Sunday, July 20, 2014

မမြင်ရသော လက်မည်းကြီးများ သရ၀ဏ်(ပြည်)

Leave a Comment
မမြင်ရသော လက်မည်းကြီးများ

သရ၀ဏ်(ပြည်)
မြန်မာနိုင်ငံ၌မတည်ငြိမ်မှုများ၊လူမှုရေးဘာသာရေးပဋိပက္ခများဖြစ်ပွားတိုင်းလူအများပြောဆိုလေ.ရှိသည်မှာဆူပူမှုများ၏နောက်ကွယ်မှကြိုးကိုင်ဖန်တီးနေ သော မမြင်ရသောလက်များအကြောင်းဖြစ်သည် ။ မြန်မာနိုင်ငံတွင်ယခုအခါ ဒီမိုကရေစီနှင်.လူ.အခွင်.အရေးကိုအခြေခံသော ဥပဒေစိုးမိုးသည်. နိုင်ငံတော်သစ်ကိုဖန်တီးလိုသူ အပြောင်းအလဲကိုလိုလားသူများကတစ်ဖက် ၊ ယခင်စစ်အစိုးရလက်ထက်က ရရှိခဲ.သော အာဏာနှင်.စီးပွားရေးအထူးအခွင်.အရေးများကို လက်လွတ်မခံချင်သော ခေတ်ဟောင်းစနစ်ဟောင်းကိုတမ်းတကာ နောက်ကြောင်းပြန်သွားလိုသူ များကတစ်ဖက် ဘက်နှစ်ဘက်လွန်ဆွဲနေသောကာလကြီးဖြစ်သည် ။ ထိုသို.ဘက်နှစ်ဘက် လွန်ဆွဲသလိုအားပြိုင်နေသောအခိုက်တွင် ပြုပြင်ပြောင်းလဲရေးသမားများကပြည်သူလူထုကိုအခြေခံကာစည်းရုံးသဖြင်. အားသာလာသောအခြေအနေရောက်တိုင်း ၊ လူထုထောက်ခံမှုမရတော.သောအဖွဲ.များကညစ်ကွက်သုံးလာတတ်ကြသည် ။ သူတို.၏ညစ်ကွက်မှာ လူထုကို အာရုံလွှဲခြင်း ၊ လူကောင်းကိုလူဆိုးများဖြင်.တိုက်ခိုက်ခြင်း ၊ ပဋိပက္ခများဖန်တီးခြင်းဖြစ်သည် ။
ဦးနေ၀င်းလက်ထက် ဖြစ်ပွားခဲ.သော မြန်မာနိုင်ငံတွင် ဆန်ရှားပါးမှု အရေးအခင်းကြီးဖြစ်ပေါ်လာသောအခါ လူထုကိုအာရုံပြောင်းသည်.အနေဖြင်. ၁၉၆၇ ခု ဇွန်လ ၂၆ ရက်နေ.၌ တရုတ် မြန်မာ အဓိကရုဏ်းကိုရန်ကုန်တွင်ပုံဖော်ခဲ.သည် ။ မြန်မာနိုင်ငံ၌မမြင်ရသောလက်မည်းကြီးတစ်ခုစတင်လှုပ်ရှားလာခြင်းဖြစ်သည် ။ ဖွင်.မပြောသော်လည်း တရုတ် ၊ မြန်မာအဓိကရုဏ်း၏နောက်ကွယ်တွင်ဖန်တီးသူဘယ်သူဆိုတာပြည်သူလူထုကသိနေခဲ.ပါသည် ။ ပေါက်ကွဲအံ.ဆဲဆဲလူထုတော်လှန်ရေးကို တရုတ်ဆန်.ကျင်ရေး အဓိကရုန်းဖြင်. ရှောင်လွဲနိုင်ခဲ.သည် ။ ထိုမြုံနေသောအနာသည် ၁၉၈၈ တွင် အမှည်.လွန်ပြီးအနာဆိပ်တက်ခဲ.ပါသည် ။ ၁၉၈၈ မှ ၂၀၁၀ အတွင်း အာဏာရှင်အစိုးရလက်အောက်တွင် ပြည်သူလူထုမှာအကြောက်တရားဖြင်. ပြားပြားဝပ်ခဲ.ရသည် ။အစိုးရအမည်ကိုက ငြိမ်ပိ ဟုအရပ်စကားဖြင်.ခေါ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရဖြစ်သည် ။
“ အချိန်မရှိလမ်းပြင်
ကလိန်စေ.ငြမ်းဆင်
ငြိမ်ပိလမ်းစဉ် “
ဟုပင် ပြောစမှတ်တွင်ခဲ.သည် ။ထိုအစိုးရလက်ထက်တစ်ဖြစ်လဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီလက်ထက်တွင် လဲနာမည်သာပြောင်းသော်လည်းလူမပြောင်း၊ မူမပြောင်းပဲ အကြမ်းဖက်နည်းကိုသာ ဖိနှိပ်မှုယန္တယားအဖြစ်ဆက်လက်အသုံးပြုခဲ.ကြသည် ။ ထင်ရှားသောသာဓကအဖြစ် စည်းရုံးရေးအင်အားကောင်းလာသော အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ဥက္ကနှင်. ၊ အထွေထွေအတွင်းရေးမှူးတို.၏ ပါတီစည်းရုံးရေးခရီးစဉ်အတွင်းစနစ်တကျဖွဲ.စည်းထားသော လူတစ်စု ၊လူတစ်ဖွဲ.က လိုက်လံအကြမ်းဖက်နှောက်ယှက်ခဲ.ကြသည် ။သို.သော် ထိုသူများမှာ ဘယ်သူတွေဖြစ်သည် ဆိုတာကို အာဏာရ အစိုးရသည် ထိထိရောက်ရောက်ဖော်ထုတ်ခဲ.ခြင်းမရှိပေ ။ NLD ၏ စည်းရုံးရေးခရီးစဉ်တစ်လျှောက်မိုးကုတ်မြို.မှစ၍ လိုက်လံနှောက်ယှက်ကြပုံကို ထိုစဉ်က NLD ဥက္ကဌဖြစ်သူ ဦးတင်ဦးကဤသို.ပြန်ပြောင်းပြောခဲ.၏ ။
“ ကျွန်တော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။
ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျွန်တော်တို့ကားကို ရှေ့နဲ့နောက်နဲ့
ပိတ်ပြီးတော. အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ်
အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ
စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့
ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။

သူတို့က----------တို. ၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။
ကျနော်တို့ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါ
ပြောပေမယ့် ရှေ့ကပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို
မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီကားကြီးတွေကလည်း
နောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး
အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက်
ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။
ခေါင်မိုးတွေကိုလည်း မှန်တယ်။

ပစ်လိုက်တဲ့ လောက်လေးဆန် ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို
အမှုဖွင့်ဖို့ ပြောတဲ့အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို
ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင်
တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရားစွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က
ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက
လိုက်လာပြီးတော့ အမှုဖွင့်တယ် “
ဤအဖြစ်အပျက်တွင်လည်း ဦးတင်ဦးအမှုဖွင်.သော်လည်းတရားခံမပေါ်ပေ ။ ဆူပူမှုကိုဖြစ်ပေါ်စေသော နောက်ကွယ်မှလက်မည်းကြီးမှာ ဒိုင်နာကားကြီးများကိုငှားနိုင်ခြင်း ၊ အသံချဲ.စက်များကို အသုံးပြုနိုင်ခြင်း ၊အာဏာပိုင်တို.ကလစ်လျှူရှုနေခြင်းတို.ကြောင်. ပေါ.သေးသေးအဖွဲ.မဟုတ်ကြောင်းသိနိုင်သည် ။၂၀၀၃ ခု မေလ (၃၀)ရက်နေ.ညတွင် ဦးတင်ဦးနှင်.ဒေါ်အောင်ဆန်းစုကြည်တို.လိုက်ပါလာသောအဖွဲ. စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို.နယ် ၊ ကျည်ရွာအနီး ခြုံခိုတိုက်ခိုက်လုပ်ကြခံခဲ.ကြရာ သတ်ဖြတ်မှုကိုကျူးလွန်ခဲ.ကြသူများမှာ ယနေ.အချိန်အထိ တရားခံမပေါ်ပေ ။ ထိုအကြောင်းကို ဦးတင်ဦးကပြန်ပြောင်းပြောရာ၌
“သင်္ကန်းဝတ် ရွယ်တူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။
နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့က
ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက
ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ
ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။
နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။ “
ဦးတင်ဦးအဆိုအရ သင်္ကန်းဝတ်ထားသူများက စပြီးရိုက်သည်ဟုခိုင်မာစွာဆိုသည် ။၎င်းအပြင် တစ်ဖွဲ.နှင်တစ်ဖွဲ.ဆက်သွယ်ပြောဆိုရာ၌ မန်း(၁)ဒီကိုလာစု ၊ မန်း(၂)ဟိုဘက်မှာစုဟုပြောကြောင်းသိရသဖြင်.လုပ်ကြံမှုသည်စနစ်တကျအကွက်ချထားမှန်းသိသာပေသည် ။
ထို.နောက်ဦးတင်ဦးသည်အသက်လုပြီးခြေလျင်ထွက်ပြေးလာစဉ် ဂိတ်တစ်ခုသို.ရောက်သောအခါ ကြုံရပုံကိုပြောပြရာတွင်
“ ငါတို့က ဟိုက အသက်လုပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့
ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျား
ဘယ်သွားချင်လဲဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့
အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။
အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က
ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ
နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ
အော်နေကြတဲ့အချိန်မှာ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊
လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့
ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်းတခုခုက
သင်တန်းပေးထားတဲ့ သူတွေလား။ ------ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ----ထဲကပဲလား ဆိုတာကို စဉ်းစားနေမိတယ် “
ဤကား ၂၀၀၃ ခုနှစ်က ဒီပဲယင်းလုပ်ကြံမှုတွင် မဖော်နိုင်ခဲ.သော နောက်ကွယ်မှကြိုးကိုင်သူများအကြောင်းဖြစ်သည် ။
နောက်ထပ် ကြီးမားသောလုပ်ကြံမှုတစ်ခုမှာ ၂၀၀၈ မတ်လ (၃) ရက်နေ.က ရန်ကုန်မြို. တက္ကသိုလ်ရိပ်သာလမ်း ၊ စိမ်းလဲ.ကန်သာလမ်းသွယ် ၊အမှတ် (၁၂၆) တွင်ဖြစ်ပွားခဲ.သော ငါးလောင်းပြိုင်လူသတ်မှုဖြစ်သည် ။ မိုးကုတ်ဦးမြမောင်၏သမီးဖြစ်သူ ဒေါ်စန်းစန်းမြ (၅၈) နှစ် ၊ သူမ၏ခင်ပွန်း ဦးစ၀်ကြည်ဖ (ခေါ်)ဦးချာလီ ( ၅၉)နှစ် ၊ တူမဖြစ်သူ မမြစန္ဒာ ( ၃၅)နှစ် ၊ မနှင်းပွင်.အေး (၂၇)နှစ် နှင်.အိမ်ဖော်မလေး မအယ်ဖော (၁၅) နှစ်တို. သေနတ်ဖြင်.အနီးကပ်ပစ်သတ်၍နေ.ခင်းကြောင်တောင် လုပ်ကြံခံခဲ.ရသည် ။ဤအမှုတွင်လည်း ကျူးလွန်သူကိုယနေ.တိုင်မဖော်နိုင်သေးပေ ။သေနတ်ကိုအသုံးပြုသွားခြင်း ၊၉မမ (9 mm) ပစ္စတိုကျည်ဆန်ဖြင်.၁၈ချက်တိတိပစ်သွားခြင်း၊ အသံတိတ်ကရိယာ အသုံးပြုနိုင်ခြင်း တို.ကြောင်. ပြစ်မှုကျူးလွန်သူသည် သာမန်လူများဟုတ်ဟန်မတူချေ ။
ထို.နောက်အပြောင်းအလဲများစွာနှင်.အတူ ဒီမိုကရေစီတစ်ပိုင်းအစိုးရဟုခေါ်ရမည်. သမ္မကြီးဦးသိန်းစိန်အုပ်ချုပ်သည်.ခေတ်သို.ရောက်လာ၏ ။ သမ္မတကြီးအတွက်အကြီးမားဆုံးစိမ်ခေါ်မှုမှာ နိုင်ငံတစ်ဝှန်းရုတ်တရက်ဖြစ်ပွားလာသော ဘာသာရေး ပဋိပက္ခများဖြစ်သည် ။ ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာတွင် မသီတာထွေးဆိုသော ဗုဒ္စဘာသာ ရခိုင်တိုင်းရင်းသူတစ်ဦးကို အစ္စလာမ်ဘာသာဝင်ဘင်္ဂလီသုံးဦးမှ မုဒိန်းကျင်.လူသတ်ရာမှ ဘာသာရေးအဓိကရုန်းစတင်ဖြစ်ပွားသည် ။ ထိုကိစ္စနှင်.ဆက်စပ်၍ အဓိကရုန်းဖြစ်ပွားလေ.မရှိသော တောင်ကုတ်မြို.တွင် အစ္စလမ်ဘာသာရေးတရားဟောဆရာ (၁၀ ) ဦး အသတ်ခံရသည် ။ မြို.ခံများ၏အဆိုအရ လာရောက်ဆူပူမှုကိုဖန်တီးသူ ၊လူသတ်သူများသည် သူတို.မြို.မှမဟုတ်သောမျက်နှာစိမ်းများဖြစ်သည်ဟုဆို၏ ။ နောက်ကွယ်ကကြိုးကိုင်သူအချို.ရှိနေသည်ဟု စတင်ပြောကြားလာကြသောဖြစ်ရပ်ဖြစ်သည် ။ ထုံးစံအတိုင်းတရားခံမပေါ်ပေ ။ ၎င်းနောက် ဘာသာရေးအဓိကရုဏ်းများသည် ရခိုင်ပြည်နယ်အတွင်းသာမက မိတ္ထီလာမြို. ၊ ပဲခူးတိုင်း အုတ်ဖို ၊ ဇီးကုန်း၊လက်ပံတန်း၊ကြို.ပင်ကောက်မြို.များအထိကူးစက်ပြန်.ပွားခဲ.သည် ။အားလုံးကတညီတညွတ်ပြောကြသည်မှာ အကြမ်းဖက်ဆူပူသူလူအုပ်ကြီးသည်မြို.ခံများမဟုတ်ကြပါ ။ညဘက်ရောက်မှဘယ်ကဘယ်လိုရောက်လာမှန်းမသိသူတွေသာဖြစ်သည်ဟုဆို၏။ နောက်ကွယ်မှလက်မည်းကြီးရှိနေသည်ဟုအားလုံးကပြောကြသော်လည်း အစိုးရသည် ထိုလက်တံကို မဖော်ထုတ်နိုင်ခဲ.ပေ ။ ထို.နောက် မိတ္ထီလာတွင် ဘာသာရေး အဓိကရုဏ်းဖြစ်၏ ။ ဗုဒ္စဘာသာဝင်များရော ၊အစ္စလမ်ဘာသာဝင်များရော သတ်ကြ ၊သေကြ၏ ။ ယခင်အဖြစ်များလိုပင် ဒေါသဖြစ်နေသောလူအုပ်ကြီး တုတ် ၊ဓား ကိုင်ဆောင်ကာရောက်လာကြ၏ ။ နောက်ကွယ်တွင် ခိုင်းစေသူရှိရမည်ဟု အသံတွေထွက်လာ၏ ။လက်မည်းကြီးကို မဖော်နိုင်ပါပေ ။
တိုင်းပြည်သည် တိုးတက်ရေးလမ်းကြောင်းပေါ်သို.လျှောက်ကာစရှိသေး၏ ။ နိုင်ငံရေးအရဖြေရှင်းစရာတွေအများကြီးရှိသေးသည် ။ N.L.D နှင်.တိုင်းရင်းသားများက ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို.ကြိုးစားနေကြ၏ ။ ပုဒ်မ (၄၃၆ )ကိုပြင်ဆင်ဖို.လက်မှတ်များတပြည်လုံးတွင်လိုက်လံကောက်ခံနေသည် ။ တိုင်းရင်းသားများကဖက်ဒရယ်ပြည်ထောင်စုလိုချင်သည် ။ PR ရွေးကောက်ပွဲစနစ်ကိုမလိုလား ကြောင်းပြောကြသည် ။ ဤအခြေအနေ၌ မန္တလေးတွင် ဆူပူမှုဖြစ်၏ ။ အွန်လိုင်းတွင်တက်လာသောသတင်းတစ်ပုဒ်ကြောင်.ဆူပူမှုဖြစ်သည်ဟုဆို၏။ကျွန်တော်ကတော.အစိုးရညံ.၍ဆူပူမှုဖြစ်ရသည်ဟုထင်သည်။ဖေ.(စ်)ဘွတ်တွင်တက်လာသောသတင်းဖြစ်သည်.ဘာသာခြားညီအစ်ကိုနှစ်ဦးကမြန်မာစားပွဲထိုးမလေးကို အဓမ္မပြုကျင်.ပြီးနေပြည်တော်အဝေးပြေးလမ်းပေါ်တွင်ထားရစ်ခဲ.သည်ဟူသောသတင်းကို မဟုတ်လျင်မဟုတ်သည်.အကြောင်း အစိုးရပိုင် ရေဒီယို ၊ ရုပ်မြင်သံကြား ၊ သတင်းစာ တို.မှ အချိန်မဆိုင်းပဲ အများပြည်သူသိအောင် ချက်ချင်းရှင်းပြရမည်.တာဝန်ရှိ၏ ။ မဟုတ်လျင်မဟုတ်ကြောင်း ၊ ဟုတ်ခဲ.လျင်ဟုတ်ကြောင်း၊ တရားခံကိုမည်သို.ဥပဒေအရအရေးယူထားကြောင်းပြောရပေမည် ။ အစိုးရသည် ၎င်းသတင်းကိုအင်းမလှုပ်၊ အဲမလှုပ်ဘာမှမတုန်.ပြန်ခဲ.ပဲ ပြင်ပတွင် ဆူဆူပူပူဖြစ်လာသည်အထိ ကောလဟလများသာဖြစ်နေခွင်.ပြုခဲ.သည် ။ယနေ.ခေတ်သည်ယခင်လှည်းခေတ် ၊လှေခေတ်လိုသတင်းတစ်ပုဒ်ကိုအမှောင်ချ ဖုံးအုပ်ထား၍ ရသောခေတ်မဟုတ်တော.ပါ။ ။ဟုတ်မဟုတ်ဒဲ.(တဲ.)ရှင်းရမည်.ခေတ်ဖြစ်သည် ။ ပြဿနာဖြစ်လာမှ မီဒီယာကိုအပြစ်ဖို.ရန်လုပ်ခြင်းကားနည်းလမ်းမကျပေ ။ ရလာဒ်မှာ ဆူပူမှုကို ဖန်တီးချင်သူတို.အကွက်ကောင်းရကာ မန္တလေးတွင်အပြစ်မဲ.ပြည်သူနှစ်ဦးသေဆုံးရသည်အထိ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ.ရပေသည် ။တုတ်၊ဓားလက်နက်များကိုဗြောင်ကိုင်ဆောင်ထားသော လူအုပ်သည်ဆိုင်ကယ်များဖြင်.လှည်.ပါတ်အော်ဟစ်လှုံ.ဆော်နေကြသော်လည်း သူတို.ကိုတားဆီးနိုင်ခြင်းမရှိဟုသိရသည် ။ထိုလူအုပ်သည်မည်သူတွေနည်း ။
မန္တလေးမြို.ပဋိပက္ခနှင်.ပါတ်သက်၍ ၇.၇.၂၀၁၄ တွင်သမ္မတကြီးဦးသိန်းစိန်ကနိုင်ငံတော်သို.မိန်.ခွန်းပြောကြားရာတွင်
“ ပဋိပက္ခဖြစ်ပေါ်စေဖို. ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ.သူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနဲ.ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပါတယ် xxxx အခုမန္တလေးမြို.မှာ လတ်တလောဖြစ်ပွားခဲ.တဲပဋိပက္ခများဟာလူတစ်စု ၊ အဖွဲ.အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ.တမင်ဖန်တီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာတွေ.မြင်ရမှာဖြစ်ပါတယ် “ ဟုပြောကြားခဲ.ပါသည် ။ မြန်မာတစ်နိုင်ငံလုံးသည် သမ္မတကြီးပြောခဲ.သော လူတစ်စု ၊ အဖွဲ.အစည်းတစ်ခု ကိုလက်ဆုပ်လက်ကိုင်ဖမ်းဆုပ် ဖော်ထုတ်ပြသည်ကိုမြင်လိုပါသည် ။ယခင်အမှုဟောင်းများလိုပဲလေထဲမှာကတိပေး၍ လေထဲမှာပျောက်ပျက်သွားလျှင်ဖြင်. ကျွန်တော် ကြားဖူးသော ကရင်မကြီး ဓားပြတိုက်ခံရသည်.ဖြစ်ရပ်နှင်.တူနေပါလိမ်.မည် ။
ဒုတိယကမ္ဘာစစ်ပြီးကာစ ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်ပြန်အ၀င် ဗရုတ်ဗရက်ကာလကြီးတွင် မြန်မာပြည်အောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် လက်နက်ကိုင် ဓားပြများအလွန်သောင်းကျန်းခဲ.ဖူးသည် ။ ဓားပြမှုများမှ နေရာအနှံ.ဖြစ်ပွားနေသော်လည်းတရားခံဟူ၍ လက်ဆုပ်လက်ကိုင်ဖမ်းဆီးနိုင်ခြင်းမရှိပေ ။တစ်နေ.တွင် ရွာတစ်ရွာ ရှိ ကရင်မကြီးတစ်ဦးအိမ်သို.ဓားပြ၀င်တိုက်လေ၏ ။ ကရင်မကြီးသည် သေနတ်ကိုင်ထားသောမျက်နှာဖုံးစွပ်လူဆိုးများကို ကြောက်အားလန်.အားနှင်.သူ.ကိုမသတ်ဖို.တိုးလျှိုးတောင်းပန်ရင်း ကွမ်းအစ်ထဲမှ ထုံးကိုလက်ဖြင်.ကော်၍ ဓားပြတစ်ဦး၏ သေနတ်ဒင်ကို မသိမသာ သုတ်ကာအမှတ်အသားပြုလိုက်သည်ဟူ၏ ။ ဓားပြကတော.ပစ္စည်းများကိုလုယက်ယူငင်ပြီးပြန်သွားသည် ။နောက်တစ်နေ.မနက်တွင်မြို.မှ ပုလိပ်တပ်ဖွဲ.များရောက်လာကြပြီး ကရင်မကြီးဓားပြတိုက်ခံရသည်ကိုလာရောက်စစ်ဆေးကြသည် ။
“ ဘယ်လိုဖြစ်သလဲကရင်မကြီး ၊ဓားပြတွေကိုမှတ်မိသလား “ ဟုပုလိပ်တပ်ဖွဲ.ခေါင်းဆောင်ကမေးသည် ။ထိုအခါခေါင်းဆောင်လုပ်သူပုလိပ်ကြီး၏သေနတ်ဒင်မှာညကသူအမှတ်အသားလုပ်ထားသောထုံးကွက်ကိုတွေ.သဖြင်. ရိုးသားသောကရင်မကြီးကရင်သံဝဲ၀ဲနှင်.အော်ငိုပုံမှာ
“ ညကလာတော.လဲနင်တို.ပဲ ။ အခုမနက်လာတော.လဲနင်တို.ပဲ ။ အမလေး ငါ.အဖြစ်ကဆိုးပါတယ်ဘယ်သူ.ကိုတိုင်ရမလဲဟဲ. “ ဟူ၍ဖြစ်သည် ။
ယခုလဲမြန်မာနိုင်ငံတွင်ဆက်တိုက်ပေါ်ပေါက်လာသော ပဋိပက္ခမီးမွှေးသူ ၊နောက်ကွယ်မှဖန်တီးသူအစစ်များကိုသမ္မတကြီးမှပြတ်ပြတ်သားသားဖော်ထုတ်ပေးစေလိုပါသည် ။ အများယောင်၍ရောယောင်ပါမိသူဒေသခံအချို.ကိုအရေးယူရုံမျှသာမက နောက်ကွယ်မှခိုင်းစေသောပင်ရင်းလက်သည်တရားခံအစစ်ကိုမျက်နှာကြီး၊မျက်နှာငယ်မရွေးဖော်ထုတ်ဖမ်းဆီး ပေးစေလိုပါသည်။ ထိုသို.မဟုတ်ပဲ ပါးစပ်မှပဲပြောနေရုံဆိုပါက ပြည်သူလူထုမှာ ကရင်မကြီးအော်ငိုသလိုပင်ငိုဖို.သာရှိတော.ပါကြောင်း ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၂၂.၇.၂၀၁၄
ကိုးကား ။ ။ဦးတင်ဦးပြန်ပြောပြတဲ.ဒီပဲယင်းလုပ်ကြံမှု ( သစ်ထူးလွင် ၊ ၃၀ မေ ၊ ၂၀၁၁ )

0 comments:

Post a Comment

Facebook Like Page