Thursday, July 3, 2014

ညစ်ညမ်းစာပေရေးမှ အနုပညာလား သရ၀ဏ်(ပြည်)

Leave a Comment
ညစ်ညမ်းစာပေရေးမှ အနုပညာလား

သရ၀ဏ်(ပြည်)

လက်မောင်းသားလေးတွေ ၊ ၀မ်းဗိုက်သားနဲ.ပေါင်တန်လေးတွေ ၊ သူ.ကိုယ်ခန္စာအရေပြားပေါ် အနမ်းတွေအဆက်မပြတ်ထိတွေ.လှုပ်ရှားနေရင်း ကျွန်တော်တို.နှစ်ယောက်လိင်စိတ်နိုးကြားလာကြတယ် ။
“ကိုယ်ကအရမ်းနူးညံ.သိမ်မွေ.တာပဲ ၊ကိုယ်လဲအနုပညာဆန်တယ် “
“ အင်းပစ္စည်းကိုနမ်းမယ်လေ ၊အတွင်းခံချွတ်လိုက်နော် “
“ အားအရမ်းယားနေပြီကိုရယ်တော်ပါတော. “

စာဖတ်သူများခင်ဗျာ ။ အထက်ပါစာသားများမှာ ခိုးကြောင်ခိုးဝှက်ထုတ်ဝေသော အပြာစာအုပ်များထဲမှ စာသားများမဟုတ်ပါ ။ ယခုတလောနာမည်ကြီးနေသောကဗျာဆရာတစ်ယောက်၏လုံးချင်းဝတ္တုစာမျက်နှာ (၆၃)မှကောက်နုတ်ချက် စာသားများသာဖြစ်ပါသည် ။ ယခုထက်ပို၍ ရုန်.ရင်းကြမ်းတမ်းသော အဖွဲ.အနွဲ.များပါရှိသေးသော်လည်း သူ.ကိုကြော်ငြာပေးသလိုဖြစ်မည်စိုးသည်.အပြင် ၊စာဖတ်သူများကိုလေးစားသောအားဖြင်. လုံးစေ.ပါတ်စေ.စာတစ်မျက်နှာအပြည်.အ၀မဖော်ပြတော.ပါ ။
အမှန်စင်စစ်ကျွန်တော်သည် ရှေးရိုးစွဲဝါဒီ (ကွန်ဆာဗေးတစ်တဦး မဟုတ်ပါ ) ။ ထို.အတူ ဆန်းလျင်ပြီးရော ၊ ခြေထောက်ပန်းပန်လဲဖြစ်သည်ဟု အနောက်တိုင်းက လူတွေလုပ်သမျှရောယောင်ထောက်ခံသူလည်းမဟုတ်ပါ ။ အရာရာကိုမိမိ ကိုယ်ပိုင်ဥာဏ်ဖြင်.သင်.မသင်.ချင်.ချိန်တိုင်းထွာပြီးမှ လက်ခံသင်. မခံသင်.ဆုံးဖြတ်ပါသည် ။

ပထမဆုံးကျွန်တော်တို. စဉ်းစားရမည်မှာ မြန်မာတစ်နိုင်ငံလုံးကချွေးနှင်.သွေးနှင်.ရင်း၍ တိုက်ယူခဲ.သော လွတ်လပ်စွာရေးသားထုတ်ဝေခွင်. ( Freedom of Press ) ဆိုသည်မှာ ဒါမျိုးမဟုတ်ပါ ။ အနုပညာသမားသည် သူ၏အနုပညာလက်ရာတစ်ခုကိုဖန်တီးရာတွင် ဘောင်အကန်.အသတ်မရှိပဲလွတ်လပ်စွာဖန်တီးခွင်. ( Poetic Licence ) ရှိသည်ကို ကျွန်တော်သဘောတူလက်ခံပါသည် ။ ထိုလွတ်လပ်ခွင်.အရ စာရေးဆရာချစ်ဦးညိုသည် ဒဿဂီရိဆိုသော ဒဏ္ဍာရီထဲမှ လူဆိုးကြီးကို သနားစဖွယ်ဖြစ်လာအောင် အဓိကဇာတ်ဆောင်နေရာမှထားကာဖွဲ.နွဲ.ခဲ.သည် ။ ဆရာနိုင်ဝင်းဆွေသည် မဟူရာမေတ္တာ ၀တ္တုထဲတွင် ပန်ထွာမင်းသမီးနှင်.စိတ်ကူးယဉ်ဇာတ်ကောင် လူငယ်တစ်ဦးကို မေတ္တာမျှစေခဲ.သည် ။ အရာရာသည်စာရေးဆရာတို.၏စိတ်ကူးစိတ်သန်းမှပေါက်ဖွားလာပါသည် ။ စာရေးဆရာသည် သူ.စိတ်ကူးထဲမှာရှိသမျှကို ဒီမိုကရေစီကျင်.စဉ်အောက်တွင် လွပ်လပ်စွာထုတ်ဖော်ခွင်.ရှိပါသည် ။ သို.သော်မိမိဖန်တီးရုံမျှဖြင်.ပြဿနာမရှိ ၊ အများသိအောင်မြင်အောင် ဖတ်အောင်တရားဝင် ပုံနှိပ်ဖြန်.ချိ ၊ထုတ်ဝေပြီဆိုလျင် ဖြစ်လာသမျှကွင်းဆက်များအားလုံးကိုစာရေးသူကတာဝန်ယူရတော.မည် ။ လွတ်လပ်ပြီဆိုပြီးလမ်းဘေးတွင်ဆေးရိုးလှမ်းခြင်းကား မလုပ်သင်.သောလုပ်ရပ်ဖြစ်သည် ။

စာပေစီစစ်ရေးအလိုမရှိဟုကျွန်တော်တို.အလေးအနက်တောင်းဆိုခဲ.ခြင်းမှာ အထက်ပါအရေးအသားများတရားဝင်ရေးခွင်.ရချင်သောကြောင်.မဟုတ် ။ ဒီမိုကရေစီ၌ Right and Duty ဟူ၍ ရှိရာ အခွင်.အရေးနှင်.တာဝန်ကို အတူတကွ လက်သင်.ခံရပေမည် ။ လွတ်လပ်မှုအခွင်.အရေးနည်းတူ တာဝန်ယူမှုဆိုသည်လည်းရှိသင်.ပေသည် ။ လိင်ဆက်ဆံခြင်းသည် လူတိုင်းနှင်.မကင်းသောကြောင်. လူတိုင်းသိအောင်ရေးခြင်းသည် အပြစ်မရှိဆိုသည်မှာ အရူးတစ်ယောက်လက်၌ ဓါးအပ်လိုက်ပြီးလွတ်လပ်စွာခုတ်ခွင်.ပြုလိုက်သည်နှင်.တူပေ၏ ။ လူသည် အ၀တ်အစားမပါပဲ ကိုယ်လုံးတီးမွေးဖွားလာသူများဖြစ်ရာ ကိုယ်လုံးတီးနေခြင်းမှာသဘာဝကျသည်ဟုယူဆကာလူစည်ကားရာလမ်းဆုံလမ်းခွများတွင်သွားရောက်နေပါ ချေက ဒီမိုကရေစီအထွန်းကားဆုံး အမေရိကန်ပြည်ထောင်စုတွင်ပင် အများပြည်သူကို အနှောက်အယှက်ပေးမှုဖြင်.ဖမ်းဆီးတရားစွဲဆိုခြင်းခံရပေမည် ။ဆိုလိုသည်မှာ လူတစ်ယောက်ခြင်းတွင်ကိုယ်ကြိုက်တာ တွေးခွင်. ၊ရေးခွင်.၊ပြောခွင်.ရှိသော်လည်း လူသည်တစ်ယောက်တည်းနေသောသတ္တ၀ါမဟုတ် ၊ လူ.အသိုင်းအ၀ိုင်းနှင်.နေသောသတ္တ၀ါဖြစ်ရာ လူ.အသိုင်းအ၀ိုင်းကိုပါထည်.တွက်ရပေမည် ။ ကိုယ်တစ်ယောက်ထဲအတွက်မှန်၍ အများဖြစ်ချင်ရာဖြစ်ဆိုသည်မှာ စစ်မှန်သောဒီမိုကရေစီမဟုတ်ချေ ။

အစိုးရသည် နဂိုထဲကမှ တိုင်းသူပြည်သားများကိုဒီမိုကရေစီနှင်. လူ.အခွင်.အရေးများကိုအပြည်.အ၀မပေးချင်ပေ ။ စည်းကမ်းပြည်.၀သောဒီမိုကရေစီ ၊ Guided Democracy စသည်ဖြင်. အာဏာရှင်ဒီမိုကရေစီကိုသာပေးဖို. ကြိုးစားနေသည်မှာကမ္ဘာကအသိဖြစ်သည် ။ ထိုအချိန်မျိုးတွင် သည်လိုစာအုပ်မျိုးကိုတရားဝင်ထုတ်ဝေလိုက်သည်မှာ အနုပညာသမားရှုထောင်.မှမိမိဘာသာ မှန်သည်ဟုပင်ဆိုဦးတော. အစိုးရဘက်မှ ဒီမိုကရေစီ၏ ဖောက်လွဲဖောက်ပြန်ပျက်စီးမှုများ ဟုတံဆိပ်ကပ်ကာဝါဒဖြန်.ခွင်.ရသွားမည်ဖြစ်သည် ။ဒီမိုကရေစီအကြောင်းအမြဲတမ်းမကောင်းပြောချင်နေကြသောစစ်အစိုးရဘက်တော်သားများ၊ရမယ်ရှာအကြောင်းပြစရာဖြစ်သွားပေလိမ်.မည် ။ ဤစာအုပ်သာမဟုတ် မြန်မာနိုင်ငံတွင် အချိန်တိုအတွင်းဟုန်းကနဲကျော်ကြားလာသော ခရိုနီအချို.ကိုအမြဲတမ်းရန်ထောင်ပုတ်ခတ်ရေးသားသောဂျာနယ်တစ်စောင်ကိုပင် စာပေလောကသားအစစ်များသည် အားပေးထောက်ခံမှုမရှိပါချေ ။အကြောင်းမှာ နုနယ်လှသေးသောစာပေလွတ်လပ်ခွင်.သည် ဤကဲ.သို.ပါတ်ကြမ်းတိုက်လာသောအမုန်းတရားတိုးပွားရေး စာစောင်ဂျာနယ်များကြောင်. ပျက်စီးပြိုကွဲသွားမှာကိုစိုးရိမ်၍ဖြစ်သည် ။ အစိုးရကိုဝေဖန်ခြင်းကိုထောက်ခံပေသည်။သို.သော် ပုဂ္ဂိုလ်ရေး ငယ်ကျိုးငယ်နာဖော်၍ ကလော်ဆဲခြင်းသည် ဂျာနယ်လစ်များ၊ စာရေးဆရာအစစ်များလုပ်ရမည်.အလုပ်မဟုတ် ၊ ငါးစိမ်းတန်းမှဈေးသည်များရန်ဖြစ် နပန်းလုံးသောအခါ ကြားရလေ.ရှိသောစကားများသာဖြစ်၍ စာမဖတ်လဲကြားနေကြစာလုံးများဖြစ်ပေသည် ။

ဒုတိယအချက်မှာ ညစ်ညမ်းစာပေများကိုတစ်တစ်ခွခွထည်.သွင်းရေးသားမှအနုပညာမြောက်သလား ၊ မော်ဒန်စာပေဖြစ်သလားဟူသောမေးခွန်းဖြစ်သည် ။ ဇာတ်လမ်းဇာတ်ကွက်အရ လိုအပ်ပါက လိင်ဆက်ဆံခန်းများကိုထည်.သွင်းရေးသားသောအစဉ်အလာသည်ကမ္ဘာ.စာပေမှာလဲရှိခဲ.ပါသည် ။ မြန်မာ.စာပေမှာလဲရှိခဲ.သည် ။ သို.သော် အဓိကအချက်မှာစာအုပ်တစ်အုပ်လုံးအနုပညာမြောက်ဖို.အတွက်လိုအပ်လွန်း၍်မရှိမဖြစ်အပြာဇာတ်ဝင်ခန်းများကိုခပ်ဖော.ဖော.ထည်.သွင်းထားခြင်းအားအနုပညာရှုထောင်.မှလက်သင်.ခံနိုင်ဖွယ်ရှိသော်လည်း အနုပညာမြောက်မြောက်မမြောက်မြောက် လူစိတ်ဝင်စားအောင် အပြာခန်းများဖောဖောသီသီထည်.ထားလျင်မူကား အပေါစားစာပေအဆင်.သို.လျှောကျသွားပေမည် ။ သံပုရာရည်ဖျော်ရာတွင် သကြားနှင်.ဆားအနည်းငယ်လိုအပ်သော်လည်း ဆား နှင်.သကြားကိုလိုအပ်သောပမာဏထက်ပိုထည်.ခဲ.လျင် အော.နှလုံးနာစရာအဖြစ်သို.ရောက်သွားပေမည် ။

ကမ္ဘာ.စာပေ၌ ထင်ရှားကျော်ကြားသော D.H Lawrence ဆိုသောစာရေးဆရာကြီးသည် ၁၉၂၈ တွင် လေဒီချာတာလီ၏ချစ်သူ ( Lady Chatterley’s Lover ) ဟူသော ၀တ္တုကို အီတလီ၌ရေးသားထုတ်ဝေခဲ.ပါသည် ။ဇာတ်လမ်းမှာ အထက်တန်းလွှာအသိုင်းအ၀ိုင်းမှ ချာတာလီဆိုသောလင်မယားနှစ်ယောက်ရှိကြပါသည် ။ ယောက်ကျားဖြစ်သူ ကလစ်ဖို.ဒ်ချာတာလီ(Clifford Chatterley )သည်စစ်အတွင်းကရသောဒဏ်ဖြင်.ခန္စာကိုယ်အောက်တစ်ပိုင်းလေဖြတ်သွားသည် ။မယားဖြစ်သူ လေဒီချာတာလီကိုလည်းသိပ်ပြီး ကြင်ကြင်နာနာမဆက်ဆန် ၊ မှန်တန်းသာဆက်ဆံသည် ။ လူကတော. ချမ်းသာသောလူကြီးလူကောင်းတစ်ယောက်ဖြစ်သည် ။ သူ.တွင်အလွန်ကျယ်သော ဥယျာဉ်ကြီးတစ်ခုရှိရာ ထိုဥယျာဉ်ကိုထိန်းသိမ်းစောင်.ရှောက်ရန်ငှားထားသော အလုပ်သမား အိုလီဗာမယ်လာ (Oliver Mellors ) ဆိုသော လူတစ်ယောက်သည် တောအုပ်ထဲတွင် သစ်လုံးအိမ်ကလေးဖြင်.တစ်ယောက်တည်းနေ၏ ။ချမ်းသာသော်လည်း မေတ္တာငတ်နေသော လေဒီချာတာလီသည် တောထဲသို.သွားလည်ရင်း အလုပ်သမားဖြစ်သော အိုလီဗာနှင်. ညိကြတော.သည် ။ အဆင်.အတန်းတူသော်လည်း မေတ္တာငတ်သောဘ၀၊ လိင်ကိစ္စအလိုမကျသောဘ၀ကတစ်ဖက် ၊ အဆင်.အတန်းမတူသော်လည်း ကာမဂုဏ်အာရုံကို ကြေနပ်မှုပေးနိုင်သော ချစ်ခြင်းမေတ္တာ ကတစ်ဖက် ၊ စိတ်နှင်. ရုပ် ။ ခန္တာကိုယ်နှင်. စိတ်ခံစားမှု ၊ ဇာတ်ခွဲခြားမှု နှင်. လူမှုရေးပဋိပက္ခ များကို စာရေးဆရာ ဒီအိပ်ခ်ျလောရင်.(စ်) ကပွင်.ပွင်.လင်းလင်းအပြာခန်းများကိုပါထည်.ရေးခဲ.သည် ။

ပွင်.လင်းသောလူ.အဖွဲ.အစည်းဖြစ်သည်.ဒီမိုကရေစီဘိုးအေ အင်္ဂလန်နိုင်ငံမှာပင် ၁၉၆၀ ၌ ပင်ဂွင်းစာအုပ်တိုက်က ဗြိတိန်တွင်ဖြန်.ချိသောအခါ ၀တ္တုကိုလက်မခံပဲ ၁၉၅၉ ညစ်ညမ်းစာပေထုတ်ဝေမှုတားဆီးရေးဥပဒေ ဖြင်. စာရေးဆရာနှင်.စာအုပ်တိုက်ကိုရုံးတင်တရားစွဲခဲ.သည် ။ ထိုဥပဒေမှာ ညစ်ညမ်းစာပေအဖြစ်တရားစွဲခံရသောစာအုပ်တစ်အုပ်သည် စာပေအနုပညာလက်ရာမြောက်ကြောင်း ခိုင်လုံစွာသက်သေပြနိုင်လျင် တရားစွဲခြင်းမှကင်းလွတ်ခွင်.ရနိုင်ပေသည် ။ တရားစွဲသူများက လေဒီချာတာလီစာအုပ်တွင် Fuck ဆိုသောစာလုံးမကြာခနပါနေခြင်း ၊ အမျိုးသမီးတန်ဆာကိုရည်ညွှန်းသော Cunt ဆိုသောစာလုံးမကြာခနပါနေခြင်းတို.ကိုထောက်ပြကြသည် ။ စာရေးဆရာ E.M Foster ၊ စာပေဝေဖန်ရေးပညာရှင် ပါမောက္ခ Helen Gardner ၊ အင်္ဂလိပ်စာပေနှင်.လူမှုဗေဒပညာရှင် Richard Hoggort အတွေးအခေါ်ပညာရှင် Raymond Williams ၊ နိုင်ငံရေးသမား ၊ဥပဒေပညာရှင်Norman St John- Stevas စသည်.ဗြိတိန်နိုင်ငံ၏ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များကို သက်သေအဖြစ်ခေါ်ယူမေးမြန်းခဲ.သည် ။ နောက်ဆုံးတွင် ၁၉၆၀ ၌ အမိန်.ချခဲ.ရာ ဂျူရီလူကြီးများအနက် အမျိုးသမီး (၃) ဦးနှင်. အမျိုးသား (၉) ဦး ၊ ပေါင်း (၁၂)ဦးက အပြစ်မရှိ ဆိုသော မဲကိုပေးခဲ.ကြသဖြင်.ပင်ဂွင်းစာအုပ်တိုက်နှင်.စာရေးဆရာလည်း အရေးယူခံရမည်.ဘေးမှကင်းဝေးသွားသည် ။

သြစတေးလျနိုင်ငံတွင်မူ ဤစာအုပ်ကိုထုတ်ဝေခွင်.ပိတ်ပင်ခဲ.သည.်အပြင် လေဒီချာတာလီ၏ချစ်သူစာအုပ်အမှုရင်ဆိုင်ရခြင်း ( The Trial of Lady Chatterley ) စာအုပ်ကိုလည်းပိတ်ပင်ခဲ.သည် ။ ကနေဒါနိုင်ငံတွင်လည်း လေဒီချာတာလီစာအုပ်ကို ညစ်ညမ်းစာပေဟုသတ်မှတ်ကာ ထုတ်ဝေပြီး နှစ် (၃၀)ခန်.ပိတ်ပင်ခဲ.သည် ။ အမေရိကန်နိုင်ငံတွင်လည်း နိုင်ငံခြားစာအုပ်များထဲတွင် ၊ Tropic of Cancer ၊ Funny Hill စာအုပ်များနှင်းအတူ လေဒီချာတာလီ၏ချစ်သူစာအုပ်မှာ ပိတ်ပင်ခံခဲ.ရသည် ။ ဂျပန်တွင်ထိုစာအုပ်ကိုဘာသာပြန်ထုတ်ဝေမိ၍ ၁၉၅၇ တွင် ထုတ်ဝေသူကိုယန်းနှစ်သိန်းခွဲ ၊ ဘာသာပြန်သူကို ယန်းတစ်သိန်းစီဒဏ်ငွေပေးဆောင်ရန်အမိန်.ချမှတ်ခဲ.သည် ။ အိန္ဒိယတွင်လည်းအငြင်းအခုန်များစွာဖြစ်ပြီး၁၉၆၄တွင် ထိုစာအုပ်ကို ပိတ်ပင်ခဲ.သည် ။

ဆိုလိုရင်းမှာလွတ်လပ်ပါသည်ဟူသော ဒီမိုကရေစီဘိုးအေနိုင်ငံတွေမှာပင် ညစ်ညမ်းစာပေကို လူ.အသိုင်းအ၀ိုင်းကလက်သင်.မခံပါ ။သူတို.နိုင်ငံမှာပင် ညစ်ညမ်းစာပေနှင်.အနုပညာကို တရားတပေါင်ရင်ဆိုင်ရသည်အထိ အငြင်းပွားခဲ.ကြရသည် ။ လေဒီချာတာလေ၏ချစ်သူသည် စာပေအနုပညာတန်းဝင်နေ၍သာယနေ.အချိန်အထိ ကမ္ဘာကလက်ခံထားသောသောလက်ရာဖြစ်သည် ။ အနုပညာအရည်ခြုံ၍ အပြာစာအုပ်ဖြစ်ခဲ.ပါက တိမ်မြုပ်ပျောက်ကွယ်သွားမည်ဖြစ်သည် ။ ထိုလက်ရာကိုအားကျ၍လောမသိ မြန်မာကဗျာဆရာအောင်ရင်ငြိမ်းကလည်း အပြာဆန်ဆန်စာအုပ်တစ်အုပ်ထုတ်လာသည် ။သူကတော. သူ.၀တ္တုမှာအပြာစာအုပ်မဟုတ်ပါဟုဆိုလာသည် ။ ပြန်ကြားရေးဝန်ကြီးဌာနကတရားစွဲမည်ဟုဆို၏် ။

တကယ်တော.မြန်မာနိုင်ငံဝယ် ယခုကာလသည် နိုင်ငံရေးလမ်းဆုံလမ်းခွသို.ရောက်နေသောအလွန်အရေးကြီးသည်.ကာလဖြစ်သည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြုပြင်ရေး၊ပုဒ်မ၄၃၆ပြုပြင်ရေးကိုNLDနှင်.ပြည်သူများသည်တစိုက်မတ်မတ်တောင်းဆို နေ၏ ။ ထိုနိုင်ငံရေးရေချိန်မြင်.လာမှုကိုတန်ပြန်သည်.အနေဖြင်. သက်ဆိုင်ရာအာဏာပိုင်တို.သည် မဟာသန္တိသုခဆိုသော ဘာသာရေးဗုံးတစ်လုံးကိုဖောက်ခွဲလိုက်၏ ။ဘုန်းတော်ကြီးများကို လူဝတ်လဲပြီးအင်းစိန်ထောင်သို.ပို.လိုက်ခြင်းဖြင်. ၂၀၀၇ သံဃာအရေးတော်ပုံလိုပြန်ဖြစ်စေရန်ဖန်တီး၏။ ဦးဆန်းဆင်.ကိုဖမ်းဆီးခြင်းဟူသော နောက်ထပ် အာရုံလွှဲပြောင်းမှု ဗုံးတစ်လုံးကိုခွဲလိုက်၏ ။ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတာဝန်မှအနားယူခွင်.ပြုသည်ဟူသောလှည်.ကွက်တစ်ခုပေါ်လာ၏ ။ နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော်တပ်မတော်သားကိုယ်စားလှယ်အဖြစ်လွှတ်လိုက်၏ ။ ကြိုတင်ခွင်ဆင်ထားသည်.အတိုင်းပင်နောက်တစ်ရက်၌ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခန်.လိုက်၏ ။သာသနာရေးဒုဝန်ကြီးဦးစိုးဝင်းကို သာသနာရေးဝန်ကြီးခန်.လိုက်၏။ နဂိုထဲကစည်းဝါးရိုက်ခွင်ချထားသောတစ်ခါလာလဲမည်းပြာပုဆိုးကိစ္စမို.ပြည်သူလူထုကဘာမှ ပြောင်းလဲသည်ဟုမမြင်ကြပေ ။ ကုလားကြီးနှင်.အရာကြီးအတူတူပဲဖြစ်သည် ။ ထိုအချိန်တွင် သခွပ်ပင်ကမီးတကျည်ကျည်ဆိုသလို ပြည်သူကြား၌ပြောစရာစကားတစ်ခွန်းဖြစ်ပေါ်လာသည် ။ ညစ်ညမ်းအရေးအသားများပါသောစာအုပ်တစ်အုပ်တရားဝင်ထွက်ရှိလာခြင်းဖြစ်သည် ။အရေးကောင်းမှဒိန်းဒေါင်းဖျက်ခြင်းဖြစ်သည် ။တိုင်းပြည်အတွက် ငြင်းခုန်မှုလမ်းကြောင်းလွဲသွားရုံကလွဲ၍ဘယ်သူ.အတွက်မှအကျိုးမရှိသောကိစ္စ ဖြစ်ပါသည် ။ဒီမိုကရေစီဆိုသည်မှာ ဒါလားဟု ဆန်.ကျင်ဘက်ဂိုဏ်းသားများစွပ်စွဲစရာအကွက်ရသွားနိုင်သော ကိစ္စဖြစ်သည် ။ ဒီလိုလက်ရာတွေကြောင်.စာပေစီစစ်ရေးလိုသည်ဟု နောက်ကြောင်းပြန်သမားများ စာပေကင်ပေတိုင်ရုံးကို ပြန်လည်တမ်းတလာစေသောလုပ်ရပ်ဖြစ်သည် ။

အောင်ရင်ငြိမ်းသည် မော်ဒန်ကဗျာဆရာတစ်ဦးဖြစ်သည် ။ သူသည် Neo Modern ဟူသော မော်ဒန်လက်သစ် ဂိုဏ်းကို အခြားကဗျာဆရာအနည်းငယ်နှင်.ပူးတွဲတည်ထောင်ထား၏ ။ ယခုသူရေးလိုက်သောစာအုပ်မှာ မော်ဒန်ဝါဒဟုသူယုံကြည်ကာရေးလိုက်သည်လား ။ နာမည်ကြီးပြီးရောစတန်.ထွင်ကာအနုပညာဆပ်ပြာဘူပေါင်းဖောက်လိုက်တာလား ။ အနောက်တိုင်းကလုပ်လျင် ဘာမဆိုလိုက်လုပ်မယ်ဟု အနုပညာသူငယ်နာမစင်သောလုပ်ရပ်လား ၊ သူကိုယ်တိုင်ပဲသိလိမ်.မည် ။ကိုယ်ရေးသောစာအုပ်အားကိုယ်.အမေ ကိုပင်ပေးမဖတ်ဝံ.ပါကတစ်ခုခုတော.မှားနေပြီဟုဆိုရတော.မည် ။

လေဒီချာတာလီ၏ချစ်သူဝတ္တုတွင်လဲ ညစ်ညမ်းခန်းတွေပါသည်။
မာတာဟာရီဝတ္တုတွင်လဲညစ်ညမ်းခန်းတွေပါသည် ။
Basic Instinct ရုပ်ရှင်တွင်လဲ လိင်ပြကွက်တွေပါပါသည် ။
ဒဂုန်တာရာ ၏ မေ ၀တ္တုမှာလဲ လိင်ဆက်ဆံခန်းပါပေသည် ။
ဦးနု၏ကာမတဏာဝတ္တုလည်းလိင်ကိစ္စတွေပါဝင်၏ ။
သို.သော် ဒီအိပ်(ခ်ျ)လောရင်.(စ်) တို.၊ ဒဂုန်တာရာတို. ၊ ဦးနုတို.နှင်. အပြာစာအုပ်ရေးသမား များကို အဓိကပိုင်းခြားထားသည်မှာ အနုပညာဆိုသောတံတိုင်းကြီးဖြစ်သည် ။ လူပြိန်းကြိုက်အပြာဝတ္တုရေးဆရာတွေတွင် ကာမအကြောင်းတစ်တစ်ခွခွရေးသည်မှလွဲ၍ ဘာအနုပညာမှမပါပေ ။ ညစ်ညမ်းဇာတ်ဝင်ခန်းတွေထည်.ရေးမှ Neo Modern ဖြစ်မည်ဆိုပါက အောင်ရင်ငြိမ်းမှာ မည်သည်.အခါမှမော်ဒန်မဖြစ်နိုင်တော.။ အဘယ်.ကြောင်.ဆိုသော် ဤညစ်ညမ်းစာပေအရေးအသားမျိုးကိုမြန်မာနိုင်ငံတွင်လွန်ခဲ.သောနှစ် နှစ်ဆယ် ၊အစိတ်ကပင် အပြာစာအုပ်ရေးသမား ရတနာဝင်းထိန်တို.အဖွဲ.က အောင်မြင်စွာရေးသားခဲ.ပြီးသွား၍ဖြစ်ပေသည် ။

သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၈.၇.၂၀၁၄


0 comments:

Post a Comment

Facebook Like Page