Thursday, July 10, 2014

အဓမ္မတရားက မဖြိုနိုင်တဲ့ 7 July

Leave a Comment
အဓမ္မတရားက မဖြိုနိုင်တဲ့ 7 July
**********************************

၁၉၂ဝ တွင် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ် အစိုးရကို အန်တုခဲ့ကြသူ များမှာ ရန်ကုန် တက္ကသိုလ်ကျောင်း သားများ ဖြစ်သည်။ ထိုသို့ အန်တုခဲ့ရာမှ မြန်မာ့ လွတ် လပ် ရေး ရခဲ့ပြီး မြန်မာနိုင်ငံ သမိုင်းတွင် ကျောင်းသားထု ၏ အခန်း ကဏ္ဍမှာ အလွန် ကြီးမား၏။ ထို့ကြောင့် ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီက ရန်ကုန် တက္ကသိုလ်ကျောင်းသား များကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရာ မှ စတင်ခဲ့သော မြန်မာ ပညာတတ် ကျောင်းသား လူငယ်များနှင့် စစ်ယူနီ ဖောင်းဝတ် သူများ အ ကြား ဖြစ်ပွားသော ပဋိပက္ခမှာ ဆယ်စုနှစ် အဆက်ဆက် တစ်ငွေ့ငွေ့ တစ်ရှိန်ရှိန် ဆက်လက်တည် ရှိနေတုန်းပင် ဖြစ်သည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီသမဂ္ဂအစည်းအဝေး ခန်းမ၌ ကျောင်းသား များကို ဖိနှိပ်ချုပ် ချယ်သော စည်းကမ်း အမျိုးမျိုးအား ကန့် ကွက်ကြောင်း ကျောင်းသားထု အ စည်းအဝေးက ကြေညာခဲ့ပြီး ယခင် တက္ကသိုလ် အက်ဥပဒေများကို ရုပ် သိမ်းခြင်း ကိုလည်း ကန့်ကွက်ခဲ့ ကြ သည်။ နောက် တစ်နေ့ မနက် မိုးမလင်းခင် ဝေလီဝေလင်း အချိန်တွင် စစ်တပ်က ကျောင်းသား သမဂ္ဂ အဆောက်အအုံကြီး ကို ဒိုင်းနမိုက်ဖြင့် ဖြိုချ ဖျက်ဆီးခဲ့သည်။

”အဲ့ဒီ အချိန်တုန်းက စစ်တပ်က အာဏာ သိမ်းပြီးခါစ ဖြစ်တယ်။ တက္ကသိုလ်က စဖွင့်ခါစ ဖြစ်တယ်။ အ နယ်နယ် က ကျောင်းသားတွေ က ကျောင်းတက် ဖို့ လာရောက် ကြတယ်။ အဆောင်နေဖို့ စာရင်းကို ကြည့်နေ ကြတယ်။ တော်လှန်ရေး ကောင်စီက ပြဋ္ဌာန်းတဲ့ စည်းကမ်းတွေ ဆိုတာက လည်း တကယ်တမ်းကျ ဘာမှကို မ ဟုတ်တာ။ မီးပေးတဲ့ အချိန် ရေပေးတဲ့ အချိန်လျှော့တာမျိုး ညဘက် အဆောင် ဝင်တဲ့အချိန် ကန့်သတ်တာမျိုး သာမန် အားဖြင့် ကျောင်းသား ဆိုတာက တော် ရုံတန်ရုံ ဘာမှ ပြောကြတာ မဟုတ်ဘူး လေ။ အဆောင် တစ်ဆောင်မှာ ကျောင်း သားက ၃ဝဝ လောက် ရှိတယ်။ မန္တလေး အဆောင်မှာ ဥက္ကဋ္ဌ လုပ်နေတဲ့ အချိန်မှာ သိပ် ထူး ထူးခြားခြား ပြောရလောက် အောင် ဘာမှမရှိဘူး။ ဗိုလ်နေဝင်းက ကျောင်းသားတွေကို သက်သက်မဲ့ ဖိနှိပ်ချင် တာလည်း ပါလိမ့်မယ်။ သူ အာဏာ ရလာတဲ့ အချိန်မှာ တက္ကသိုလ် ကျောင်းသားတွေကို ထိန်း မရတာလည်း ပါလိမ့်မယ် ထင်တယ်။ အဲ့ဒီမှာ ကျောင်းဆောင် စည်းကမ်း ၂၂ ချက်ကို ဇွန်လ ၁ ရက်နေ့မှာ စကြေညာ ခဲ့တယ်”ဟု 7 July မတိုင်ခင် ရန်ကုန်တက္ကသိုလ် အတွင်း ကျောင်းသားများ၏ အခြေအနေနှင့် ပတ်သက်ပြီး ကျောင်သား သမဂ္ဂ ခေါင်း ဆောင် ဦးလှရွှေက ပြောပြသည်။

ထိုအချိန်သည် ၁၉၆၂ခုနှစ် မတ် လ ၂ ရက် တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီး ၄ လအကြာ တွင်ဖြစ် သည်။ ယင်းအာဏာ သိမ်းမှုတွင် သမ္မတ ကြီး စဝ်ရွှေသိုက်၏ အသက် ၁၇ နှစ် အရွယ် သား တစ်ဦးကို ခုခံ သည်ဟုဆို ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပစ်ခတ်၍ သေဆုံးရသည်မှ အပ သွေးမြေမကျ သော အာဏာ သိမ်းမှုဟု ဗိုလ်ချုပ်နေ ဝင်းက ဂုဏ်ယူခဲ့သည်။

”ဇူလိုင်လ ၇ ရက်နေ့ ကျောင်းသား ထု အစည်းအဝေးပြီး မွန်းလွဲ ၂ နာရီ လောက်မှာ ကျောင်းသား သမဂ္ဂ အ ဆောက်အအုံနောက် သထုံဆောင်ဘက် မှာ ကားသုံးစီး ပိတ်ရပ်ထားတယ်။ အ ရှေ့ဘက် မန္တလေးဆောင် မှာလည်း ကား တွေပိတ်ထားတယ်။ ပြီးတော့ သီး သန့်ရဲတွေ SB တွေက ကျောင်းသားတွေ ကို ရှေ့နောက် ပိတ်ဖမ်း ကြ တယ်။ တ ကယ်တော့ အဲ့ဒီအချိန်မှာ ကျောင်းသား တွေအများကြီး ရှိပေမယ့် စင်ပေါ်တက် တဲ့ကျောင်းသားတွေ ကို မှတ်ထားပြီး ဖမ်း သွားကြတယ်။ ကိုသက်တို့၊ ကိုဥာဏ်ဝင်း တို့၊ ကိုဘဆွေလေးတို့ အဖမ်းခံခဲ့ရတယ်။ သမဂ္ဂ ခေါင်းဆောင်တွေကို ဖမ်းနေပြီ ဆိုတဲ့ သတင်းက ကျောင်းထဲမှာ ပျံ့နှံ့ သွားတယ်။ အဆောင်တိုင်းမှာ သမဂ္ဂ ခေါင်းဆောင်တွေ ရှိကြတော့ သူတို့ကို ရှောင်ကြ တိမ်းကြဖို့ လိုက်ပြောကြတယ်။ 7 July ဖြစ်တဲ့အချိန်မှာ ပါမောက္ခချုပ် က ဦးကာပါ။ သူ့ခြံထဲကနေ ပြေးပြီး အဆောင်တွေ ကို ကူးခဲ့ကြရတယ်။ ည နေ ၄ နာရီလောက်မှာ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို တပ်က ဝိုင်း ထားပြီး တက္ကသိုလ် ရိပ်သာလမ်း တစ်ခု လုံးကိုလည်း လုံခြုံရေး ယူထားတယ်။ ညနေ ၅ နာရီလောက်မှာ ထင်တယ်။ တပ်က စပစ်ကြ ခတ်ကြ ဖြစ်ကုန်တာ။ အဓိပတိလမ်း က တံခါးမှာ ကျောင်းသား တွေ က ကျောင်းထဲ မှာ တစ်ဖက် စစ်သား တွေက လမ်းမဘက်မှာ တစ်ဖက် ဖြစ် နေတယ်။ ညဘက်ထိ ကို တောက်လျှောက် ပစ်ခတ်နေတယ် လို့ အဆောင်နေ ကျောင်း သားတွေပြော သံတော့ ကြားတယ်။ ည ကျမှအဓိပတိလမ်း အတိုင်းတပ်က ဝင်လာ ပြီး မီးရောင်တွေ့တဲ့ နေရာတွေကို သေ နတ်နဲ့ ပစ်တယ်။ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၃ နာခွဲ ၄ နာရီလောက် မှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မိုင်းခွဲ ဖျက်ဆီးခဲ့တယ်” ဟု ဦးလှရွှေက ဆက်လက် ရှင်းပြသည်။

 တော်လှန်ရေး ကောင်စီက ၁၉၆၂ ခုနှစ် မတ်လ အာဏာ သိမ်းပြီး ၂ လခန့် အကြာတွင် ရန်ကုန်တက္ကသိုလ် ကျောင်း သားများ နေထိုင်ရာ အိပ်ဆောင်များ အတွင်း ဗကသ ယူဂျီများရောက်ရှိနေ သည်ဟုဆိုကာ တပ်မတော် ခေါင်း ဆောင် အချို့်က ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ကို သူပုန် စခန်းကြီးဟု မျက်မုန်းကြိုး နေ ချိန်လည်း ဖြစ်သည်ဟု ယခုလထုတ် မဂ္ဂဇင်းတစ်ခု အပါ ဦးနေဝင်း၏ မိသားစုဝင် များအား တွေ့ဆုံမေးမြန်းထားမှု အပေါ် အခြေခံ ၍ ရေးသား ထား သည့် ဆောင်းပါးရှင် ဝေဠု၏ ”အမြင်တူခြင်း၊ အမြင်မတူခြင်း များကြားက ဗိုလ်ချုပ် ကြီးနေဝင်း”ဆောင်းပါးတွင် ဖော်ပြထား သည်။

၎င်းဆောင်းပါးတွင် ကျောင်းသား သမဂ္ဂဖြိုခွင်းခြင်း ကိစ္စနှင့် ပတ်သက်၍ ဆက်လက် ဖော်ပြထားသည်မှာ တော်လှန်ရေး ကောင်စီဝင် (နောင်တွင် ပြည် ထဲရေး တာဝန်ခံဖြစ် သွားသူ) ဗိုလ်မှူးကြီး ကျော်စိုးက ”ကဲ .. ကျောင်းသား သမဂ္ဂကတော့ သူပုန် စခန်းကြီးဖြစ်ပြီ၊ အေဒီလမ်း ကလာတဲ့ အမိန့် အရတော့ ရီကွိုင်း လက် သေနတ်နဲ့ ပစ်ပြီးဖမ်းရ မယ်” ဟု ပြောလိုက်သည်။

ရန်ကုန်မြို့ကို တာဝန် ယူထားသော အမြှောက်တပ်မှ ဗိုလ်မှူးကြီး လှမြင့်က ”ရီကွိုင်းလက်နဲ့ တော့ဟုတ်ပါပြီ။ ကျည် ဆန်ကျော်ပြီး ထွက်သွားရင် အဓိပတိ လမ်း တစ်ခြမ်း မှာရှိတဲ့ လူတွေကို သွားမှန် နိုင်တယ်။ တခြားနည်းနဲ့ ဘယ်လိုလုပ် ရမလဲ”ဟု ပြန်တင်ပြရာ ဗိုလ်မှူးကြီး ကျော်စိုးက ရီကွိုင်းလက် ကို အသုံးပြုပြီး အဆောက်အအုံ ကိုဖြိုချဖို့ ပြန်ပြောသည်။ ဗိုလ်မှူးကြီးလှမြင့်က ရီကွိုင်း လက်သုံး ပြီး ဖြိုချခိုင်းတယ် ဆိုရင်တော့ မဖြစ် နိုင်ဘူး။ (ရီကွိုင်းလက် သေနတ်ဆို သည်မှာ ဒုတိယ ကမ္ဘာစစ် အတွင်း က တင့်ကားဖျက်ရာတွင် အသုံးပြုသော လက်နက်ဖြစ်သည်) ရီကွိုင်း လက်က အဆောက်အအုံ ဖြိုတဲ့သေနတ် မဟုတ် ဘူး။ တကယ် ဖြိုချချင် ရင်တော့ ရီကွိုင်း လက်ကို သုံးရမှာမဟုတ်ဘူး။ ဒိုင်းနမိုက်နဲ့ ယမ်းဘီလူးကို သုံးမှ ဖြိုချလို့ ရမယ်ဟု ထပ်တင် ပြပြန်သည်။ နောက်ဆုံး ဗိုလ်မှူးကြီးကျော်စိုး က ခင်ဗျား စစ်သား မဟုတ် ဘူးလား။ စစ်သား ဆိုရင် အမိန့် အတိုင်းပဲ လုပ်ဟု ပြောသည့်အတွက် ဗိုလ်မှူးကြီး လှမြင့်က ထွက်ခွာသွားတော့ သည်။ ဤသို့ဖြင့် နံနက်မိုး မလင်းခင် ဝေ လီ ဝေလင်း အချိန်တွင် ကျောင်းသား သမဂ္ဂအဆောက် အအုံကြီးမှာ ဖြိုချဖျက် ဆီးခြင်း ခံခဲ့ရသည်။

 ကျောင်းသား သမဂ္ဂခေါင်းဆောင် ဦးလှရွှေက ဆက်လက်ပြောပြရာတွင် ကျောင်းသား သမဂ္ဂအဆောက်အအုံ မိုင်းခွဲ ဖျက်ဆီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ည ၇ နာရီ ၌ မြန်မာ့ အသံရေ ဒီယိုမှ အသံလွှင့်သော အခါ ယခုဖြစ် ပျက်သော ကိစ္စသည် ကျောင်းသားကိစ္စ တစ်ခုတည်း သာမက နိုင်ငံရေး အမှောင့် ပယောဂ များ ဖမ်းစားသည် ကို ရိပ်စားမိ ကြောင်း၊ ၄င်းတို့၏ အလုပ်အား ပျက် ကွက်ရန် တမင် လုပ်နေကြလျှင် နောက် ထပ်မည်သည် ကိုမျှ ထပ်မပြောလို ကြောင်း၊ ဓား ဓားချင်း၊ လှံ လှံချင်း ရင်ဆိုင် ရန်သာ ရှိတော့ကြောင်း ဗိုလ်နေ ဝင်းက စိန်ခေါ်ခဲ့သည် ဟု ဆိုသည်။

သို့သော် အမြင်တူခြင်း အမြင်မတူ ခြင်းများကြားက ဆောင်းပါးတွင်မူ ”ထိုအသံကြီး (သမဂ္ဂ အဆောက်အအုံ ဖြိုချသံ)ကို အေဒီလမ်း နေအိမ်ရှိ ဗိုလ် ချုပ်နေဝင်း ကြားသည့် အတွက် တာ ဝန်ခံ ကိုယ်ရေး အရာရှိ ဗိုလ်မှူးကြီး အေးကျော်ကို ဖုန်းဆက် မေးခိုင်းသည်။ ထိုအခါကျမှ ကျောင်းသား သမဂ္ဂ အ ဆောက်အအုံ ဖြိုချခံ လိုက်ရ သည်ကို သိရှိ သွားတော့သည်။ ခြုံကြည့် လိုက် သောအခါ ယမ်းဘီးလူး ပညာရှင် ဗိုလ် မှူးကြီး လှမြင့်သည် ရီကွိုင်း လက်သေ နတ်ဖြင့် အသုံးပြုရန် အေဒီလမ်းက အမိန့် လာ သည်ဟု ကြားသိလိုက် ကတည်းက အဆောက်အအုံ ကို ဖြိုချဖို့ပြောတာ မ ဟုတ်ကြောင်း ကောင်းကောင်း ရိပ်မိ သည်။

သို့သော် ဗိုလ်မှူးကြီး ကျော်စိုးက ဗိုလ်ချုပ်အောင်ကြီး ထံမှ ဖြိုဖျက်ခွင့်ရ ထားပြီးလည်း ဖြစ်နေပြန်သည်။ ယခု လိုအချိန် တွင် နဂိုကတည်း က ဖျက်ပစ် ရန် လက် ယားနေသော အသံလွှင့်ရုံမှ တပ်မတော် ခေါင်းဆောင်များက ရီကွိုင်း လက်သေနတ် အစား ယမ်းဘီလူးဖြင့် အစားထိုး ဖြိုခွဲရန် ဆုံးဖြတ် လိုက်ကြ တော့သည်။ အ မှန်တော့ ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းတွင် ယူဂျီများဝင် ရောက်နေခြင်းကို ရှင်းလင်းရန် မှာ အား လုံးအငြင်း မပွားသောကိစ္စ ဖြစ်သည်။ အဆောက်အအုံ ဖျက်ပစ်ခြင်း ကိုသာ ဗိုလ်ချုပ်ကြီး နေဝင်းက မလုပ်လိုခြင်း ဖြစ်သည်။ ဖျက်ပြီးသည့် နောက်တွင် တော့ တစ်ယောက်ကို တစ်ယောက် အပစ် ပုံချ မနေတော့ဘဲ အဖွဲ့အ စည်းဖြင့် ဆက်လက် တာဝန်ယူသွားကြရန် ဆုံး ဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

သခင်နု၊ သခင်အောင်ဆန်း၊ ဦးသန့် စသည့် ကျောင်းသားခေါင်း ဆောင်များ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုး ရကို ဆန့်ကျင်၍ ရဲရဲတောက် မိန့်ခွန်း များပြောခဲ့ ရာ ကျောင်းသား သမဂ္ဂ အ ဆောက် အအုံသည် တော်လှန်ရေး ကောင်စီ လက်ထက် ၁၉၆၂ခုနှစ် ဇူလိုင် လ ၈ ရက်နေ့တွင် နိဋ္ဌိတံခဲ့ရပါသည်။

”ကျောင်းသား ဦးရေဘယ်လောက် ထိသေခဲ့တယ် ဆိုတာကို အခုချိန်ထိ မ ပြောနိုင်သေးဘူး။ ကျောင်းသား ခေါင်း ဆောင်တွေ အဖမ်းခံ ရတယ်။ ကျောင်း သားတွေသေ ကုန်ပြီဆိုတဲ့ သတင်းရ တယ်။ ကျောင်းသားတွေ ဘယ်လောက် သေနေတယ် ဆိုတာ မသိနိုင်ဘူးလေ။ တပ်က ညပိုင်း လူမမြင်တော့မှ အ လောင်းကောက် တယ်လို့ ထင် တယ်။ နောက်တစ်နေ့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်သိန်းက သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါ ဆေးရုံကို အ လောင်း ၁၁ လောင်း ရောက်လာတယ်။ ကျန် တာကတော့ ဒဏ်ရာရ ကျောင်းသား ၈၆ ယောက် ရောက်လာတယ် လို့ ပြော တယ်”ဟု ဦးလှရွှေက ပြောသည်။

၁၉၆၃ ခုနှစ် ဇူလိုင်လ တက္ကသိုလ် များ ပြန်ဖွင့်ချိန်တွင် ကျောင်းသား သမဂ္ဂ အဆောက် အအုံနေရာ၌ ယာယီ တဲဖြင့် ကျောင်းသား များက ကျောင်း သားသမဂ္ဂ ပြန်လည် တည်ဆောက် ခဲ့ ကြသည်။ ဗိုလ်အောင်ကျော် ကျောက် တိုင်နှင့် အတူ အလျား ၇၇ လက်မ အနံ ၆၂ လက်မရှိ ကျောင်းသား သမဂ္ဂ အ ထိမ်းအမှတ် ကျောက်တိုင် တစ်ခုပြု လုပ် ခဲ့ရာ ဖွင့်ပွဲ၌ ဆရာကြီး သခင်ကိုယ် တော်မှိုင်းက ”ဤအဆောက်အအုံ ကို သာ ဖြိုလို့ရမယ်။ အမောင်တို့ ရင်ထဲက သမဂ္ဂ စိတ်ဓာတ် ကိုတော့ ဘယ်သူမှ ဖြို လို့မရ ပါဘူး” ဟု ပြောကြားခဲ့သည်။

ထွဋ်မြတ်

ပြည်သတင်းလူငယ်(ပြည်သတင်း)


0 comments:

Post a Comment

Facebook Like Page