နာရေးကူညီမှုအသင်း
များတွင် အသုံးပြုနေသော နိဗ္ဗာန် ယာဉ်များအား အကောက်ခွန်မဲ့
လိုင်စင်ပြုလုပ်ပေးလျက်ရှိရာ အ ခြားကားများပါ လိုင်စင်လာ ရောက်
ပြုလုပ်သောကြောင့် ဇူလိုင် ၂၂ ရက် နောက်ပိုင်းမှ စ တင်ကာ ကားအမျိုးအစားကန့်
သတ်လိုက်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာန၊ ကုန်း
လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ဇူလိုင် ၂၂ ရက်မှစတင်ကာ အမှန်တကယ်နာရေးကားအဖြစ် အသုံးပြုမည့် အခေါင်းသယ်ယူ နိုင်မည့်အလျား ၇ ပေ၊ ဘေးပတ် လည်တွင် အကာရံပါရှိသော ကားများသာ လိုင်စင်ပြုလုပ်ပေးမည် ဖြစ်ပြီး ကားဘော်ဒီတွင်လည်း နိဗ္ဗာန်ယာဉ်ဟု စာတန်းရေးထိုးရ မည်ဖြစ်ကာ အသင်းအဖွဲ့အမည် နှင့် ဖုန်းနံပါတ်များပါရှိရမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထား သည်။
‘‘လောလောဆယ်တော့ စူပါကပ်စတန်လိုကားမျိုးတွေ အဓိက အကျုံးဝင်တာပေါ့။ ရှင်းရှင်းပြော ရရင် အလောင်းသယ်တဲ့ ယာဉ် တွေကို ကျွန်တော်တို့က လိုင်စင် လုပ်ပေးတာပါ။ နာရေးယာဉ်တွေ ကို လိုင်စင်လုပ်ပေးရင်းနဲ့ ကျယ် ပြန့်လာလို့ ဌာနက ညွှန်ကြားချက် အမိန့်ထွက်လာတာပါ။ အခုတော့ဌာနရဲ့ ညွှန်ကြားချက်နဲ့ မကိုက် ညီတဲ့ နာရေးယာဉ်ဆိုတာတွေကို လိုင်စင်လုပ်မပေးတော့ပါဘူး’’ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ (မန္တလေးတိုင်း ဒေသကြီး) မှတာဝန်ရှိသူတစ်ဦး ကပြောသည်။
မော်တော်ယာဉ်အသုံးပြုမှု များစနစ်တကျရှိစေရန်အတွက် လူမှုကူညီရေးအသင်းများတွင် အသုံးပြုနေသော နိဗ္ဗာန်ယာဉ် များအား ဇူလိုင် ၇ ရက်မှစတင်၍ အကောက်ခွန်စည်းကြပ်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကောက် ခံခြင်းမပြုဘဲ ကင်းလွတ်ခွင့်ပြု ကာ လိုင်စင်ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
နာရေးယာဉ်များအား လိုင် စင်ပြုလုပ်ပေးခြင်းကို တစ်နေရာ တည်းနှင့် အပြီး (OSS) စနစ်ဖြင့် ဇူလိုင် ၇ ရက်မှ ၃၁ ရက်အထိ ရုံး ဖွင့်ရက် ၁၈ ရက်အတွင်း ကညန ရုံးစိုက်ရာ မြို့များနှင့် ဝေးကွာ သော ဒေသများတွင် နယ်လှည့် အဖွဲ့များဖြင့် ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
‘‘လူမှုကူညီရေးအသင်း တွေမှာ အသုံးပြုတဲ့အခြားယာဉ် တွေ၊ တချို့ဘုန်းကြီးစီးကားလို မျိုးပေါ့။ တချို့က ကားအသစ် တွေဝယ်ပြီးတောင် လိုင်စင်လာ လုပ်ကြတာရှိတယ်။ အကူအညီ တောင်းလာရင် ၀န်ထမ်းတွေ လုပ်ရ၊ ကိုင်ရအခက်တွေ့မှာ စိုး ရတယ်။ အခုတော့ ဌာနက သတ် မှတ်လိုက်တဲ့အတိုင်း အသုဘ တွေအတွက် အသုံးပြုတဲ့ အ လောင်းသယ်တဲ့ကားတွေကိုပဲ လိုင်စင်လုပ်ပေးတော့တယ်’’ဟု အမည်မဖော်လိုသည့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ န
မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ဇူလိုင် ၇ ရက်မှ ၂၃ ရက်အ ထိ မန္တလေးမြို့
စွယ်တော်အနီးရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနသို့
လိုင်စင်လာရောက် လုပ်ကိုင်သည့် နာရေးယာဉ် ၇၂၉ စီးရှိခဲ့ကြောင်း
ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ (မန်း လေးတိုင်းဒေသကြီး) မှ
သတင်း ရရှိသည်။
http://www.7daydaily.com
By - မောင်တာ
ဇူလိုင် ၂၂ ရက်မှစတင်ကာ အမှန်တကယ်နာရေးကားအဖြစ် အသုံးပြုမည့် အခေါင်းသယ်ယူ နိုင်မည့်အလျား ၇ ပေ၊ ဘေးပတ် လည်တွင် အကာရံပါရှိသော ကားများသာ လိုင်စင်ပြုလုပ်ပေးမည် ဖြစ်ပြီး ကားဘော်ဒီတွင်လည်း နိဗ္ဗာန်ယာဉ်ဟု စာတန်းရေးထိုးရ မည်ဖြစ်ကာ အသင်းအဖွဲ့အမည် နှင့် ဖုန်းနံပါတ်များပါရှိရမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထား သည်။
‘‘လောလောဆယ်တော့ စူပါကပ်စတန်လိုကားမျိုးတွေ အဓိက အကျုံးဝင်တာပေါ့။ ရှင်းရှင်းပြော ရရင် အလောင်းသယ်တဲ့ ယာဉ် တွေကို ကျွန်တော်တို့က လိုင်စင် လုပ်ပေးတာပါ။ နာရေးယာဉ်တွေ ကို လိုင်စင်လုပ်ပေးရင်းနဲ့ ကျယ် ပြန့်လာလို့ ဌာနက ညွှန်ကြားချက် အမိန့်ထွက်လာတာပါ။ အခုတော့ဌာနရဲ့ ညွှန်ကြားချက်နဲ့ မကိုက် ညီတဲ့ နာရေးယာဉ်ဆိုတာတွေကို လိုင်စင်လုပ်မပေးတော့ပါဘူး’’ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ (မန္တလေးတိုင်း ဒေသကြီး) မှတာဝန်ရှိသူတစ်ဦး ကပြောသည်။
မော်တော်ယာဉ်အသုံးပြုမှု များစနစ်တကျရှိစေရန်အတွက် လူမှုကူညီရေးအသင်းများတွင် အသုံးပြုနေသော နိဗ္ဗာန်ယာဉ် များအား ဇူလိုင် ၇ ရက်မှစတင်၍ အကောက်ခွန်စည်းကြပ်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကောက် ခံခြင်းမပြုဘဲ ကင်းလွတ်ခွင့်ပြု ကာ လိုင်စင်ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
နာရေးယာဉ်များအား လိုင် စင်ပြုလုပ်ပေးခြင်းကို တစ်နေရာ တည်းနှင့် အပြီး (OSS) စနစ်ဖြင့် ဇူလိုင် ၇ ရက်မှ ၃၁ ရက်အထိ ရုံး ဖွင့်ရက် ၁၈ ရက်အတွင်း ကညန ရုံးစိုက်ရာ မြို့များနှင့် ဝေးကွာ သော ဒေသများတွင် နယ်လှည့် အဖွဲ့များဖြင့် ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
‘‘လူမှုကူညီရေးအသင်း တွေမှာ အသုံးပြုတဲ့အခြားယာဉ် တွေ၊ တချို့ဘုန်းကြီးစီးကားလို မျိုးပေါ့။ တချို့က ကားအသစ် တွေဝယ်ပြီးတောင် လိုင်စင်လာ လုပ်ကြတာရှိတယ်။ အကူအညီ တောင်းလာရင် ၀န်ထမ်းတွေ လုပ်ရ၊ ကိုင်ရအခက်တွေ့မှာ စိုး ရတယ်။ အခုတော့ ဌာနက သတ် မှတ်လိုက်တဲ့အတိုင်း အသုဘ တွေအတွက် အသုံးပြုတဲ့ အ လောင်းသယ်တဲ့ကားတွေကိုပဲ လိုင်စင်လုပ်ပေးတော့တယ်’’ဟု အမည်မဖော်လိုသည့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ
http://www.7daydaily.com
By - မောင်တာ
0 comments:
Post a Comment