွေကတဆင့် လူငယ်တွေ လမ်းမှား မရောက်အောင် ပေးခဲ့တဲ့ ခွန်အားတွေက အခုထိ ကျွန်တော်တို့ သွေးထဲ စီးဆင်းမြဲပါ။
ဒီလိုလူတစ်ယောက် ရဲ့ နောက်ဆုံးလဲလျှောင်းရာ နေရာလေး ဒီလိုပစ်စလတ်ခတ် ဖြစ်နေတာ ကြည့်ရတာ စိတ်ထဲ မကောင်းပါဘူး ။
.
.သိပ်မကြာခင် အချိန်မှာ ဂီတလောကသားတွေ စင်ပေါ်တက်လွမ်းပြကြတော့မယ်
ကိုငှက်ကိုချစ်တဲ့ သူတွေကလည်း ၀င်ကြေးပိုက်ဆံ အကုန်ခံပြီး ကိုငှက်ကို အလွမ်းသွားဖြေကြတော့မယ်။ဒီပွဲနှင့် ပါတ်သက်ပြီး ဝေဖန်သံတွေ ဆူညံနေပေမယ့် ကျွန်တော်ကတော့ တစုံတရာ မပြောချင်ပါဘူး ။ အဲဒီထဲက ရတဲ့ ပိုက်ဆံ အနည်းငယ်လောက်ကို အသုံးပြုပြီး ကိုငှက် နေတဲ့ နေရာလေးကိုတော့ သန့်ရှင်းသပ်ရပ်အောင် ပြုပြင်ပေးနိုင်မယ်ဆိုရင် တမလွန်ကနေ ကိုငှက် ကျေနပ်နိုင်မယ်လို့တော့ထင်ပါတယ်။





0 comments:

Post a Comment

Facebook Like Page