Thursday, July 24, 2014

ဘုရားချစ်ခင်သူတော်စင်အပေါင်း ဝယ်ယူစားသောက်အားပေးခဲ့သော ငွေများဖြင့် အီဖူးထမင်းဆိုင်မိသားစုမှအလှူအား ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ဆိုနှိုင်ပါရန် ပြည့်သဲမောင်(ပြည်)

Leave a Comment


ဘုရားချစ်ခင်သူတော်စင်အပေါင်း ဝယ်ယူစားသောက်အားပေးခဲ့သော ငွေများဖြင့်
အီဖူးထမင်းဆိုင်မိသားစုမှအလှူအား ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ဆိုနှိုင်ပါရန်
ပြည့်သဲမောင်(ပြည်)



ပြည်မြို့ ရွှေဟင်္သာအနောက်ပေါက် စက်မှုဇုန်လမ်းဘေးရှိ မကြာသေးမီက
ဖွင့်လှစ်လိုက်သော ဦးအောင်သိန်းဦး+ဒေါ်ဖြူဖြူခိုင် တို့၏ အိဖူးထမင်းဆိုင်
သည်လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး“ဆံတော်ဗျာဒိတ်ပေး
ဘုရား” ဝါဆိုလပြည့်ကျော်(၁၁)ရက်၂၂.၇.၂၀၁၄ရက်နေ့ မြို့သစ်သို့အထူးပင့်
ဆောင်၍ အလှူခံအပူဇော်ခံရာတွင်ဗုဒ္ဓံ ၊ ဓမံ္မ၊သံဃာ ၀ါတွင်းနိဗာန်ဆော်အဖွဲ့
သာများအား အဟာရဒါနနေ့လည်စာ ထမင်းဟင်းနှင့်အအေး ကွမ်းယာ
ဆေးလိပ်လိုလေသေးမရှိ ပြည့်စုံစွာကျွေးမွေးလှူဒါန်းခဲ့ပြီး လေးဆူဓါတ်ပျော်
ရွှေဆံတော်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူငွေများ
လှူဒါန်းခဲ့ပါသည်။

ထို့အပြင် အခြားသောအလှူရှင်များမှလဲ မိမိတတ်နိုင်သမျှအဟာရဒါနများ လေး
ဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန်အတွက် အ
လှူငွေများ လှူဒါန်း ခဲ့ကျပါသဖြင့် ဘုရားချစ်ခင်သူတော်စင်အပေါင်း ဝမ်းမြောက်
ဝမ်းသာ သာဓုခေါ်ဆိုနှိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်နိုးဆော်ရင်းဘုရားချစ်ခင်သူတော်
စင်အပေါင်းတို့ စည်းပွားလဘ်လာဘတွေ ပေါကြွယ်ဝကာအရောင်းအဝယ်
များကောင်းပြီး ရှေးထက်ပိုကာသဒ္ဓါဟောင်းပေါ် သဒ္ဓါသစ်ထပ်လောင်း၍
အလှူရေစက်လက်နဲ့မကွာ လှူတန်းနှိုင်ကျပါစေလို့နိဗ္ဗာန်ကိုယ်ရည်မျှော်မှန်းကာ
အကျိုးမျှော်နှိုးဆော်လိုက်ရပါတယ် ဘုရားချစ်ခင်သူတော်စင်အပေါင်း
တို့ခင်ဗျာ………….

နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်ပေးနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page