ခေတ်သစ်အစိုးရ သမ္မတကပြောတယ်
မန်းလေးကဒုက္ခအပူမီး
မီဒီယာတွေကြောင့်တဲ့ ရှည်လျားတဲ့
ဝါးလုံးနဲ့သိမ်းရိုက် ငပြူးက ငပြဲပြန်ချောက်
မကုန်သေးတဲ့ အာဏာရှင်စနစ် နောက်ဆုံး
အပြစ်တွေပုံချခံရတယ် ဘယ်တုန်းကများ
ပြည်သတင်းအွန်လိုင်းမှာ မန်းလေးကိစ္စ
ရေးသားဖော်ပြခဲ့ဘူးလို့လား
တွေးကြည့် ပြေးကြည့်စရာမလို မီဒီယာအပိုတွေကြောင့် ကလောင်ထက်ကဓားသွား
ကျောက်ပြားပေါ်အပွတ်ခံရ သပွတ်သီးလိုဖြစ်နေတယ် အူလည်လည်မိန့်ခွန်းပြောစကား ကြားရတာ နားဝမှာလာညိနေတယ် ဆရာကြီးလေသံတွေနဲ့ အဖြေမှန်လည်းမပေးခဲ့ဘူး အခြေအနေမထူးပြီမို့ လေပွေရူးတွေတိုက်နေပြီ ပြောင်ပြောင် ပြောရရင်
မောင်မောင်ဒေါပွလာပြီမို့ သောကတွေရင်မှာပိုက်ထွေး ပြည်သူသာ မကြည်ဖြူရင် ဒီလူဗိုက်ပြည့်မှာမဟုတ်ဘူး....
ပြည်သတင်းလူငယ်.......
0 comments:
Post a Comment